မြန်မာနိုင်ငံကူးလက်မှတ် Online Booking ယာယီရပ်ဆိုင်း


04 December, 2022

မြန်မာနိုင်ငံကူးလက်မှတ် Online Booking ယာယီရပ်ဆိုင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး(ရန်ကုန်) မြန်မာနိုင်ငံကူးလက်မှတ် Online Booking ယာယီရပ်ဆိုင်းကြောင်း အသိပေးကြေညာထားပါသည်။


နိုင်ငံကူးလက်မှတ် လျှောက်ထားသူများထံ အသိပေးကြေညာချက် (၄-၁၂-၂၀၂၂)

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (ရန်ကုန်)သို့ နိုင်ငံ ကူးလက်မှတ်လျှောက်ထားခြင်း အတွက် Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူ လျှောက်ထားခြင်းအား ၂၁-၃-၂၀၂၂ ရက်တွင် စတင် အသုံးပြုခဲ့ပါသည်။ ယခုအခါ ရက်ချိန်းရယူလိုသူများ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ (24/7) လွယ်ကူစွာလျှောက်ထားနိုင်ရန် အတွက် Online Booking စနစ်အား ပြင်ဆင်ရေးဆွဲလျက်ရှိပါသည်။

ယခုအသုံးပြုလျက်ရှိသော Online Booking စနစ်ဟောင်းမှ ရက်ချိန်းပေးခြင်းကို ၅-၁၂-၂၀၂၃ ရက်နေ့မှစတင်၍ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ စနစ်ဟောင်းမှ QR Code ဖြင့် ရက်ချိန်းရယူထားပြီး သူများ အနေဖြင့် မိမိတို့ရက်ချိန်း ရရှိထားသည့် နေ့ရက်များတွင် ရုံး တွင်းသို့ ဆက်လက် အသုံးပြုဝင် ရောက်နိုင်ပါသည်။

သို့ဖြစ်၍ နိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူများ အနေဖြင့် ပွဲစားများမှတစ်ဆင့် ရက်ချိန်းဝင် ရောက်ခွင့် QR Code များ မတန်တဆ ဈေးဖြင့်ဝယ်ယူခြင်း၊ အခြားသူ၏ QR Code အား လက်လွှဲအသုံးပြုနိုင်ရန် ကြိုးပမ်း ခြင်းများမပြုလုပ်ကြရန်နှင့် Online Booking စနစ်သစ် စတင်အသုံးပြု နိုင်မည့်ရက်အား ထပ်မံကြေညာ ပေးသွားပါမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ 

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Local News Read 981 times