မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)  Online Booking စနစ် ပြောင်းလဲကျင့်သုံးမည်


13 March, 2022

မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)  Online Booking စနစ် ပြောင်းလဲကျင့်သုံးမည်

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ Online Booking စနစ် ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်းအသိပေးကြေညာထားပါသည်။

  • ၂၁-၃-၂၀၂၂ရက်မှစ၍ Online Booking စနစ်ဖြင့်ရက်ချိန်းရယူပြီးမှသာ ရုံးတွင်းသို့ ဝင်ရောက်လျှောက်ထား နိုင်သည့်စနစ်အား ပြောင်းလဲကျင့်သုံးသွားမည်
  • ၁၄-၃-၂၀၂၂ရက်မှစ၍ Online Booking  တင်နိုင်မည်


အဆိုပါ ကြေညာချက် အပြည့်အစုံကို ဖော်ပြအပ်ပါသည်။


ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ Online Booking စနစ် ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်းအသိပေးကြေညာချက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူ ၂,၅၀၀ဦးခန့်အား နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ် လျှောက်ထား သူများအနေဖြင့် အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းရခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ အန္တရာယ် စိုးရိမ်ရခြင်းများ လျော့နည်းလာစေရန်အတွက် ၂၁-၃-၂၀၂၂ရက်မှစ၍ Online Booking စနစ်ဖြင့်ရက်ချိန်းရယူပြီးမှသာ ရုံးတွင်းသို့ ဝင်ရောက်လျှောက်ထား နိုင်သည့်စနစ်အား ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ပါသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများအနေဖြင့် ၁၄-၃-၂၀၂၂ရက်မှစ၍

www.passport.gov.mm.website 

တွင် လျှောက်ထားသူတစ်ဦးချင်း၏ အမည်၊ အဘအမည်၊ မွေးနေ့၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ကျား/မ စသည့် အချက် အလက်များအား website တွင် မှန်ကန်စွာဖြည့်သွင်း၍ Online Booking ရက်ချိန်းရယူနိုင်ကြပြီဖြစ်ပါသည်။ Online Booking ပြုလုပ်သူ၏ e.mail သို့ပေးပို့ထား သည့် Passport Online Appointment Letter အား Printထုတ်၍သော်လည်းကောင်း၊ မိုဘိုင်းဖုန်းတွင် QRကုဒ်ပါရှိသည့် Screen အားသိမ်းဆည်း၍သော်လည်းကောင်း ရက်ချိန်းရယူထားသည့် မှတ်တမ်းအား ယူဆောင်လာပြီးမှသာ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)သို့ လာရောက်လျှောက်ထားရမည်ဖြစ်ပါသည်။ Online Booking စနစ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များအား

www. passport.gov.mm.website

တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 
ရန်ကုန်မြို့ 
ဖုန်း-၀၁-၅၄၆၆၂၄

ဝင်ရောက်ကြည့်ရှုလိုပါက အောက်ဖော်ပြပါ လင့်ကို ထိပါ

https://www.passport.gov.mm/

Local News Read 14531 times