မြန်မာကျပ်ငွေနှင့် ရုရှားရူဘယ်အကြား တိုက်ရိုက်ပေးချေနိုင်သော ရုရှားငွေပေးချေမှုစနစ် MIR Payment Syst


15 September, 2023

မြန်မာကျပ်ငွေနှင့် ရုရှားရူဘယ်အကြား တိုက်ရိုက်ပေးချေနိုင်သော ရုရှားငွေပေးချေမှုစနစ် MIR Payment System ကတ် အသုံးပြုရေးနှင့်စပ်လျဉ်းသည့် မေးခွန်းနှင့်အဖြေများ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

မေးခွန်း။ MIR Payment System ကတ် အသုံးပြုနိုင်ရေးနဲ့ပတ်သက်လို့ နောက်ဆုံး အခြေအနေကို သိပါရစေခင်ဗျာ။

အဖြေ။ MIR Card System နှင့်စပ်လျဉ်း၍ မြန်မာငွေပေးချေမှုအဖွဲ့ (MPU) မှ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး၊ MPU နှင့် ရုရှားနိုင်ငံ၏ National Payment Cards System (NSPK) of: Non-Disclosure Agreement (NDA)အား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့်အပြင် နားလည်မှုစာချွန်လွှာကိုလည်း လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ပါသည်။

MPU နှင့် MIR တို့အကြား Network ချိတ်ဆက်မှုများ ဆောင်ရွက်ပြီးစီးပြီးဖြစ် ပါကြောင်းနှင့် Host to Host Connectivity Testing များ ပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်လျက်ရှိပါသည်။

မေးခွန်း။ MIR Payment System ကတ် အသုံးပြုနိုင်ပြီဆိုရင် ဘယ်လိုအားသာချက်၊ အားနည်းချက်တွေရော ရှိနိုင်မလဲခင်ဗျာ။ (ဥပမာ- ရုရှားနဲ့ပေါင်းလို့ ဆန်ရှင်တွေ ထပ်လာဦးမလားပေါ့)

အဖြေ။ MIR Payment System ကတ် အသုံးပြုမှုနှင့်စပ်လျဉ်းသည့် အားသာချက်မှာ - အမေရိကန်ဒေါ်လာအသုံးပြုမှုအပေါ် မှီခိုအားထားမှုများလျော့နည်းလာစေ မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ငွေပေးချေရာတွင် လွယ်ကူ လျင်မြန်စွာပေးချေနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ငွေပေးချေမှုရပ် ဝန်းပိုမိုကျယ်ပြန့်စေရေးအတွက် ယွမ်-ကျပ်၊ ဘတ်-ကျပ်၊ ရူပီး-ကျပ် တိုက်ရိုက် ပေးချေနိုင်ရေး ဆောင်ရွက်ထားပြီး ယခုအခါ ရုရှားနိုင်ငံနှင့် ရူဘယ်-ကျပ် ပေး ချေနိုင်ရေးဆက်လက်ဆောင်ရွက်ခြင်းသာဖြစ်ပါသည်။

မေးခွန်း။  ပြည်တွင်းဘဏ် ၆ ခုက အမည်လည်း သိပါရစေခင်ဗျာ။

အဖြေ။ ပြည်တွင်းရှိ မည်သည့် ဘဏ်ကမဆို ပေးချေမှုဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိ ပါသည်။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 597 times