အင်ဒိုနီးရှား အစိုးရ တန်ဖိုးနည်း ဟင်းချက်ဆီ Minyakita ဖြန့်ဖြူးရေး အစီအစဉ်အသစ် ကြေညာ


12 July, 2022

အင်ဒိုနီးရှား အစိုးရ တန်ဖိုးနည်း ဟင်းချက်ဆီ Minyakita ဖြန့်ဖြူးရေး အစီအစဉ်အသစ် ကြေညာ


အင်ဒိုနီးရှား အစိုးရက ထောက်ပံ့ပေးထားလို့ ဈေးသက်သာနေတဲ့ ဈေးနှုန်းများဖြင့် ရောင်းချမယ့် ဟင်းချက်ဆီ ထုပ်ပိုးကုန် အသစ်ကို စတင်လိုက်ပြီ ဖြစ်ကြောင်း၊ အစီအစဉ်တွင် ပါဝင်ဖို့ သဘောတူတဲ့ စားအုန်းဆီထုတ်လုပ်သူများအတွက် မက်လုံးပေးထားကြောင်း  ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က ပြောကြားပါတယ်။

ဟင်းချက်ဆီထုပ်များကို Minyakita ကုန်အမှတ်တံဆိပ်ဖြင့် ရောင်းချပေးမှာ ဖြစ်ပြီး ရိုးရိုးရှင်းရှင်း ထုပ်ပိုးထားတဲ့ ၁ လီတာထုပ်များဖြင့် ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်။ ရောင်းဈေးကို တစ်ထုပ်ကို ရူပီယာ ၁၄,၀၀၀ (၁ အမေရိကန်ဒေါ်လာနီးပါး)  သတ်မှတ်ထားပါတယ်။ 

 အစိုးရကို Minyakita ဆီထုပ်များ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေးတို့ကို ပါဝင်ကူညီလုပ်ကိုင်ပေးတဲ့ စားအုန်းဆီထုတ်လုပ်သူများကို ၎င်းကူညီတဲ့ ပမာဏရဲ့  ၂၀ % နှင့် ညီမျှသော စားအုန်းဆီကြမ်း ပမာဏကို ပြည်ပတင်ပို့ခွင့် ရရှိမှာ ဖြစ်ပါတယ်။ 
ဥပမာအားဖြင့် စားအုန်းဆီထုတ်လုပ်သူ တစ်ဦးက စားဆီ တန်ချိန် ၇,၀၀၀ ကို Minyakita ဆီထုပ်များအတွက် ရောင်းချပေးပြီး ပါဝင်ကူညီတယ်ဆိုရင် စားအုန်းဆီကြမ်း တန်ချိန် ၄,၈၀၀ စားအုန်းဆီကြမ်း CPO ကို ပြည်ပတင်ပို့ဖို့ ပို့ကုန်ပါမစ် ရရှိမယ်လို့ Zulkifli က ပြောကြားပါတယ်။ 

အစိုးရက Minyakita  ကို  trade mark  မှတ်ပုံတင်ထားပြီး ပုဂ္ဂလိက ကုမ္ပဏီများကို အစီအစဉ်မှာ ပါဝင်လုပ်ကိုင်ကြဖို့ တိုက်တွန်းနေပါတယ်။ 
အစီအစဉ်မှာ သက်တမ်း ၄ နှစ် ပါဝင်ရမှာ ဖြစ်ပြီး လိုအပ်ပါက သက်တမ်းထပ်တိုးနိုင်ပါတယ်။ 
#MyanmarIndustriesGuide
https://t.me/Guid4U
Source: jakartaglobe
 

Export, Import Agriculture & Livestock Read 4324 times