ဂျပန် ပထမဆုံး ကာစီနို MGM Resorts International က ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည်


06 May, 2023

ဂျပန် ပထမဆုံး ကာစီနို MGM Resorts International က လုပ်ကိုင်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အိုဆာကာ ပင်လယ်အော်ရှိ မြေဖို့ပြီး တည်ဆောက်ထားသည့် ကျွန်းတု Yumeshima တွင် ဂျပန်နိုင်ငံ၏ ပထမဆုံး ကာစီနိုလောင်းကစားရုံကို ဖွင့်လှစ်မည်။

ကျွန်းတု Yumeshima

 

ဂျပန်နိုင်ငံ၏ ပထမဆုံး ကာစီနို ဖွင့်လှစ်ရန် ဂျပန်အစိုးရက ဧပြီလ ၁၄ ရက်တွင် အတည်ပြုပေးခဲ့သည်။
ကာစီနိုဖွင့်လှစ်မည့် ကျွန်းတု Yumeshima ပေါ်မှ  အကျယ်အဝန်း ၄၉၂,၀၀၀ စတုရန်းမီတာ ရှိသည့် စီမံကိန်း ဧရိယာတွငါ ကာစီနို၊ ကွန်ဖရင့်စင်တာ၊ ပြပွဲခန်းမ၊ ဟိုတယ်နှင့် ပြဇာတ်ရုံတို့ကို တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၉ ခုနှစ်တွင် ဖွင့်လှစ်မည်။
တစ်နှစ်လျှင် ဧည့်သည်ဦးရေ သန်း ၂၀ လာမည်ဟု မျှော်မှန်းထားပြီး ဝင်ငွေ ယန်း ၅၂၀ ဘီလီယံ(ကန်ဒေါ်လာ ၃.၉ ဘီလီယံ) ရရှိရန် မျှော်လင့်ထားသည်။ 
 
အာရှမှ မကာအိုနှင့် စင်ကာပူတို့မှ ကာစီနိုများသည် အဓိကအားဖြင့် တရုတ်နိုင်ငံသားများကို အားပြုထားကြသည်။ ကိုဗစ်ကာလ ဝင်ငွေ ကျဆင်းခဲ့ကြီး ယခုအခါ ပြန်နာလန်ထလာပြီ ဖြစ်သော်လည်း ကိုဗစ်အကြိုကာလ ရေချိန်ကို ပြန်မရသေးပါ။ 

စင်ကာပူမှ ကာစီနို Resorts World Sentosa ကို လုပ်ကိုင်သည့် Genting Singapore သည် ၂၀၂၂ တွင် အသားတင်အမြတ် ကန်ဒေါ်လာ ၂၅၇ သန်း ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်ထက် ၈၆% ပိုများခဲ့သည်။ အဆိုးဝါးဆုံးကာလကို လွန်မြောက်ခဲ့ပြီဖြစ်သော်လည်း ကိုဗစ်အကြိုကာလ ရေချိန်၏ ထက်ဝက်ကို မမီသေးပါ။ ယခင်ရေချိန် ပြန်ရောက်ရန်မှာ တရုတ်ခရီးသွားများ လာရောက်မှုအပေါ် များစွာ မူတည်နေသည်။ 

အိုဆာကာ ကာစီနိုသည် တရုတ်ခရီးသွားများထက် ပြည်တွင်းမှ လောင်းကစားသူများဖြင့် ရပ်တည်ရန် မျှော်မှန်းထားသည်။ ပထမ ၃ နှစ်တွင် ပြည်တွင်းမှ လောင်းကစားသူများ ၇၀% ခန့် ပါဝင်ရန် မျှော်မှန်းထားသည်။ 

Yumeshima ကျွန်းတု မူလ အစီအစဉ်မှာ ၂၀၀၈ အိုလံပစ်အတွက် အားကစားရွာ ထားရှိရန် ဖြစ်သည်။ သို့သော် အိုလံပစ်ပွဲတွင် ကျွန်းတု ပါဝင်ခွင့် မရခဲ့ချေ။ 

ဂျပန်ပြည်သူလူထုအများစု၏ ကန့်ကွက်မှုကြောင့် ယခင်က ဂျပန်တွင် ကာစီနိုလောင်းကစားရုံများ မရှိခဲ့ပေ။ တရားဝင်လောင်းကစားခြင်း ဖြစ်သော်လည်း အကျင့်ပျက်ခြစားမှုများအတွက် လမ်းခင်းပြီး မိသားစုများအတွက် ငွေကြေးဆိုင်ရာ ဒုက္ခများ ဖန်တီးပေးမည်ဟု ရှုမြင်ကြသည်။ 
ကာစီနိုကို လိုလားသော နိုင်ငံရေးသမားများက မှန်ကန်စွာ စည်းမျဥ်းများ ချမှတ်ထားသော လောင်းကစားများသည် ခရီးသွားလုပ်ငန်းပုံစံဖြင့် စီးပွားရေး လှုပ်ရှားထက်သန်မှုများကို ဆောင်ကြဉ်းလာနိုင်ကြောင်း ပြောကြားကြသည်။

ဂျပန်နိုင်ငံ၏ ပထမဆုံးကာစီနိုကို လုပ်ကိုင်ရန် အမေရိကန်နိုင်ငံမှ
Las Vegas Sands
Wynn Resorts
Caesars Entertainment
တို့ အားလုံးက စိတ်မဝင်စားကြချေ။

အမေရိကန်မှ ကမ္ဘာလုံးဆိုင်ရာ ဧည့်ဝတ်ပြုမှုနှင့် ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုဖြစ်သည့် MGM Resorts International က အိုဆာကာ ကာစီနိုတွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။

MGM သည် ဂျပန်ပြည်တွင်းလုပ်ငန်း Orix နှင့်အတူ အစုရှယ်ယာ ၄၀% စီ အသီးသီးထည့်ဝင်ပြီး စီမံကိန်းကို အကောင်အထည်ဖော်ရန် စုစုပေါင်း ကန်ဒေါ်လာ ၈.၁ ဘီလီယံ သုံးစွဲမည်ဟု ကတိပြုထားသည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 237 times