မော်တော်ကားလုပ်ငန်းကြီး LVMC Holdings  လက်လီဈေးကွက်သို့ ဝင်ရောက်လုပ်ကိုင်


26 June, 2023

မော်တော်ကားလုပ်ငန်းကြီး LVMC Holdings  လက်လီဈေးကွက်သို့ ဝင်ရောက်လုပ်ကိုင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


LVMC Holdings Co. ၏ ဥက္ကဋ္ဌ Oh Se-young သည် မြန်မာနိုင်ငံမှ ရွှေဒယ်ဟန်မော်တော်(စ်) ကုမ္ပဏီလီမိတက် အပါအဝင်  ကန်ဒေါ်လာ ၁.၆ ဘီလီယံ စီးပွားရေးလုပ်ငန်းစုတွင် လက်လီရောင်းချခြင်းကို ထည့်သွင်းလိုက်ပြီး စိန်ခေါ်မှုအသစ်တစ်ခုကို စတင်ဆောင်ရွက်နေပါသည်။

“အပိုင်းအကန့်မျှသာ မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနှင့် ဆက်သွယ်နိုင်သော စီးပွားရေးလုပ်ငန်းမျိုး တစ်ခုခုကို COVID-19 ကပ်ရောဂါကာလအတွင်းမှာ ကျွန်တော် လုပ်ချင်စိတ် ပေါက်ခဲ့ပါတယ်။  လူအများအတွက် ကျွန်တော် ရှာတွေ့ခဲ့တဲ့ လုပ်ငန်းအမျိုးအစားက ကုန်စုံဆိုင် လုပ်ငန်း ဖြစ်ပါတယ်" ဟု Oh က ပြောကြားသည်။

LVMC သည် ၂၀၁၈ ခုနှစ်မှာ လာအို မှာ KOLAO ဟု လူသိများသော ကုမ္ပဏီတစ်ခုဖြစ်သည်။  
ကုမ္ပဏီအမည်ကို LVMC သို့ ပြောင်းခဲ့သည်။ Laos, Vietnam, Myanmar, Cambodia တို့ကို ရည်ညွှန်းသည်။ 

LVMC သည် လာအိုတွင် အခြေစိုက်ပြီး ဗီယက်နမ်၊ မြန်မာနှင့် ကမ္ဘောဒီးယားတို့တွင် မော်တော်ယာဥ်၊ ဘဏ္ဍာရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့တွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိသည်။

LVMC ၏ ပရောဂျက်အသစ်မှာ Kok Kok Mart ဖြစ်သည်။ “Kok Kok” သည် တဒေါက်ဒေါက် တံခါးခေါက်သံကို ရည်ညွှန်းသည်။  ဆိုလိုသည်မှာ မည်သူမဆို ကုန်စုံဆိုင် တံခါးကို အလွယ်တကူ ခေါက်ပြီး ဆိုင်ထဲ ဝင်ဝယ်နိုင်သည်။

လာအိုနိုင်ငံ၏ E-Mart ဖြစ်လာရန် ရည်စူးထားသော Kok Kok Mart သည် ၎င်း၏ ပထမဆုံးစတိုးဆိုင်ကို နိုဝင်ဘာလတွင် ဗီယင်ကျန်းမြို့‌တော်၌ ဖွင့်လှစ်ခဲ့သည်။ နောက်ထပ် ဆိုင်အသစ်များ တိုးချဲ့ ဖွင့်လှစ်သွားမည် ဖြစ်သည်။ လာအိုတွင် ဆိုင်ပေါင်း ၂၀ ခုအထိ  ဖွင့်လှစ်ရန် လျာထားသည်။ 
Kok Kok Mart လက်လီအ‌ရောင်းဆိုင်များအပြင် လာအို နိုင်ငံတစ်လွားမှ စိုက်ပျိုးရေး ထုတ်ကုန်များ လက်ကားရောင်းချသည့် လက်ကားအရောင်းလုပ်ငန်းကိုလည်း လုပ်ကိုင်ဖို့ အစီအစဉ် ရှိသည်။
တောင်ကိုရီးယား လုပ်ငန်းရှင် Oh Se-young သည် ကိုရီးယားစတိုင်လ် ကုန်စုံစတိုးဆိုင်များ ဖွင့်လှစ်လျက်ရှိသည်။ ပထမဆုံး Kok Kok ကုန်စုံစတိုးဆိုင်ကို ဇူလိုင်လတွင် ဗီယင်ကျန်းတွင် ဖွင့်လှစ်မည်ဖြစ်သည်။ သူ့  ရည်မှန်းချက်မှာ လာမည့်နှစ်တွင် လာအိုတစ်ဝှမ်း Kok Kok ကုန်စုံစတိုးဆိုင်ပေါင်း ၁,၅၀၀ ကျော် ရှိရန်ဖြစ်သည်။


Oh Se-young, ဥက္ကဋ္ဌ LVMC Holdings Co.


တောင်ကိုရီးယားမှ KakaoTalk ကို လာအိုဗားရှင်းဖြင့် Kok Kok Chat ကိုလည်း LVMC က မကြာသေးခင်က စတင်ခဲ့သည်။
Kok Kok Chat သည် Chat ရန်အတွက်သာမက ဈေးဝယ်နိုင်သည်။ ငွေပေးငွေယူ လုပ်နိုင်သည်။ Kok Kok Mart နှင့် Kok Kok ကုန်စုံစတိုးတို့အတွက် Kok Kok Chat သည် တွဲလုံး ဖြစ်သည်။
Kok Kok Chat ဖြင့် အွန်လိုင်းဈေးဝယ်သည်ကို Kok Kok ကုန်စုံစတိုးက အိမ်တိုင်ရာရောက် ပစ္စည်းပို့ပေးမည် ဖြစ်သည်။
Kok Kok Mart နှင့် Kok Kok Convenience Store တို့သည် အော့ဖ်လိုင်းအရောင်းနှင့် အွန်လိုင်းအရောင်းတို့ကို အပြိုင်ပြုပြှီး ဝန်ဆောင်မှု ပေးအပ်မည် ဖြစ်သည်။

 "ကျွန်တော်တို့က Indochina Bank ကိုလည်း လုပ်ကိုင်ပါတယ်။  ဘဏ်ကို လူကိုယ်တိုင် လာစရာမလိုဘဲ  Kok Kok Chat မှတစ်ဆင့် 
  ငွေကြေးဝန်ဆောင်မှုများကို တိုးချဲ့ဆောင်ရွက်သွားပါမယ်" ဟု Oh က ပြောကြားသည်။

 Indochina Bank သည် LVMC Holdings လက်အောက်ခံ လုပ်ငန်းတစ်ခု ဖြစ်သည်။ လာအိုတွင် အကြီးဆုံး ပုဂ္ဂခိကဘဏ် ဖြစ်သည်။ ဘဏ်ခွဲ ၂၄ ခု ဖွင့်လှစ်ထားသည်။
 
  Kok Kok Mart သည် ယခုနှစ်အတွင်း အိမ်နီးချင်း ကမ္ဘောဒီးယားသို့ ဝင်ရောက်မည်ဖြစ်သည် ။ဗီယက်နမ်နှင့် မြန်မာနိုင်ငံသို့ ချဲ့ထွင်ရန်လည်း လုပ်ဆောင်နေသည်။

Oh သည် ၁၉၉၇ ခုနှစ်တွင် လာအိုသို့ ကန်ဒေါ်လာ ၃,၀၀၀ ဖြင့် ပြောင်းရွှေ့ခဲ့သည်။
သူ့၏ ပထမဆုံးလုပ်ငန်းမှာ တောင်ကိုရီးယားမှ တစ်ပတ်ရစ်ကားများကို လာအိုသို့ တင်သွင်းပြီး ရောင်းချခြင်း ဖြစ်သည်။ နောင်တစ်ချိန်တွင် LVMC Holdings ကို တည်ဆောက်ရန်အတွက် ပထမဆုံး ချသည့် အုတ်မြစ်ဖြစ်သည်။
LVMC သည် လာအိုတွင် အကြီးဆုံး ကားလုပ်ငန်း ဖြစ်လာသည်။ လာအိုရဲ့ Samsung ဟု တင်စား ပြောဆိုကြသည်။ ယမန်နှစ်က ဝင်ငွေ ကန်ဒေါ်လာ ၁.၆ ဘီလီယံ ရရှိသည်။ မော်တော်ကား၊ ဘဏ္ဍာရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့သည် အဓိက လုပ်ငန်းကဏ္ဍများဖြစ်သည်။ ဝင်ငွေ၏ ၂၀% ဝန်းကျင်ကို လာအို အစိုးရထံ အခွန်ဆောင်သည်။

 Oh သည် LVMC Holdings တွင် ရှယ်ယာ ၂၈.၆၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး လက်ရှိတွင် အကြီးဆုံးရှယ်ယာရှင်ဖြစ်သည်။
Source pulsenews
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 465 times