ဗီယက်နမ် ဓာတ်အားပြဿနာ LNG ဖြင့် ဖြေရှင်း


21 July, 2023

ဗီယက်နမ် ဓာတ်အားပြဿနာ LNG ဖြင့် ဖြေရှင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ဗီယက်နမ်သည် ဓာတ်အား မလုံလောက်သည့် ပြဿနာကို သဘာဝဓာတ်ငွေ့ရည်  liquefied natural gas LNG ကို ပြည်ပမှ ဝယ်ယူဖြည့်တင်းပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဖြင့် ဖြေရှင်းရန် အစီအစဉ် ရေးဆွဲထားသည်။

ဗီယက်နမ်သည် ပထမဆုံးသော သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုကို ယခုလတွင် လက်ခံရရှိခဲ့ပြီး ဓာတ်အားဆာလောင်မှုကို ဖြေရှင်းဖို့ မှတ်တိုင်တစ်ခု စိုက်ထူလိုက်သည်။
သို့သော် ကျော်လွှားပေးရမည့် အမျိုးမျိုးသော အဟန့်အတားများ ရှိနေသည်။ ကာလရှည်ကြာ လျှပ်စစ်ဓာတ်အား မလုံ‌မလောက်ဖြစ်နေသည်ကို သဘာဝဓာတ်ငွေ့ဖြင့် ဖြေရှင်းရာ၌ ပြေလည်ဖို့ နှစ်အတန်ကြာဦးမည် ဖြစ်သည်။

ဈေးနှုန်းအပေါ် သဘောတူညီမှု မရခြင်း၊ စက်ရုံ ဆောက်လုပ်ရာ၌ နှောင့်နှေးကြန့်ကြာနေခြင်း၊ ဓာတ်ငွေ့ ဝယ်ယူရန် နှစ်ရှည်ကန်ထရိုက်စာချုပ် မရှိခြင်းတို့သည် အဟန့်အတားများ ဖြစ်သည်။


ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိရေး အရေးတကြီး လိုအပ်နေသည်။ တရုတ်ပြည်မှ ဗီယက်နမ်သို့ ကုန်ထုတ်လုပ်ငန်းများ ပြောင်းရွှေ့လာကြသည့် ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဓာတ်အား အမြဲမပြတ် အလုံအလောက် ရရှိရေးသည် အရေးကြီးသည်။ လတ်တလောတွင် ဗီယက်နမ်မှာ မီးအပျက် ကြမ်းနေသည့်အတွက် စိုးရိမ်စရာ ဖြစ်နေသည်။

ဗီယက်နမ်နိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်းမှ ဇွန်လစစ်တမ်းတွင် စီးပွားရေးလုပ်ငန်း ထက်ဝက်သည် လျှပ်စစ်ဓာတ်အားအကျပ်အတည်းကြောင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို ထိခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အချို့က အခြားရွေးချယ်စရာနိုင်ငံကို ရှာဖွေသည်။ အချို့က  စက်ရုံများတည်‌ဆောက်ရန်အတွက် အသုံးစရိတ်ကို ခေတ္တဆိုင်းငံ့ထားကြသည်။

ဗီယက်နမ်သည် ပတ်ဝန်းကျင် ထိခိုက်သည့် ကျောက်မီးသွေးအစား ဓာတ်ငွေ့ကို သုံးစွဲရန် ရည်ရွယ်ချက် ထားရှိသည်။ LNG အစီအစဉ်များ အကောင်အထည် မဖော်နိုင်ပါက ၎င်းရည်ရွယ်ချက် အထမြောက်တော့မည် မဟုတ်ချေ။

၂၀၃၀ ခုနှစ်အထိ ဓာတ်အား လိုအပ်ချက် နှစ်စဉ် ၆% တိုးမည်ဟု ခန့်မှန်းထားသည်။
ဗီယက်နမ်သည် မေလတွင် ကန်ဒေါ်လာ ၁၃၅ ဘီလီယံ လျှပ်စစ်ဓာတ်အား လမ်းပြမြေပုံကို ထုတ်ဖော်ပြသခဲ့သည်။
၎င်းအစီအစဉ်အရ ၂၀၃၀ ခုနှစ်တွင် ပြည်ပမှ တင်သွင်းသည့် LNG ဖြင့် လည်ပတ်မည့်  ဓာတ်အားပေး စက်ရုံ ၁၃ ရုံ ရှိနေမည် ဖြစ်သည်။
ထိုင်းနှင့် စင်ကာပူတို့သည် LNG ဖြင့် ဓာတ်အား ထုတ်လုပ်ကြသည့်နည်းတူ ဗီယက်နမ်ကလည်း LNG ကို စတင်သုံးစွဲခြင်း ဖြစ်သည်။ 

ပထမဆုံးအကြိမ် ပင်လယ်ရေကြောင်းဖြင့် တင်သွင်းသည့် LNG သည် ဇူလိုင်လဆန်းတွင် စတင် ရောက်ရှိလာသည်။ အင်မတန် အေး‌နေအောင် စီမံထားသောဓာတ်ငွေ့ရည်ကို ဟိုချီမင်းစီတီး အနီးရှိ Thi Vai ဆိပ်ခံအသစ်မှတစ်ဆင့် နိုင်ငံပိုင်လုပ်ငန်း PetroVietnam Gas  (PV Gas) က လက်ခံရယူသည်။ ထို့နောက် ငွေ့ရည်အဖြစ်မှ ဓာတ်ငွေ့အဖြစ်သို့ ပြောင်းလဲသည်။

ဗီယက်နမ်သည် ၂၀၃၀ ခုနှစ်သို့ ရောက်သည့်အခါ  LNG ဖြင့် ဓာတ်အား ၂၂.၄ ဂစ်ဂါဝပ် (GW) အထိ ထုတ်လုပ်ရန် ရည်မှန်းထားသည်။ အိမ်ခြေ သန်း ၂၀ ကို ဓာတ်အား ပေးနိုင်မည် ဖြစ်သည်။ နိုင်ငံတွင်း ဓာတ်အားသုံးစွဲမှု၏ ၁၅% ကို ဖြည့်တင်းပေးမည်။
သို့သော် Oslo အခြေစိုက် Rystad Energy မှ ခွဲခြမ်းစိတ်ဖြာသူ Kaushal Ramesh က လက်တွေ့ကျသော မျှော်လင့်ချက်မှာ 5 GW သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

LNG ဖြင့် ဓာတ်အားထုတ်ရန် ကြိုးပမ်းမှုတွင် လွဲချော်နေသည့်အချက်မှာ နိုင်ငံတောင်ပိုင်းအတွက် ဖြစ်နေသည်။ လက်ရှိတွင် မီးအပျက်ကြမ်းနေသည်မှာ မြောက်ပိုင်း ဖြစ်နေသည်။

ပြည်ပမှ တင်သွင်းသည့် သဘာဝဓာတ်ငွေ့ဖြင့် လောင်စာပေးမည့် ပထမဆုံး မြောက်ပိုင်း ဓာတ်အားစက်ရုံကို ၂၀၂၇ ခုနှစ် ဒုတိယနှစ်ဝက်ကျမှ လုပ်ငန်းစတင်ရန် စီစဉ်ထားသည်ဟု ဂျပန်ကုမ္ပဏီ Tokyo Gas က ပြောသည်။

ပထမဆုံး သဘာဝဓာတ်ငွေ့ ဓာတ်အားစက်ရုံ Nhon Trach 3 ကို နိုင်ငံပိုင်လုပ်ငန်း PetroVietnam Power (PV Power) က ဟိုချီမင်းစ‌ီတီးအနီးတွင် တည်ဆောက်သည်။ ၂၀၂၄ အနှောင်းပိုင်းတွင် စတင်လည်ပတ်ရန် ရည်မှန်းထားသော်လည်း လက်‌ေတွ့တွင် ၂၀၂၆ သို့မဟုတ် ၂၀၂၇ ကျမှ လည်ပတ်နိုင်လိမ့်မည်။

ကာလရှည်စာချုပ်များ မရှိခြင်း၊ ရန်ပုံငွေနှင့် ပါမစ်များဆိုင်ရာ ပြဿနာများကြောင့် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

အဓိကအခက်အခဲမှာ PV Power သည် ပြည်ပမှ တင်သွင်းသည့် ဓာတ်ငွေ့ဖြင့် လည်ပတ်သော ဓာတ်အားစက်ရုံများမှ လျှပ်စစ်ဓာတ်အားဝယ်ယူမှု ပမာဏနှင့် ဈေးနှုန်းများအတွက် ဂရစ်အော်ပရေတာ EVN နှင့် သဘောတူညီမှု မရသေးချေ။ တင်သွင်းသည့် ဓာတ်ငွေ့သည် ပြည်တွင်းထွက် ဓာတ်ငွေ့ထက် ၅၀% ပိုဈေးကြီးနေသည်။

 PV Power သည်   သဘာဝဓာတ်ငွေ့သုံး ထုတ်လုပ်သော ဓာတ်အား၏ အနည်းဆုံး ၈၀% မှ ၉၀% ကို EVN သို့ နှစ်ပေါင်း ၂၀ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချလိုပါသည်။ EVN ထိုမျှအထိ များများစားစား ယူရန် ကတိကဝတ် မပြုလိုချေ။

စက်ရုံတည်ဆောက်လုပ်ကိုင်မည့်သူများသည် ဓာတ်အားဝယ်ယူသုံးစွဲရန် EVN နှင့် စာချုပ်ချုပ်ဆိုရန် အစိုးရက အာမခံချက် ပေးစေလိုသည်။ ထိုသို့ အာမခံချက် မရှိပါက ရင်းနှီးမြှုပ်နှံသူများက ရင်းနှီးမြှုပ်နှံမည် မဟုတ်ဟု ပြောကြားကြသည်။

‌ကမ်းလွန်လေအားလျှပ်စစ်ကဏ္ဍတွင်လည်း EVN က ဈေးနှုန်းအမြင့်ကို မပေးသဖြင့် ထုတ်လုပ်သူများ လျော့ကျနေသည်။ 

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 350 times