ကာတာနှင့် တရုတ် LNG အရောင်းအဝယ် ၂၇ နှစ် စာချုပ် ချုပ်ဆို


22 November, 2022

ကာတာနှင့် တရုတ် LNG အရောင်းအဝယ် ၂၇ နှစ် စာချုပ် ချုပ်ဆို

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ကာတာသည် တရုတ်နှင့် ၂၇ နှစ် သက်တမ်းရှိ  LNG  အရောင်းအဝယ်စာချုပ်ကို  ချုပ်ဆိုခဲ့သည်။
.
QatarEnergy စီအီးအိုနှင့် ကာတာစွမ်းအင်ဝန်ကြီး Saad al-Kaabi တို့သည် ကာတာနိုင်ငံ ဒိုဟာမြို့တွင် တရုတ်နိုင်ငံပိုင် စွမ်းအင်လုပ်ငန်း Sinopec နှင့် လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
.
QatarEnergy သည် တရုတ်နိုင်ငံ Sinopec ကို သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG)  ရောင်းချရန် ၂၇ နှစ် သက်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
 မတည်ငြိမ်သော  LNG စျေးကွက်သည် ဝယ်ယူသူကို ရေရှည်သဘောတူညီချက်များ ရယူစေသည့် သာဓက ဖြစ်သည်။
 ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် LNG ဖူလုံစွာ ရရှိရေး အတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာသည်။
အထူးသဖြင့် ဥရောပသည်  LNG တင်သွင်းမှု၏ ၄၀ ရာခိုင်နှုန်းနီးပါးအား  ရုရှားဓာတ်ငွေ့ပိုက်လိုင်းဖြင့် ရယူနေသည်ကို အစားထိုးရန် LNG ပမာဏများစွာ လိုအပ်နေပါသည်။
.
"ယနေ့ဟာ North Field East ပရောဂျက်အတွက် ပထမဆုံး အရောင်းအဝယ် သဘောတူညီချက် sales and purchase agreement (SPA) ဖြစ်ပြီး အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ စာချုပ်အရ တရုတ်နိုင်ငံမှ Sinopec အတွက် ၂၇ နှစ်တာအတွင်း  LNG တန်ချိန် ၄ သန်း အရောင်းအဝယ်ပြုကြရန် သဘောတူညီချက် ဖြစ်ပါတယ်"ဟု QatarEnergy အကြီးအကဲ Saad al-Kaabi က ပြောကြားသည်။
 "ရေရှည် အရောင်းအဝယ်ပြုရန် သဘောတူညီချက်ဟာ  ရောင်းသူနှင့် ဝယ်သူအတွက် အရေးပါပါတယ်" ဟု ၎င်းက ပြောကြားသည်။
LNG ကဏ္ဍအတွက် သဘောတူစာချုပ်တစ်ကြိမ်တည်းဖြင့် အရောင်းအဝယ်ပြုတဲ့ ပမာဏ အကြီးမားဆုံး ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ 
.
North Field သည် ကာတာနှင့် အီရန်တို့တွင် တည်ရှိသော ကမ္ဘာ့အကြီးမားဆုံး ဓာတ်ငွေ့သိုက်ကြီး ဖြစ်ပါသည်။
QatarEnergy  သည် North Field East စီမံကိန်းကို အဆင့်နှစ်ဆင့်ဖြင့် အကောင်အထည်ဖော်လျက်ရှိရာ အကြီးဆုံးနှင့် ပထမဆုံး အဆင့်တွင်  North Field  တိုးချဲ့မည် ဖြစ်သည်။ သဘာဝဓာတ်ငွေ့ကို ငွေ့ရည်အဖြစ်သို့ ပြောင်းလဲပေးမည့် စက်ရုံ ၆ ခု တည်ဆောက်မည်ဖြစ်ပြီး တစ်နှစ်လျှင် ဓာတ်ငွေ့ရည် တန်ချိန် ၁၂၆ သန်းအထိ ၂၀၁၇ ခုနှစ်တွင် ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။ 
North Field South (NFS) စီမံကိန်းဖြင့်လည်း တိုးချဲ့လျက် ရှိသည်။ 
တရုတ်နိုင်ငံနှင့် ချုပ်ဆိုသော စာချုပ်သည် North Field East အဖို့ ပထမဆုံး အရောင်းအဝယ်စာချုပ် ဖြစ်သည်။ 

.
ကာတာသည် ယခုအခါ ကမ္ဘာ့ထိပ်တန်း LNG  တင်ပို့သူ ဖြစ်ပြီး North Field  စီမံကိန်းဖြင့် တိုးချဲ့သည်အတွက်ကြောင့် ထိပ်တန်းနေရာ ပိုခိုင်မာသွားသည်။ ထို့ပြင် နှစ်ရှည်ကြာ တင်ပို့နိုင်ရန် အာမခံချက် ပေးနိုင်စေသည်။  

ဓာတ််ငွေ့ရည် ရောင်းဈေးသည် ရေနံစိမ်းဈေးအပေါ် မူတည်ထားသည်။ ဓာတ်ငွေ့ရည်ကို ဝယ်ယူသည့်နိုင်ငံအရောက် ပို့ပေးမည် ဖြစ်ရာ ပို့ဆောင်ခပါ ထည့်တွက်မည် ဖြစ်သည်။ 

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 235 times