ထိုင်းနိုင်ငံတွင် ဓာတ်အားထုတ်ရန် ပုဂ္ဂလိကလုပ်ငန်းကို LNG တင်သွင်းရန် ခွင့်ပြု 


20 March, 2022

ထိုင်းနိုင်ငံတွင် ဓာတ်အားထုတ်ရန် ပုဂ္ဂလိကလုပ်ငန်းကို LNG တင်သွင်းရန် ခွင့်ပြု 

ထိုင်းနိုင်ငံမှာ B.Grimm Power Plc (BGRIM)က သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) တင်သွင်းခွင့် ပထမဆုံး ရရှိတဲ့ ပုဂ္ဂလိက လုပ်ငန်း ဖြစ်ပါတယ်။
နိုင်ငံပိုင်လုပ်ငန်းစုကြီး PTT Plc က Rayong ဆိပ်ကမ်းမှာ တည်ရှိတဲ့ LNG လက်ခံရေးစခန်းနှင့် ငွေ့ရည်မှ ဓာတ်ငွေ့ ပြောင်းလဲရေးစခန်းတို့ကို B.Grimm Power Plc သုံးစွဲဖို့ သဘောတူ ခွင့်ပြုခဲ့ပါတယ်။
B.Grimm ရဲ့လက်အောက်ခံလုပ်ငန်း B.Grimm LNG က အကောင်အထည်ဖော် လုပ်ကိုင်ပါတယ်။

၂၀၂၀ မှာ Energy Regulatory Commission (ERC) က LNG တင်သွင်းဖို့ ကုမ္ပဏီ ၇ ခုကို အတည်ပြု ခွင့်ပြုခဲ့တာမှာ B.Grimm LNG လည်း ပါဝင်ပါတယ်။
ယခင်က  LNG တင်သွင်းခြင်း၊ ပို့ဆောင်ခြင်းတို့ကို နိုင်ငံပိုင်လုပ်ငန်း PTT က လက်ဝါးကြီးအုပ်ထားပြီး ပုဂ္ဂလိကလုပ်ငန်းများ လုပ်ကိုင်ခွင့် မရရှိခဲ့ပါ။

၂၀၂၀ မှာ B.Grimm LNG က တစ်နှစ်လျှင် LNG တန် ၆၅၀,၀၀၀ တင်သွင်းခွင့် ရပြီး လျှပ်စစ်ဓာတ်အား စက်ရုံတွေမှာ သုံးစွဲဖို့အတွက် အသေးစား ဓာတ်အား ထုတ်လုပ်သူများ small power producer (SPP) အစီအစဉ်အရ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

SPPဓာတ်အားစက်ရုံတွေက ပုဂ္ဂလိက ဝယ်ယူမှုများကို အရောင်းအဝယ် သဘောတူစာချုပ် ချုပ်ဆိုပြီး ဓာတ်အား ရောင်းချကြပါတယ်။ ထုတ်လုပ်မှုရဲ့ အချို့အဝက်ကို နိုင်ငံမဟာဓာတ်အားလိုင်းသို့ ပေးရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာ B.Grimm LNG က တစ်နှစ်လျှင် LNG တန် ၅၅၀,၀၀၀ တင်သွင်းဖို့ နောက်ထပ်သွင်းကုန်လိုင်စင် ထပ်မံရရှိခဲ့ပါတယ်။ BGRIM ပိုင်ဆိုင် လုပ်ကိုင်နေတဲ့ ဓာတ်အားစက်ရုံ ၁၈ ခုအတွက် ဖြစ်ပါတယ်။ 

Export, Import Global News Read 1817 times