အပှုလှိုင်းကြောင့် ထိုင်းဈေးကွက် LG လေအေးပေးစက် ရောင်းအားတက် 


03 May, 2023

အပှုလှိုင်းကြောင့် ထိုင်းဈေးကွက် LG လေအေးပေးစက် ရောင်းအားတက် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းဈေးကွက်တွင် LG လေအေးပေးစက်  ဖြန့်ဖြူးရောင်းချသညမ့ LG Electronics (Thailand) Co သည် ပူပြင်းသော အပူဒဏ်ကြောင့် လေအေးပေးစက်များ ရောင်းအား တဟုန်ထိုး တက်လာပြီးနောက် ၎င်း၏ မားကက်တင်း မဟာဗျူဟာများကို ပြန်လည်ပြင်ဆင်ခဲ့သည်။
ကုမ္ပဏီ၏အကြီးတန်းစျေးကွက်ရှာဖွေရေးမန်နေဂျာ Amnaj Singhachan က LG သည် ယခုနှစ်အတွင်း လေအေးပေးစက်များအတွက် အရောင်းလျာထားချက်များကို ပူပြင်းသောရာသီဥတုကြောင့် လေအေးပေးစက်များ မကြုံစဖူး လိုအပ်ချက်ကြောင့် နှစ်ကြိမ်ပြန်လည်ပြင်ဆင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
 ဖြစ်သည်။
 ဇန်နဝါရီလတွင် ဝယ်လုိအား ၁၀% မြင့်တက်ခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီနှင့် မတ်လတွင် ၁၅% မြင့်တက်သည်။ 
ဧပြီလတွင် LG လေအေးပေးစက်များ ရောင်းအား ၇၀-၈၀% ပိုများခဲ့သည်။ 

ထိုင်းနိုင်ငံ လေအေးပေးစက်ဈေးကွက်သည် ၂၀၂၃ ခုနှစ်တွင် ၅၀% ကြီးထွားမည်ဟု ခန့်မှန်းထားသည်။ နှစ်အတန်ကြာအတွင်း ကြီးထွားနှုန်း အမြင့်ဆုံး ဖြစ်သည်။

"လေအေးပေးစက်တွေအတွက် အရောင်းရဆုံးကာလက ပုံမှန်အားဖြင့် ဖေဖော်ဝါရီလနဲ့ မတ်လ၊ ဒါပေမဲ့ဒီနှစ်မှာတော့ ဧပြီလအထိ သိသိသာသာ ဝယ်လိုအား ရှိနေပါသေးတယ်။ ပူပြင်းတဲ့ရာသီတစ်လျှောက်လုံး အလုံးရေ ၃၀,၀၀၀ ရောင်းချဖို့ ရည်မှန်းထားပါတယ်" ဟု Mr Amnaj မှ ပြောကြားခဲ့သည်။
အထူးသဖြင့် မြေက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် ရာသီဥတု ပူပြင်းသည်က တစ်ကြောင်း၊ လေထုညစ်ညမ်းပြှီး မီးခိုးမှိုင်းများကြောင့် တစ်ကြောင်းတို့ကြောင့် လေအေးပေးစက်များ အဝယ်လိုက်နေသည်။
လေသန့်စင်ပေးသည့် လုပ်ဆောင်ချက်ပါသော လေအေးပေးစက်များ ဝယ်လိုအား တိုးနေသည်ဟု Mr Amnaj က ပြောကြားသည်။ 
ထို့အပြင် ပတ္တရားအပါအဝင် အရှေ့ပိုင်းဒေသတွင် ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာခြင်းကြောင့် ၀ယ်လိုအား မြင့်တက်လာကြောင်း ၎င်းက ဆိုသည်။

'ဝင်ငွေအဆင့်အားလုံးမှာ ယခုနှစ်မှာ ကျွန်တော်တို့ရဲ့ လေအေးပေးစက်တွေ ရောင်းအားကောင်းကြပါတယ်" ဟု Mr Amnaj က ပြောကြားသည်။

LG Thailand သည် ထိုင်းဈေးကွက်တွင် လေအေးပေးစက်များ ၂၀၁၉ ခုနှစ်တွင် ဘတ် ၂၃ ဘီလီယံဖိုး ရောင်းချခဲ့သည်။  ၂၀၂၀ ခုနှစ်တွင် ရောင်းအား ဘတ် ၂၀.၉ သန်းသို့ ကျဆင်းခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ဘတ် ၂၀.၆ သန်းသို့  ကျဆင်းခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ဘတ် ၁၉.၇ သန်းသို့ ကျဆင်းခဲ့သည်။ 

ယခုနှစ်တွင် ရောင်းအား ပြန်မြင့်တက်မည်ဟု မျှော်မှန်းထားသည်။ အချိန်ပိုင်း အလုပ်ခန့်ထားသည့် အရောင်းကိုယ်စားလှယ်တို့ကို ယခင်က မေလကုန်အထိသာ ထားရှိသော်လည်း ယခုနှစ်တွင် ဇွန်လကုန်အထိ တစ်လတိုးပြီး ထားရှိမည် ဖြစ်သည်။ 

Source Bangkokpost
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 377 times