ဗီယက်နမ် ချေးငွေလုပ်ငန်း ဒေါ်လာ ၁ ဘီလီယံဖြင့် ထိုင်း KBank ဝယ်ယူရန် ဆွေးနွေး


23 August, 2023

ဗီယက်နမ် ချေးငွေလုပ်ငန်း ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ထိုင်း KBank ဝယ်ယူရန် ဆွေးနွေး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံးဘဏ် Kasikornbank (KBank) သည် စားသုံးသူ ဘဏ္ဍာရေး ဝန်ဆောင်မှုပေးသည့် Home Credit Vietnam ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ပေးပြီး ဝယ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်။ KBank က ဗီယက်နမ်တွင် ချဲ့ထွင်နေသည့် အစီအစဉ်ကို ခရီးရောက်စေမည် ဖြစ်သည်။

ဘန်ကောက်အခြေစိုက် ငွေချေးသည့်ဘဏ် KBank သည်  ၂၀၂၈ ခုနှစ်တွင် ပိုင်ဆိုင်မှုအရ ဗီယက်နမ်၏ ထိပ်တန်းဘဏ် ၂၀ စာရင်းဝင်သည့်  ဘဏ် ဖြစ်လာရန် မျှော်မှန်းထားသည်။

ထိုင်းနိုင်ငံတွင် KBank သည် ဒုတိယနေရာတွင် ရပ်တည်နေသည်။ ပိုင်ဆိုင်မှု စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၁၁၉.၇ ဘီလီယံ ရှိသည်။ ပထမနေရာတွင် Bangkok Bank ရပ်တည်နေသည်။

အကယ်၍ KBank က Home Credit Vietnam ကို  ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ဝယ်ယူဖြစ်လျှင် ဗီယက်နမ်ငွေကြေးကဏ္ဍတွင် ဒုတိယအကြီးဆုံး ဝယ်ယူမှု ဖြစ်လာမည်။
လက်ရှိတွင် အကြီးမားဆုံး ဝယ်ယူမှုမှာ Vietnam Prosperity Joint Stock Commercial Bank က ဂျပန်မှ Sumitomo Mitsui ကို မတ်လတွင် ရှယ်ယာများ ကန်ဒေါ်လာ ၁.၅ ဘီလီယံဖိုး ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

KBank သည် လက်ရှိတွင် အသေးစားလက်လီစတိုးဆိုင်များအတွက် ချေးငွေ ဝန်ဆောင်မှုဖြစ်သည့် KBank Biz Loan ကို ဆောင်ရွက်လျက်ရှိသည်။
 
ဗီယက်နမ်တွင် လူဦးရေ သန်း ၁၀၀ ကျော် နေထိုင်သည်။ လူဦးရေ၏ ၆၉% ကျော်တွင် ဘဏ်စာရင်း မရှိကြသေးပါ။ ထို့ပြင် အလုပ်လုပ်သည့်အရွယ် လူဦးရေ ကြီးထွားနှုန်း မြင့်မားနေသည်။ သို့ဖြစ်ရာ ချဲ့ထွင်ရန် ရေခံ‌ေြမခံ ကောင်းနေသည်။ 
ဇွန်လတွင် KBank သည် အဓိက အရင်းအနှီး ပမာဏကို ကန်ဒေါ်လာ သန်း ၈၀ မှ ၂၈၅ သို့ တိုးမြှင့်ရန် ဗီယက်နမ်ဗဟိုဘဏ်ထံမှ အတည်ပြု ခွင့်ပြုချက် ရရှိခဲ့သည်။ သို့ဖြစ်ရာ ဗီယက်နမ်တွင် ဒုတိယအကြီးဆုံး နိုင်ငံခြားဘဏ် ဖြစ်လာသည်။

၂၀၂၇ ခုနှစ်တွင် သုံးစွဲသူဦးရေ ၈.၄ သန်းအပေါ် အခြေပြုပြီး ချေးငွေ ကန်ဒေါ်လာ ၅.၁၃ ဘီလီယံဖြင့် အသားတင်ဝင်ငွေ ကန်ဒေါ်လာ သန်း ၄၀၀ ရရှိရန် ရည်မှန်းချက် ချမှတ်ထားသည်။


Home Credit Vietnamသည် နယ်သာလန်အခြေစိုက် ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်း Home Credit Group ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။
Home Credit Group ကို Czech Republic ၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု အုပ်စု PPF မှ ထိန်းချုပ်ထားသည်။
PPF ကို ကွယ်လွန်သူ ဘီလျံနာ Petr Kellner က ထူထောင်ခဲ့သည်။

Home Credit Vietnamသည် ဗီယက်နမ်တွင် ၂၀၀၈ ခုနှစ်မှာ လုပ်ငန်းစတင်လည်ပတ်ခဲ့သည်။ ဝန်ထမ်းဦးရေ ၆,၀၀၀ ဝန်းကျင် ရှိသည်။ သုံးစွဲသူ ၁၂ သန်း ရှိသည်။
ငွေသားချေးငွေများအပြင် ကုမ္ပဏီသည် မော်တော်ဆိုင်ကယ်နှင့် တာရှည်ခံပစ္စည်းများကို ဝယ်ယူရန်အတွက် အရစ်ကျချေးငွေများ ထုတ်ချေးပေးပါသည်။ ဌာနခွဲ ၉,၀၀၀ ထားရှိသည်။

လက်ရှိတွင် ဗီယက်နမ်ဘဏ်များသည် စီးပွားရေးနှေးကွေးမှုနှင့် အိမ်ခြံမြေကဏ္ဍတွင် ကြာရှည်မတည်ငြိမ်မှုများကြောင့် ချေးငွေ ဆုံးရှုံးမှုများ ကြုံနေရသည်။ အတိုးနှုန်းများ လျှော့ချပေးနေရသည်။

Source bangkokpost 
 

Banking & Loan Read 354 times