ဂျပန် Kao  ကလေးသုံး ဒိုင်ပါ ထုတ်လုပ်မှု တရုတ်ဈေးကွက်မှ ဆုတ်ခွာ


13 August, 2023

ဂျပန် Kao  ကလေးသုံး ဒိုင်ပါ ထုတ်လုပ်မှု တရုတ်ဈေးကွက်မှ ဆုတ်ခွာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

ဂျပန်မှ တစ်ကိုယ်ရေသုံး လူသုံးကုန် ထုတ်လုပ်သည့် လုပ်ငန်းစု Kao သည် တရုတ်နိုင်ငံတွင် တစ်ခါသုံးဒိုင်ပါများ ထုတ်လုပ်မှုကို ဩဂုတ်လ ၄ ရက်တွင် ရပ်ဆိုင်းလိုက်ကြောင်း ကုမ္ပဏီက ပြောကြားသည်။ တရုတ်ပြည်တွင်းဖြစ် ဒိုင်ပါများက ဈေးကွက်ဝေစုများ ရယူထားကြသဖြင့် ရပ်ဆိုင်းလိုက်ရခြင်း ဖြစ်သည်။

 
အန်းဟွေးပြည်နယ်၊ ဟီဖိုင် ရှိ Merries အမှတ်တံဆိပ် ဒိုင်ပါစက်ရုံတွင် ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့သည်။ Kao သည် Merries ဒိုင်ပါကို ဂျပန်နိုင်ငံမှာ ထုတ်လုပ်ပြီး တရုတ်သို့တင်ပို့ကာ တရုတ်ဈေးကွက်တွင် ဆက်လက်ရောင်းချမည် ဖြစ်သည်။


၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်တွင် ၎င်းဟီဖိုင်စက်ရုံမှာ  လူ ၈၉ ဦးကို အလုပ်ခန့်ထားပြီး ၎င်းတို့အတွက် ခံစားခွင့်များကို ပေးအပ်ရန် ဒေသခံ အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်သည်။

Kao သည် ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံ၌ တစ်ခါသုံး ဒိုင်ပါများကို စတင်ရောင်းချခဲ့သည်။ ဟီဖိုင်တွင် ထုတ်လုပ်မှု ၂၀၁၂ တွင် စတင်ခဲ့သည်။ Merries ဒိုင်ပါကို လူကြိုက်များခဲ့သည်။
သို့သော် တရုတ်ဒိုင်ပါများက ဈေးကွက်ဝေစုများ ပိုမိုရရှိလာခဲ့ကြသည်။ 
Kao ၏ တရုတ်ဈေးကွက်ဝေစုသည် တစ်ချိန်က ၁၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုအခါ ဝေစု မရှိသလောက် ဖြစ်သွားသည်။

တရုတ်ပြည်တွင် တစ်ခါသုံး ဒိုင်ပါဈေးကွက် ကြီးထွားနေသည်။ ၂၀၂၂ တွင် ယွမ် ၄၅.၂ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၆ တွင် ယွမ် ၆၃.၅ ဘီလီယံ (ကန်ဒေါ်လာ ၈.၈၅ ဘီလီယံ) အထိ ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။
တရုတ်ပြည်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသော်လည်း ကလေးသုံး တစ်ခါသုံး ဒိုင်ပါ အသုံးပြုမှု ပိုများလာနေသည်။

တရုတ် brands များ၏ ဈေးကွက်ဝေစုသည် ၂၀၁၇ တွင် ၂၀% ခန့် ရှိခဲ့ပြီး ၂၀၂၁ တွင် ၆၀% နီးပါး ဖြစ်လာသည်။ တရုတ် brand ဖြစ်သည့် 
 Beaba နှင့် Babycare တို့သည် တရုတ်ပြည်တွင်း ဒိုင်ပါဈေးကွက်ကို ဦးဆောင်နေသည်။
 
Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Investment/Divestment Read 307 times