ရွှေလီကျောက်စိမ်းဈေးကွက် ပြန်ရုန်းထနေဆဲ


25 February, 2023

ရွှေလီကျောက်စိမ်းဈေးကွက် ပြန်ရုန်းထနေဆဲ

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

တရုတ်နိုင်ငံမှာ လော့ဒေါင်းများ အချခံထားရဆုံးမြို့ထဲ ပါဝင်တဲ့ ရွှေလီမြို့မှာ လုပ်ငန်များ ပြန်လည်စတင်နိုင်ပြီ ဖြစ်သော်လည်း ပြန်လည်နာလန်ထဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

 

စျေးသည်များ Jiegao ကျောက်စိမ်းဈေးသို့ ပြန်ရောက်လာနေကြသော်လည်း ဝယ်ယူသူများ အလာကြဲပြီး နည်းပါးနေဆဲ ဖြစ်ပါတယ်။ 

 

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရွှေလီမြို့၊ Jiegao ကျောက်စိမ်းဈေးမှာ မျက်စိတစ်ဆုံး တန်းစီထားတဲ့ ဈေးသည်တွေအတွက် စားပွဲတန်းတွေ ရှိပါတယ်။

 

ဟုတ်ပါတယ်။ ကျောက်စိမ်းအများစုဟာ  မြန်မာနိုင်ငံမှ ဖြစ်ပါတယ်။ ယူနန်ပြည်နယ်ရှိ ရွှေလီတွင် လက်ဝတ်ရတနာများနှင့် အဆင်တန်ဆာများအဖြစ် ထုတ်လုပ်ထားပါတယ်။ 

 

မြန်မာကုန်သည် ဦးကျော်နိုင်က သူ့ဆိုင်မှာ ကျောက်စိမ်းလက်ကောက်တွေပဲ ရောင်းတယ်။ သူ့ဘေးမှာ စားပွဲအလွတ်တွေနဲ့ ဖောက်သည်အနည်းငယ်တို့ ရှိနေပါတယ်။ 

 

ကျောက်စိမ်းလက်ကောက်ရောင်းသူ မြန်မာနိုင်ငံသား ဦးကျော်နိုင်က စီးပွားရေး အခြေအနေသော်လည်း ပြုံးနေပါတယ်။ အဘယ်ကြောင့်ဆိုသော် နှစ်နှစ်ကြာ လော့ဒေါင်းများ ချခံထားရပြီးနောက် သူက အနည်းဆုံးအနေဖြင့် Jiegao ကျောက်စိမ်းဈေးမှာ ဆိုင်ပြန်ဖွင့်နိုင်ခဲ့လို့ ဖြစ်ပါတယ်။ 

“စီးပွားရေး အခြေအနေက ဒီလောက်ပါပဲ” လို့ သူက ပြောပါတယ်။ ဒါပေမဲ့ သူက အလုပ်ပြန်လုပ်နိုင်တဲ့ အခြေအနေကို ရရှိလို့ ကျေနပ်မိတယ်။ ဆိုင်ပြန်မဖွင့်နိုင်တဲ့သူတွေထက်စာရင် သူက တော်ပါသေးတယ်။ 

 

 

ဖေဖော်ဝါရီလ လဆန်းပိုင်းတွင် ရွှေလီ Jiegao ကျောက်စိမ်းဈေးမှာ ဆိုင်ပြန်မဖွင့်သေးတဲ့ စားပွဲအလွတ်များနှင့် လာဝယ်သူ အနည်းအကျဉ်းတို့ကို တွေ့ရပါတယ်။ 

 

ရွှေလီ ကျောက်စိမ်းကဏ္ဍတွင် လူပေါင်း ၇၀,၀၀၀ ကျော် လုပ်ကိုင်ကြပါတယ်။ 

ရွှေလီကို ကျောက်စိမ်း ရောင်းဝယ်ရေး အချက်အချာနေရာတစ်ခုအဖြစ် လူသိများပါတယ်။ ဒါပေမဲ့ COVID-19 ကပ်ရောဂါကြောင့် မြို့တော်ဟာ ကျော်ကြားမှုအသစ်ကို ရရှိခဲ့ပါတယ်၊ တရုတ်နိုင်ငံရှိ အခြားနေရာများထက် လော့ဒေါင်းများ ပိုမိုများပြားတဲ့ မြို့လို့ လူသိများသွားခဲ့ပါတယ်။ 

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် မြန်မာနိုင်ငံမှ ပိုးကူးစက်ခံထားရသူတွေ ရွှေလီကို ရောက််လာမှာကို တရုတ်အာဏာပိုင်များက ပူပန်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းရေး မငြိမ်မသက်တာကြောင့်လည်း တရုတ်ပြည် ရွှေလီသို့ ရောက်လာကြသူတွေ ပိုများလာနေတာကြောင့်လည်း စိုးရိမ်ကြောင့်ကြ ဖြစ်ပါတယ်။ အဲဒါကြောင့် ရွှေလီကို မကြာခဏ လော့ဒေါင်းချတယ်။ နယ်ခြားဖြတ်ကျော်မှုများ ပိတ်ပင်ထားခဲ့ပါတယ်။ 

 

“လွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာ ကျွန်တော့်ကွန်ဒိုကို အကြိမ် ၂၀ မက လော့ဒေါင်းချခံခဲ့ရပါတယ်” လို့ ကျောက်စိမ်းလက်ကောက်ကုန်သည် Dong Baolai က ပြောပါတယ်။ 

လော့ဒေါင်းတွေက ရံဖန်ရံခါမှာ သီတင်းပတ် အတန်ကြာတယ်လို့ သူမက ပြောပါတယ်။ 

"ကျွန်မ ဘာလုပ်ရမှန်းကို မသိတော့အောင် ဖြစ်ခဲ့တယ်။ 'ငါဘယ်လောက် ကြာကြာ တောင်ခံနိုင်မှာလဲ' ဆိုတာ ကျွန်မ အသေအချာ မပြောနိုင်ဘူး" လို့ သူမက ပြောပါတယ်။ 

စားစရာရဖို့အတွက် သူမရဲ့ မိသားစု ကြိုးပမ်းခဲ့ကြရတယ်။ အစားအသောက် အိမ်တိုင်ရာရောက် ပေးပို့တဲ့ ဝန်ဆောင်မှုတွေလည်း လော့ဒေါင်း ချခံထားရလို့ လာပို့ပေးလို့ မရဘူး။ သူမဆီမှ ကျောက်စိမ်းလက်ကောက် ဝယ်တဲ့သူတွေဆီကိုလည်း ပစ္စည်းပို့လို့ မရဘူး။

 "ကပ်ရောဂါကာလအတွင်းမှာ ပေါင်နှံပြီး ချေးထားတဲ့ ချေးငွေ ပြန်ဆပ်ဖို့နဲ့ မိသားစု  စားစရာဝယ်ဖို့ ကျွန်မရဲ့ ကားကို ရောင်းခဲ့ရတယ်" ဟု သူမက ပြောသည်။


 

လူအများအပြား ရွှေလီမှ ထွက်ခွာခဲ့ကြပါတယ်။

၂၀၂၀ ခုနှစ်တွင် နိုင်ငံခြားသားများ မပါဝင်ဘဲ နေထိုင်သူဦးရေ ၂၆၈,၀၀၀ ရှိကြောင်း အစီရင်ခံတင်ပြခဲ့ပါတယ်။

ဒေသန္တရအစိုးရက ပြီးခဲ့သည့်နှစ်နှစ်အတွင်း အဆိုပါကိန်းဂဏန်းအား အချိန်နှင့် တစ်ပြေးညီဖြစ်အောင် စာရင်းကောက်နိုင်ခဲ့ခြင်း မရှိပါ။

ဒေသခံ မီဒီယာတွေရဲ့ ခန့်မှန်းချက်များအရ ကပ်ရောဂါကာလမှ ရွှေလီမှ လူဦးရေ တစ်သိန်းမှ နှစ်သိန်းအထိ ထွက်ခွာသွားခဲ့ကြပါတယ်။ 

 

မြန်မာဇာတိ ကျောက်စိမ်းကုန်သည် Zhao Jiaran က သူ့ဆိုင် ပတ်ပတ်လည်က ဆိုင်တွေမှာ မြန်မာပြည် ပြန်သွားတဲ့သူတွေ ရှိတာ တစ်ယောက်မှ ပြန်ရောက်မလာကြသေးဘူးလို့ ပြောပြပါတယ်။

“တရုတ်က ကျွန်တော်တို့ကို အခုထွက်သွားပြီး ပြန်ခွင့်ပြုပေမယ့် မြန်မာနိုင်ငံက ပြန်မလာနိုင်အောင် တားဆီးထားတယ်။ မူဆယ် နဲ့ နမ့်ခမ်းမြို့များမာ့ နေတဲ့သူတွေပဲ ပြန်လာလို့ ရတတယ်" လို့ သူက ပြောပြပါတယ်။ 

 

ရွှေလီနယ်စပ်ဂိတ်မှာ မြန်မာအလုပ်သမားအနည်းငယ်ကို တရုတ်နိုင်ငံက ထွက်ခွာနိုင်ပြီလို့ တရုတ်အရာရှိတဦးက အတည်ပြုပြောဆိုပေမယ့် သူတို့ ပြန်လာနိုင်မလားဆိုတာကတော့ မသေချာသေးပါဘူး။

မြန်မာဘက်က ဘာကြောင့် နယ်စပ်ကို အပြည့်အဝ ပြန်မဖွင့်တာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

 

ကပ်ရောဂါမစတင်မီ ၂၀၁၉ ခုနှစ်တွင် ရွှေလီနယ်စပ်စစ်ဆေးရေးဂိတ်မှာ လူအများတို့ ကြိမ်ရေ ၁၆.၇ သန်းကျော် ဖြတ်သန်းခဲ့တယ်လို့ တရုတ်နိုင်ငံမှ ထုတ်ပြန်တဲ့ တရားဝင်စာရင်းဇယားများအရ သိရပါတယ်။ 

ယခုအခါ နယ်စပ်ဖြတ်ကျော် သွားလာနေသူများ မရှိဘဲ မြို့ အစိတ်အပိုင်းများသည် တစ္ဆေမြို့ကဲ့သို့ ခံစားနေကြရပါတယ်။ 

စတိုးဆိုင်များဟာလည်း မီးခိုးရောင်သတ္တုတံခါးများနောက်တွင် မှောင်နေပါတယ်။

ဒါပေမဲ့လည်း ရွှေလီပြန်ကောင်းလာမယ်လို့ ဒေသခံများက မျှော်လင့်နေကြပါတယ်။ 

 

“ရွှေလီဟာ တရုတ်နိုင်ငံမှာ ကျောက်စိမ်းအတွက် အပြည့်စုံဆုံး ထောက်ပံ့ရေးကွင်းဆက်တစ်ခု ဖြစ်နေပါသေးတယ်” လို့ Zheng Hui က ပြောပါတယ်။ လူမှုကွန်ရက် ပလက်ဖောင်းများပေါ်မှာ ဗီဒီယို တိုက်ရိုက်ထုတ်လွှင့် ရောင်းချတဲ့မြန်မာနှင့် တရုတ်မှ ကျောက်စိမ်းရောင်းချသူတွေကို ကူညီပေးတဲ့ အဖွဲ့ကို သူတာဝန်ယူ လုပ်ကိုင်နေပါတယ်။ 

"ကျောက်စိမ်းလုပ်ငန်း ပြန်လည်ကောင်းမွန်ရန် ၁၂ လမှ ၁၈ လအထိ ကြာနိုင်တယ်" လို့ Zheng မှ ပြောကြားခဲ့ပါတယ်။ 

ဝယ်လက်တွေအပေါ်မှာ အဓိကအားဖြင့် တကယ်မူတည်ပါတယ်လို့ သူက ပြောပါတယ်။ “သုံးနှစ်ကြာအောင် လော့ဒေါင်းချခံထားရပြီးနောက် လူတွေမှာ ပိုက်ဆံအများကြီးမရှိသလို ကျောက်စိမ်းလို အရာမျိုးတွေက ဇိမ်ခံပစ္စည်းတွေဆိုတော့ မဝယ်ကြဘူး”


 

တရုတ်ပြည်အတွက် ဗီဒီယို အတို ပလက်ဖောင်းများဖြစ်ကြတဲ့ Kuaishou, TikTok နှင့် Douyin တို့မှာ ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ပြီး ဈေးရောင်းကြပါတယ်။ ကျောက်စိမ်းရောင်းသူ Pan Xingsheng ကလည်း ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ပြီး ရောင်းပါတယ်။ အရင်ကထက် ကုန်ကျစရိတ် ပိုများနေတယ်လို့ သူက ပြောပါတယ်။ 

“အခုတော့ လူလာဖို့ကို ဝယ်ရမယ်။ မဝယ်ရင် ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို လာလည်တဲ့သူ ရှိမှာ မဟုတ်ဘူး။ တိုက်ရိုက်ထုတ်လွှင့်မှု အပိုင်းတစ်ခုအတွက် ငါ့ချန်နယ်ကို ပရိုမိုးရှင်းပြုလုပ်ဖို့ ကန်ဒေါ်လာ ၇၀၀ ခန့် ကုန်ကျပါတယ်" လို့ သူက ပြောပါတယ်။ 

ကုန်ကျစရိတ်တွေ ကာမိဖို့ အပိုင်းတစ်ခု ဈေးရောင်းတိုင်း ကန်ဒေါ်လာ ၁,၄၀၀ လောက်ရမှ တွက်ခြေကိုက်ကြောင်း သူက ပြောပါတယ်။ 

 

နေ့လယ်တွင် ကျောက်စိမ်းဈေးရှေ့တွင် စျေးသည် နှစ်ဒါဇင်ခန့် တန်းစီထားကြပါတယ်။ 

“ကျွန်မတို့ ထမင်းထုပ် ဝေတာ အလကားစားဖို့ စောင့်နေတယ်” လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ 

အနီးနားရှိ စားသောက်ဆိုင်တော်တော်များများကို ပြန်မဖွင့်သေးပါဘူး။ ထမင်းထုပ် တစ်နေ့ ၁,၀၀၀ ဝန်းကျင် ဝေပေးနေပါတယ်။ ဈေးကြီးကြပ်ရေးအဖွဲ့က စျေးသည်များကို နေ့လယ်စာ အခမဲ့ပေးရုံသာမက ၎င်းတို့ကို တစ်နှစ်စာ အခမဲ့ ငှားရမ်းပေးပါတယ်။ 

 

 

Jiegao ကျောက်စိမ်းဈေးကွက်အတွင်းတွင် ရောင်းချသူ Pan က ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ရန် အသင့်ဖြစ်နေပါပြီ။ စတင်သည်နှင့်   ရှစ်နာရီကြာအောင် ဆက်တိုက် ထုတ်လွှင့်ရပါတယ်။ အပေါ့အပါးတောင် ထသွားလို့ မရပါဘူး။ 

သူဘာလို့ ဒုက္ခခံရတာလဲ။ “ဘာလို့လဲဆိုတော့ ကျွန်တော် ပိုက်ဆံရှာမှ ဖြစ်မယ်။ ပိုက်ဆံက ကျွန်တော့်ရဲ့ အကြီးမားဆုံး တွန်းအားပါပဲ” လို့ သူက ပြောပါတယ်။ 

 

လော့ဒေါင်းများကြောင့် ရွှေလီတွင် သူ့ရဲ့ အရောင်းအဝယ်လုပ်ငန်း အရင်းပြုတ်သွားခဲ့ပါတယ်။ ကန်ဒေါ်လာ ၇၃,၀၀၀ ခန့် ဆုံးရှုံးခဲ့ပါတယ်။ အခု သူ ပြန်နာလန်ထနိုင်ဖို့ အပင်ပန်းခံပြီး ကြိုးပမ်းနေပါတယ်။ 

 

Source marketplace

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Local News Read 328 times