ဂျပန်ကုမ္ပဏီ Ispace ၏ လဆင်းယာဉ် သက်ဆင်းမှု မအောင်မြင်


29 April, 2023

ဂျပန်ကုမ္ပဏီ Ispace ၏ လဆင်းယာဉ် သက်ဆင်းမှု မအောင်မြင်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဂျပန်ကုမ္ပဏီ Ispace ၏ လဆင်းယာဉ်သည် ပျက်စီးသွားခြင်း ဖြစ်နိုင်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

တိုကျိုအခြေစိုက် Ispace မှ ၎င်း၏ HAKUTO-R Mission 1 Lunar Lander သည် ဗုဒ္ဓဟူးနေ့အစောပိုင်း ဂျပန်စံတော်ချိန် နံနက် ၁ နာရီ ၄၀ ခန့်တွင် တွင် လမျက်နှာပြင်ပေါ်သို့ ဆင်းသက်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
 
နံနက် ၈ နာရီ တွင် လဆင်းယာဉ်နှင့် Mission Control Center အကြားဆက်သွယ်မှုပြတ်တောက်သွားခဲ့သည်။
သို့ဖြစ်ရာ ခရီးစဉ် မစ်ရှင် မအောင်မြင်ဟု ဆုံးဖြတ်ကြောင်း ကုမ္ပဏီက ပြောကြားသည်။

အကယ်၍ မစ်ရှင်အောင်မြင်ခဲ့ပါက Ispace သည်  လပေါ်သို့ လဆင်းယာဉ် အောင်မြင်စွာ သက်ဆင်းနိုင်သည့်  ကမ္ဘာ့ပထမဆုံးပုဂ္ဂလိကကုမ္ပဏီအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

"သတ်မှတ်ထားသော ဆင်းသက်ချိန်ပြီးနောက် မကြာမီတွင် အဆက်အသွယ် မရတော့သဖြင့် 
ဆင်းသက်ပြီးကြောင်း အထောက်အထား မသိရ‌ပါ" ဟု ကုမ္ပဏီက ကြေညာသည်။
လဆင်းယာဉ်သည် လမျက်နှာပြင်ပေါ် အကျနာပြီး ပျက်စီးသွားခြင်း ဖြစ်နိုင်သည်ဟု ကုမ္ပဏီက ပြောကြားသည်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ Cape Canaveral  ဒုံးပျံလွှတ်တင်ရေး မြေပြင်စခန်းမှ  ဒီဇင်ဘာလတွင် SpaceX Falcon 9 ဒုံးပျံဖြင့် အဆိုပါ လဆင်းယာဉ်ကို လွှတ်တင်ခဲ့သည်။ 
မတ်လကတည်းက လကို ပတ်ရင်း ဓာတ်ပုံများ ရိုက်ယူနေခဲ့ပြီး ယခုအခါ လပေါ်သက်ဆင်းခဲ့ခြင်း ဖြစ်ပါသည်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 251 times