ကမ္ဘာ့စီးပွားရေးအတွက် အဓိကအန္တရာယ်မှာ မတည်ငြိမ်သော ငွေကြေးဖောင်းပွမှုဟု IMF ဆို


26 July, 2022

ကမ္ဘာ့စီးပွားရေးအတွက် အဓိကအန္တရာယ်မှာ မတည်ငြိမ်သော ငွေကြေးဖောင်းပွမှုဟု IMF ဆို

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund က အင်္ဂါနေ့ (ဇူလိုင် ၂၆ ရက်) တွင် World Economic Outlook Update July 2022 အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ ကမ္ဘာ့တိုးတက်မှု ခန့်မှန်းချက်ကို ထပ်မံ လျှော့ချလိုက်သည်။ ငွေကြေးဖောင်းပွမှုနှင့် ယူကရိန်းစစ်ပွဲတို့၏ ဘေးထွက်ဆိုးကျိုးများ အကောင်အထည်ပေါ်လာမည်ဖြစ်ပြီး အရေးတယူဖြင့် ကိုင်တွယ်ခြင်း မပြုပါက ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်ကျဆင်းသွားနိုင်ကြောင်း သတိပေးထားသည်။

ဧပြီလတွင် ထုတ်ပြန်ခဲ့သော ၃.၆ ရာခိုင်နှုန်း ခန့်မှန်းချက်မှ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စစ်မှန်သော GDP တိုးတက်မှုနှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်းသို့ နှေးကွေးသွားမည်ဖြစ်ကြောင်း IMF က ၎င်း၏ World Economic Outlook  နောက်ဆုံးအစီရင်ခံစာတွင် ပြောကြားထားသည်။  တရုတ်နှင့် ရုရှားတို့၌ ကျဆင်းမှုများကြောင့် ကမ္ဘာ့ GDP သည် ဒုတိယသုံးလပတ်မှာ အမှန်တကယ်တွင် ကျုံ့သွားကြောင်း ၎င်းကဆိုသည်။


ဧပြီလကတည်းက ရှေ့မြင်ကွင်းက သိသိသာသာ မှောင်နေခဲ့သည်။ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို နောက်ဆုံးကြုံခဲ့ကြသည်မှာ ၂ နှစ်သာ ရှိသေးချိန်တွင်  ကမ္ဘာ့စီးပွားရေးကျဆင်းမှု၏ ကျောက်ကမ်းပါးအစွန်းသို့ မကြာခင်မှာ ရောက်သွားနိုင်သည်ဟု  IMF မှ စီးပွားရေးပညာရှင်ချုပ် Pierre-Olivier Gourinchas က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

 


IMF သည်  တရုတ်နိုင်ငံ၏ တိုးတက်မှု ခန့်မှန်းချက်ကို ၁.၁ လျေှာ့ချပြီး ၃.၃ ရာခိုင်နှုန်းဟု ပြင်ဆက်ခန့်မှန်းသည်။ COVID-19 ကပ်ရောဂါ စတင်ချိန်မှလွဲ၍  နှစ်ပေါင်း ၄၀ အတွင်း  အနှေးကွေးဆုံး တိုးတက်မှု ဖြစ်သည်။ 

 နောက်ထပ် COVID-19 လော့ဒေါင်းများနှင့် ပိုမိုနက်ရှိုင်းသော အိမ်ခြံမြေလုပ်ငန်းကဏ္ဍ အကျပ်အတည်းသည် တရုတ်စီးပွားရေးကျဆင်းမှုကို ဆွဲချနေသည်ဟု IMF က ပြောကြားသည်။
 

ဂျပန်နိုင်ငံ၏ တိုးတက်မှုနှုန်းသည် ၀.၇ လျှော့ချပြီး ၁.၇% ဟု ပြန်လည်ပြင်ဆင်ခဲ့သည်။

အဓိကကျသည့် နိုင်ငံ့စီးပွားရေးတိုးတက်မှုများတွင်  အမြင့်ဆုံးခန့်မှန်းချက် ပေးထားသည့် အိန္ဒိယနိုင်ငံအတွက်  ၀.၈ လျှော့ချပြီး ၇.၄% ဟု ပြင်ဆင်ခန့်မှန်းထားသည်။ 

ကမ္ဘာ့စီးပွားရေးအတွက် အဓိကအန္တရာယ်မှာ မတည်ငြိမ်သော ငွေကြေးဖောင်းပွမှုဖြစ်ကြောင်း IMF က မှတ်ချက်ပြုခဲ့သည်။ 

ငွေကြေးဖောင်းပွမှု ချုပ်ထိန်းရန်အတွက် "ပိုမိုတင်းကျပ်သော ငွေကြေးမူဝါဒသည် စီးပွားရေး တိုးတက်မှု  လျော့ကျခြင်းဖြင့် ပေးဆပ်ရလိမ့်မည် ဖြစ်သော်လည်း  နှောင့်နှေးမှုသည် ၎င်းတို့ကို ပိုမိုဆိုးရွားစေလိမ့်မည်” ဟု IMF က ဆိုသည်။

#MyanmarIndustriesGuide 
 Telegram Channel
https://t.me/Guid4U

 

Industry Reviews Read 693 times