အိန္ဒိယနှင့် အာဆီယံ ကြီးထွားနှုန်း  ၂၀၂၃ မှာနှေးမည်ဟု IMF ခန့်မှန်း


10 February, 2023

အိန္ဒိယနှင့် အာဆီယံ ကြီးထွားနှုန်း  ၂၀၂၃ မှာနှေးမည်ဟု IMF ခန့်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အိန္ဒိယနှင့် အရှေ့တောင်အာရှ၏ အဓိကစီးပွားရေးငါးနိုင်ငံတို့သည် ကမ္ဘာ့စီးပွားရေး ဂယက်ကြောင့် အတိုးနှုန်းများ မြင့်တက်လာသဖြင့် ယခုနှစ်တွင် ပိုမိုနှေးလာမည်ဖြစ်သည်။
 ၎င်း ၆ နိုင်ငံတို့သည် ၂၀၂၄ တွင် အရှိန်ရလာမည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့International Monetary Fund IMF က World Economic Outlook တွင် ခန့်မ‌ှန်းထားပါသည်။
 
၂၀၂၂ ဘဏ္ဍာနှစ်တွင် အိန္ဒိယတိုးတက်မှုနှုန်းမှာ ၆.၈ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၃ ဘဏ္ဍာနှစ်တွင် အားပျော့ပြီး ၆.၁% သို့ လျော့ကျမည်ဟု ခန့်မှန်းထားသည်။ ၂၀၂၄ ဘဏ္ဍာနှစ်တွင် ၆.၈ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိမည်။

ASEAN-5 ဟု ခေါ်ဝေါ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်း ၅ နိုင်ငံသည် ၂၀၂၃ တွင် ကြီးထွားနှုန်း ၄.၃% ရှိမည်။ ၂၀၂၂ တွင် ၅.၂% ရှိမည်ဟု ခန့်မှန်းထားသည်ထက် လျော့ကျသည်။

COVID-19 ကန့်သတ်ချက်များဖြင့် သုံးနှစ်အကြာတွင် ပြန်လည်ဖွင့်လှစ်လိုက်သည့် တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် တိုးတက်မှု ၅.၂% သို့ ပြန်လည်ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။၂၀၂၂ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့်  ၃% တိုးတက်ခဲ့သည်။ တရုတ်နိုင်ငံသည် ဆယ်စုနှစ် လေးခုကျော်အတွင်း ကမ္ဘာ့ ပျမ်းမျှနှုန်း အောက်သို့ ပထမဆုံးအကြိမ် ရောက်ခဲ့သည့်နှစ် ဖြစ်သည်။

တရုတ်နှင့် အိန္ဒိယတို့ နှစ်နိုင်ငံ စုစုပေါင်းသည်  ယခုနှစ်တွင် ကမ္ဘာ့ကြီးထွားမှု၏ ထက်ဝက် ရှိလ်မ့်မည်ဟု IMF ၏ သုတေသနမှူးနှင့် စီးပွားရေးပညာရှင် အကြီးအကဲ Pierre-Olivier Gourinchas က ဆိုသည်။
 "တရုတ်နိုင်ငံ၏ ရုတ်တရက်ပြန်ဖွင့်ခြင်းသည် စီးပွားရေးလုပ်ကိုင်မှုများတွင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေရန် လမ်းခင်းပေးသည်" ဟု ၎င်းက ဘလော့ပို့စ်တွင် ရေးသားထားသည်။
 "ငွေကြေးဖောင်းပွမှု ဖိအားများ စတင်လျော့ပါးလာသည်နှင့်အမျှ ကမ္ဘာ့ဘဏ္ဍာရေး အခြေအနေများ တိုးတက်လာခဲ့သည်။ အမေရိကန်ဒေါ်လာသည် ၂၀၂၂ နိုဝင်ဘာလအမြင့်ဆုံးမှ အားပျော့လာသည်။ ထိုအချက်များက ပေါ်ထွန်းစနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား အထိုက်အလျောက် သက်သာရာ ရစေသည်"ဟု ၎င်းက ရေးသားထားသည်။
 ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှု အနည်းငယ်သာ ရှိတော့မည်ဖြစ်သဖြင့် ထုတ်လုပ်မှုကို တိုးချဲ့ရာတွင် အထောက်အကူဖြစ်စေမည်ဟု Gourincha က တိုက်ရိုက်ထြတမလွှင့်သော စင်ကာပူသတင်းစာ ရှင်းလင်းပွဲတွင်  ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရှိ  အိမ်ထောင်စုတွေက လုပ်ငန်းတွေကို ပြန်စနိုင်တော့မှာဆိုတော့ ပြည်တွင်းဝယ်လိုအားလည်း တိုးလာမယ်။ အဲဒါက တခြားနိုင်ငံတွေကို အကျိုးပြုမယ့် အင်ဂျင်တစ်ခု ဖြစ်လာမယ်" ဟု ၎င်းက ပြောကြားသည်။

သို့သော်လည်း အာဆီယံငါးနိုင်ငံ တိုးတက်မှုနှုန်းသည် ယခုနှစ်တွင် နှေးကွေးမည်ဟု ခန့်မှန်းထားသည်။
"တရုတ်ရဲ့ တိုးတက်မှုနှုန်းကို အထက်ကို မြင့်တက်ခဲ့မယ်ဆိုရင်တောင် တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ တိုးတက်မှုနှုန်းက ၃.၄% [၂၀၂၂] ကနေ ၂.၉% [၂၀၂၃]သို့ ကျဆင်းပါမယ်။ နိုင်ငံတကာကုန်သွယ်မှုအပေါ်  အလွန်တည်မှီနေတဲ့ အာရှစီးပွားရေးများအဖို့ ကမ္ဘာ့စီးပွားရေး နှေးတာက အဆုံးအဖြတ်ပေးတဲ့ အကြောင်းရင်း တစ်ခု ဖြစ်နေပါတယ်" ဟု Gourinchas က ပြောကြားသည်။

ကမ္ဘာ့ငွေကြေးဖောင်းပွမှုကို တန်ပြန်ရန် ဘဏ်အတိုးနှုန်းတက်ခြင်းသည် ၂၀၂၂ တွင် ၈.၈% ရှိပြီး ၂၀၂၃ တွင် ၆.၆% သို့ လျော့ကျမည်။ ၂၀၂၄ တွင် ၄.၃% သို့ ထပ်မံကျဆင်းမည်။ ဘဏ်အတိုးနှုန်း မြင့်မားနေခြင်းသည် ကမ္ဘာ့စီးပွားရေးကို ဒရွတ်တိုက်ဆွဲနေသည့် အကြီးမားဆုံး အကြောင်းအချက်ဖြစ်သည်။

 ထွန်းသစ်စဈေးကွက်များ အထူးသဖြင့် အာရှမှ ဈေးကွက်များသည် ကမ္ဘာ့ဖွံ့ဖြိုးပြီး စီးပွားရေးများထက်  ကျော်လွန်သွားဖွယ်ရှိသည်။
ထွန်းသစ်စနှင့် ဖွံ့ဖြိုးဆဲအာရှသည် ၂၀၂၃ ခုနှစ်တွင် ၅.၃% တိုးလာမည်ဟု ခန့်မှန်းထားသည်။
ဖွံ့ဖြိုးပြီး စီးပွားရေးများသည် ၁.၂% မျှသာ ရှိမည်။
ဂျပန်နိုင်ငံ၏ တိုးတက်မှုနှုန်းသည် ၂၀၂၂ တွင် ခန့်မှန်းခြေ ၁.၄% မှ ၂၀၂၃ ခုနှစ်တွင် ၁.၈% သို့ အရှိန်မြှင့်မည်ဟု ခန့်မှန်းထားသည်။ သို့သော် ၂၀၂၄ တွင် ၀.၉% သို့ ပြန်လျော့ကျမည်။ အရှိန်သေသွားသောကြောင့် လျော့ကျခြင်း ဖြစ်သည်။ 

 အမေရိကန်၏ တိုးတက်မှုနှုန်းသည် ၂၀၂၂ ခုနှစ်တွင် ခန့်မှန်းခြေ ၂% မှ ၂၀၂၃ ခုနှစ်တွင် ၁.၄% နှင့် ၂၀၂၄ ခုနှစ်တွင် ၁% သို့ နှေးကွေးမည်ဟု ခန့်မှန်းပါသည်။

ယခုအကြိမ် အစီရင်ခံစာသည် IMF ၏ အောက်တိုဘာလ အစီရင်ခံစာထက် အဆိုးမြင်မှုနည်းပြီး ယခုနှစ်အတွက် ကမ္ဘာ့နေရာတိုင်းနီးပါးတွင် တိုးတက်မှု ရှိမည်ဟု ခန့်မှန်းထားသည်။
Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 257 times