အာရှစီးပွားကြီးထွားနှုန်း IMF ပြင်ဆင်ခန့်မှန်း


12 October, 2022

အာရှစီးပွားကြီးထွားနှုန်း IMF ပြင်ဆင်ခန့်မှန်း

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့International Monetary Fund IMF သည် ပို့ကုန်များ တင်ပို့နိုင်မှု နှေးကွေးခြင်းနှင့် အမေရိကန်ကဲ့သို့သော အဓိက ကုန်သွယ်ရေးမိတ်ဖက်များတွင် တိုးတက်မှု နှေးကွေးခြင်းနှင့် ရင်ဆိုင်နေရစဉ် ကုန်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့်  ဗဟိုဘဏ်များသည် ငွေကြေးမူဝါဒကို တင်းကျပ်ရန် ဖိအားကျရောက်နေသဖြင့်  အာရှ၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်များကို IMF က အင်္ဂါနေ့ (အောက်တိုဘာ ၁၁)တွင် ထုတ်ပြန်သည့် World Economic Outlook တွင်လျှော့ချခန့်မှန်းထားသည်။


အာရှ၏ အဓိက ကုန်သွယ်ဖက် ဖြစ်သော အမေရိကန်၊ တရုတ်နှင့် အီးယူတို့၏ စီးပွားရေးများသည်  ကမ္ဘာ့စီးပွားဆုတ်ယုတ်မည့်အရေးကို စိုးရိမ်နေသောကြောင့် အာရှ၏ COVID-19 ကပ်ဘေးလွန်ကာလ ပြန်လည် နာလန်ထဖို့ မသေချာ မရေရာသဖြင့် လျှော့ချ ခန့်မှန်းခြင်း ဖြစ်သည်ဟု  ဖော်ပြထားသည်။ 

အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းများ အကြိမ်ကြိမ် တိုးမြှင့်နေသဖြင့် အမေရိကန်ဒေ့်လာ ပိုမာနေစဉ် နိုင်ငံသုံးငွေ၏ ကန်ဒေါ်လာနှင့် လဲနှုန်းတွင် အခြအနေ မဆိုးဝါးစေရန် ဗဟိုဘဏ်တို့က အတိုးနှုန်းကို မြှင့်တင်ပေးနေကြရသဖြင့် စီးပွားရေး ကြီးထွားဖို့အတွက် အတိုးနှုန်းက အဟန့်အတား ပြုနေသည်။ 
ကန်ဒေါ်လာ ပိုမာလာသည်နှင့်အမျှ နိုင်ငံတို့၏ ပြည်ပကြွေးမြီ ဝန်ထုပ် ပိုမိုလေးလံ လာနေစေသည်။

ထွန်းသစ်စအာရှနိုင်ငံများသည် ယခုနှစ်တွင် ၄ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၂၃ တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း ကြီးထွားလာမည်ဟု IMF က မျှော်လင့်ထားသည်။

ယခုနှစ် တရုတ်ပြည် ကြီးထွားနှုန်းကို ၃.၂% ဟု IMF က ခန့်မှန်းသည်။ COVID-19 လော့ဒေါင်းချခြင်းများ တင်းကျပ်ခြင်း၊ အိမ်ရာတိုက်ခန်းကဏ္ဍ အကျပ်အတည်း ပိုဆိုးလာခြင်းတို့ကြောင့် ‌ကြီးထွားနှုန်းကို လျှော့ချခန့်မှန်းသည်။ ၂၀၂၃ တွင် ၄.၄% ဟု ခန့်မှန်းသည်။

အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်း (အာဆီယံ-၅) ကြီးထွားနှုန်းသည် ယခုနှစ်တွင် ၅.၃% ဟု ခန့်မှန်းပြီး ၂၀၂၃ တွင် ၄.၉% ဟု ခန့်မှန်းသည်။

ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်း ကြီးထွားမည်ဟု IMF က ခန့်မှန်းထားသည်။ ၂၀၂၃ တွင် ၁ ဒသမ ၆ ရာခိုင်နှုန်း ကြီးထွားမည်ဟု ခန့်မှန်းသည်။

ကမ္ဘာ့စီးပွားကြီးထွားနှုန်းကို ၂၀၂၂ တွင် ၃.၂% နှင့် ၂၀၂၃ တွင် ၂.၇% ဟု IMF က ခန့်မှန်းပါသည်။
Source  REUTERS

Industry Reviews Read 217 times