ဂျပန် ဂြိုတ်တုပို့ဆောင်ရေး ဒုံးပျံသစ် H3 မျှော်မှန်းချက်


22 February, 2023

ဂျပန် ဂြိုတ်တုပို့ဆောင်ရေး ဒုံးပျံသစ် H3 မျှော်မှန်းချက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဂျပန်နိုင်ငံသည် ပိုစျေးသက်သာ၊ ပိုစိတ်ချရပြီး စွမ်းပကာ ပိုအားကောင်းသော H3 ဒုံးပျံမော်ဒယ်အသစ်ဖြင့် အာကာသထဲသို့ ဂြိုဟ်တုပို့ဆောင်ရေး ဈေးကွက်မှာ ဝေစုပိုကြီးမားစေမည်ဟု မျှော်မှန်းထားသည်။ ထို့ပြင် အာကာသစခန်း ဆောက်လုပ်ရေးတွင်လည်း အခန်းကဏ္ဍတစ်ခုဖြင့် ပါဝငါနိုင်မည်ဟု မျှော်မှန်းထားသည်။

တိုကျိုမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၁,၀၀၀ အကွာရှိ သေးငယ်သော ကျွန်းကလေး‌ပေါ်တွင် ဂျပန်နိုင်ငံ အာကာသလုပ်ငန်းမှ Tanegashima Space Center မျိုးဆက်သစ် ဒုံးပျံကို ပထမဆုံးအကြိမ် လွှတ်တင်သည်။

အမြင့် ၆၃ မီတာ၊ အချဉ်း ၅.၂ မီတာ ကိုယ်လုံးကိုယ်ထည်ရှိသော H3 ဒုံးပျံကို Japan Aerospace Exploration Agency (JAXA) မှ ဖွံ့ဖြိုးထုတ်လုပ်ခဲ့သည်။ JAXA သည် အစိုးရ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး Mitsubishi Heavy Industries သည် အဓိက ကန်ထရိုက်တာ ဖြစ်သည်။
H3 သည် နှစ်ပေါင်း ၂၀ ကျော်အတွင်း ဂျပန်နိုင်ငံ၏ ဒုံးပျံအစီအစဉ်တွင် ပထမဆုံး ပဓာနကျသည့် အဆင့်မြှင့်တင်ထားသည့် ဒုံးပျံဖြစ်သည်။

အဆင့်နှစ်ဆင့်ပါသော ဒုံးပျံဖြစ်သည့် H3 သည် လက်ရှိအသုံးပြုနေသည့် H-IIA ထက် ပိုမိုအားကောင်း၊ ဈေးနှုန်း ပိုသက်သာ၊ ပိုစိတ်ချရသည်။

 

အာကာသထဲသို့ ဂြိုဟ်တုများ ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကို စိးပွားဖြစ် လုပ်ကိုင်နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။
နောက်ပိုင်းတွင် လကို ပတ်နေမည့် အာကာသစခန်းအသစ် တည်ဆောက်ရာ၌ ပါဝင်ရန် မျှော်မှန်းထားသည်။


ဂြိုဟ်တုပို့ဆောင်ရေး ဝန်ဆောင်မှုသည် ဝယ်လိုအား ယခင်ကထက် ပို၍ပို၍ များလာသည်။
OneWeb နှင့် Starlink အပါအဝင် ကုမ္ပဏီများသည် ကမ္ဘာပတ်လမ်းတွင် အင်တာနက်အတွက် ဆက်သွယ်ရေးဂြိုဟ်တု ကွန်ရက်များ တည်ဆောက်နေကြသည်။
ရုရှားသည် ယူကရိန်းကို ယမန်နှစ်က စတင်ကျူးကျော်ခဲ့ပြီးနောက် ဂြိုဟ်တုပို့ဆောင်ရေး ဝန်ဆောင်မှု နိုင်ငံတကာဈေးကွက်ထဲမှ Soyuz ဂြိုဟ်တုပို့ဆောင်ရေး ဝန်ဆောင်မှုကို ရပ်နားထားလိုက်ရသည်။

 

 ယခုအခါ အမေရိကန်မှ SpaceX သည် ဂြိုဟ်တုပို့ဆောင်ရေး ဝန်ဆောင်မှု ဈေးကွက်ကို ဦးဆောင်နေသည်။ ၂၀၂၂ တွင် ၆၁ ကြိမ် ဒုံးပျံးလွှတ်တင်ခဲ့သည်။ 
 ဒုံးပျံဒီဇိုင်းအသစ်များ၊ ဒီဇိုင်း အဟောင်းကို မွမ်းမံထားသည့် ဒုံးပျံများလည်း အစီအရီ ထွက်ပေါ်နေသည်။

SpaceX က အကြိမ်ကြိမ် ပြန်သုံးနိုင်မည့် ဒုံးပျံအကြီးစား Starship ကို လွှတ်တင်ဖို့ အစီအစဉ်ရှိသည်။
United Launch Alliance က Vulcan Centaur ဒုံးပျံ စမ်းသပ်အဆင့် ရောက်နေပြီ ဖြစ်သည်။
ArianeGroup က Ariane 6 လွှတ်တင်မည်။
 
Mitsubishi Heavy သည် H3 ကို လက်ရှိသုံးနေသည့် H-IIA  ကုန်ကျစရိတ်ထက် ၅၀% သက်သာအောင် စီမံဆောင်ရွက်ခဲ့သည်။
ကုန်ကျစရိတ်သက်သာအောင် H3 ၏ အီလက်ထရွန်းနစ်အပိုင်းတွင် မော်တော်ယာဉ်မှာ အသုံးပြုသော ပစ္စည်းများ ၉၀% သုံးထားသည်။
အစိတ်အပိုင်းများကို ခင်းကျင်းနေရာချထားရာတွင် သုံးစွဲရသည့် ဝါယာကြိုးအမျိုးမျိုး ပမာဏ လျှော့ချပေးသည့် ဒီဇိုင်းကို သုံးထားသည်။

H3 ဒုံးပျံတွင် Mitsubishi Electric Corporation မှ တည်ဆောက်ခဲ့ပြီး အလေးချိန် ၃ တန်ရှိသည့် 
Advanced Land Observing Satellite-3 (ALOS-3) ဂြိုဟ်တုကို တင်ဆောင်ကာ ဖေဖော်ဝါရီလ ၁၄ ရက်တွင် လွှတ်တင်ရန် စီစဉ္ခဲ့သည်။
ရာသီဥတု အခြေအနေကြောင့် ရက်ရွှေ့ဆိုင်းခဲ့ပြီး  ဖေဖော်ဝါရီလ ၁၆ ရက်တွင် လွှတ်တင်ခဲ့သည်။
ပင်မအင်ဂျင် စက်နိုးပြီးနောက် အရံအားဖြည့် အင်ဂျင်များ စက်မနိုးသဖြင့် လွှတ်တင်မည့် အစီအစဉ် ဖျက်သိမ်းခဲ့ပါသည်။
 
"ကောင်းကောင်းမွန်မွန် လုပ်မပြရသေးခင်မှာ  H3 ကို ဈေးကွက်တင်ဖို့ ခက်လိမ့်မယ်" ဟု ဂြိုဟ်တုအော်ပရေတာများကို လွှတ်တင်ခြင်းဝန်ဆောင်မှုပေးသည့်ကုမ္ပဏီများနှင့် ချိတ်ဆက်ပေးသည့် တိုကျိုအခြေစိုက် ပွဲစားလုပ်ငန်းဖြစ်သော Space BD ကို တည်ထောင်သူ Masatoshi Nagasaki က  ပြောကြားသည်။
အရင်ဆုံး ကောင်းကောင်းမွန်မွန် နှစ်ကြိမ် လွှတ်တင်ပြပြီးမှ  H3 ကို စျေးကွက်ချဲ့ထွင်ရာတွင် ပိုမိုလွယ်ကူလာမည်ဖြစ်ကြောင်း Nagasaki မှ ပြောကြားခဲ့သည်။
Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 174 times