ဂျပန်ဒုံးပျံ မျိုးဆက်သစ် H3 လွှတ်တင်မှု ဖိလစ်ပိုင်ပင်လယ်တွင် အဆုံးသတ်


07 March, 2023

ဂျပန်ဒုံးပျံ မျိုးဆက်သစ် H3 လွှတ်တင်မှု ဖိလစ်ပိုင်ပင်လယ်တွင် အဆုံးသတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 
ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ Tanegashima Space Center မှ မျိုးဆက်သစ် H3 ဒုံးပျံကို လွှတ်တင်ခဲ့ရာ ဒုတိယအဆင့်အင်ဂျင် စက်မနိုးသဖြင့်  ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ Japan Aerospace Exploration Agency (Jaxa) သည် မစ်ရှင်ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။
 လွှင့်တင်ပြီး ၁၉ မိနစ်ခန့်အကြာတွင် H3 ဒုံးပျံသို့ ကိုယ်တိုင်ဖျက်ဆီးရန်ညွှန်ကြားချက် ပေးပို့ခဲ့သည်။ ဒုံးပျံက စက်သတ်လိုက်သည်။ သယ်ဆောင်ထားသော ဂြိုဟ်တု Daichi-3 နှင့်အတူ ဖိလစ်ပိုင်ပင်လယ်ထဲ ကျဆင်းသွားသည်။
Mitsubishi Heavy Industries မှ တည်ဆောက်ထားသော အမြင့် ၆၃ မီတာရှိသော H3  ၏ ပထမဆုံးခရီးစဉ် ကျရှုံးသွားခဲ့သည်။
လက်ရှိတွင် H3 ၏ အင်ဂျင်ကို ပြန်လည်ဆယ်ယူရန် အစီအစဉ်မရှိကြောင်း Jaxa မှ ပြောကြားခဲ့သည်။

Mitsubishi Heavy သည် H3 ကို ဆယ်စုနှစ်တစ်ခုကျော် လုပ်ကိုင်ခဲ့သည်။
H3 သည် ဂျပန်နိုင်ငံ၏ အထင်ကရ ဒုံးပျံအဖြစ် ၂၀၀၁ ခုနှစ်တွင် စတင်သုံးစွဲခဲ့သော H2-A ကို အစားထိုးရန် ရည်ရွယ်ထားသည်။

Satellite Industry Association ၏ အချက်အလက်များအရ ကမ္ဘာ့စီးပွားဖြစ် ဂြိုဟ်တုပို့ဆောင်ရေး ကဏ္ဍသည် ၂၀၂၁ တွင် ဝင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၃၈၆ ဘီလီယံ ရရှိခဲ့ပြီး ဆက်လက်ကြီးထွားနေသည်။ ရုရှားသည် ယူကရိန်းစစ်ပွဲကြောင့် ၎င်းကဏ္ဍမှ ဘေးထွက်ထိုင်နေရသည်။ 
ဂျပန်ဂြိုဟ်တုပို့ဆောင်ရေး လုပ်ငန်းကဏ္ဍသည် ဈေးနှုန်းအရ အားသာချက်ရရှိရန် ကြိုးပမ်းခဲ့သည်။
အမေရိကန်မှ SpaceX ၏ Falcon 9 သည် တသ်ကြိမ်လွှတ်တင်လျှင် ကန်ဒေါ်လာ ၆၇ သန်း ကုန်ကျသည်။
H2-A သည် ကန်ဒေါ်လာ သန်း ၉၀ ကုန်ကျသဖြင့် Falcon 9 ထက် သိသိသာသာ ဈေးကြီးနေသည်။
H3 သည် ကန်ဒေါ်လာ သန်း ၅၀ ခန့်သာ ကုန်ကျသည်။

ယခင်တစ်ကြိမ် ဖေဖော်ဝါရီ ၁၇ တွင် လွှတ်တင်ရန်ကြိုးပမ်းမှုတွင် ပင်မအင်ဂျင်မှ စနစ်ချို့ယွင်းမှုကြောင့် အားဖြည့်အင်ဂျင် စက်နှိုးရန် မညွှန်ကြားနိုင်ခဲ့ခြင်းကြောင့် လွှတ်တင်ရန် အစီအစဉ် ရုပ်သိမ်းခဲ့ရသည်။
ယခင်ဖော်ပြချက်
https://www.industrialdirectory.com.mm/article/-h3-japan-launch-market-with-new-rocket.html

Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 248 times