ပရူဒန်ရှယ်အာမခံမှ မန္တလေးမြို့တွင် စီစဉ်ကျင်းပသော Good Vibe Tribe Festival 2.0 အား ကျန်းမာကြံ့ခိုင်ရ


18 December, 2022

ပရူဒန်ရှယ်အာမခံမှ မန္တလေးမြို့တွင် စီစဉ်ကျင်းပသော Good Vibe Tribe Festival 2.0 အား ကျန်းမာကြံ့ခိုင်ရေး စိတ်ပါဝင်စားသူများ ရာနှင့်ချီ တက်ရောက်ခဲ့


                 

Prudential Myanmar Life Insurance Limited (ပရူဒန်ရှယ်အာမခံ) သည် Good Vibe Tribe Festival 2.0 အစီအစဉ်ကို မန္တလေးမြို့၊ ကုက္ကိုကျွန်းတွင် ယနေ့ မနက် ၇ နာရီမှ ၁၀ နာရီ အထိ ကျင်းပခဲ့ပါသည်။ Good Vibe Tribe Festival 2.0 တွင် မန္တလေးမြို့မှ ရာနှင့်ချီသော ကျန်းမာကြံ့ခိုင်ရေး စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ပြီး ကျွမ်းကျင်နည်းပြများဖြစ်သည့် Zumba နည်းပြဖြစ်သူ Noel၊ ယောဂနည်းပြဖြစ်သူ Leo Marco၊ အက နည်းပြများဖြစ်သူ YOLO YOLO တို့မှ ဦးဆောင်ခဲ့သည့် လေ့ကျင့်ခန်း အစီအစဉ်များ၊ ဂိမ်း အစီအစဉ်များနှင့် ဧည့်ခံကျွေးမွေးမှုအစီအစဉ်များလည်း ပါဝင်ခဲ့ပါသည်။

 

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ပရူဒန်ရှယ်အာမခံက မြန်မာနိုင်ငံတွင် အကြီးမားဆုံး အားလုံးပါဝင်နိုင်သည့် ကျန်းမာပျော်ရွှင်ရေး ဗဟိုပြုရပ်ဝန်းဖြစ်သည့် Good Vibe Tribe လူမှုရပ်ဝန်းကို မိတ်ဆက်ခဲ့ပါသည်။ အဆိုပါ “Good Vibe Tribe Community by Prudential Myanmar” လူမှုရပ်ဝန်းသည် လက်ရှိ အဖွဲ့ဝင်ပေါင်း (၁၀,၀၀၀) ကျော်ရှိနေပြီ ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများအနေဖြင့် အဖွဲ့ဝင်အချင်းချင်း ချိတ်ဆက်နိုင်ပြီး အတူတကွ လေ့လာသင်ယူနိုင်၊ အပြိုင်အဆိုင် လေ့ကျင့်မှုများပြုလုပ်နိုင်၊ ကျန်းမာရေး ပန်းတိုင်များအား အတူတကွ ရယူနိုင်သည့်အပြင် ကျန်းမာပျော်ရွှင်ရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များကို မျှဝေနိုင်ရန် တိုက်တွန်းအားပေးလျက်ရှိပါသည်။ Good Vibe Tribe လူမှုရပ်ဝန်းကို မည်သူမဆို အခမဲ့ ဝင်ရောက်နိုင်မည်ဖြစ်သည်။

 

Good Vibe Tribe Festival 2.0 သည် ပရူဒန်ရှယ်မြန်မာက ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ကျင်းပသော ပွဲတစ်ခု ဖြစ်ပြီး ပွဲ တက်ရောက်သူအားလုံး အတူတကွ စုပေါင်းပါဝင်လှုပ်ရှားနိုင်သော ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းအစီအစဉ်များ ပါဝင် ပါသည်။ ပထမ Good Vibe Tribe Festival အား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၆ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး လူပေါင်း (၅၀၀) ကျော်က လေ့ကျင့်လှုပ်ရှားမှုအစီအစဉ်များကို ပျော်ရွှင်စွာ အတူပါဝင်ဆင်နွှဲခဲ့ကြပါသည်။

 

Image_1_Presenter_Ko_Kaung_Htet_Zaw_Delivering_the_Opening_Speech_on_Behalf_of_U_Naing_Aye_Lynn_CEO_of_Prudential_Myanmar_Credit_to_Prudential_Myanmar.jpg 

ပုံ (၁) - Good Vibe Tribe Festival 2.0 ပွဲတွင် ပရူဒန်ရှယ်အာမခံ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးနိုင်အေးလင်း၏ ကိုယ်စား အစီအစဉ်တင်ဆက်သူ ကိုကောင်းထက်ဇော် မှ “ပရူဒန်ရှယ်အာမခံအနေနဲ့ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ပေးနိုင်ဖို့ ကတိကဝတ်ပြုထားပြီး Good Vibe Tribe လူမှုရပ်ဝန်းကတစ်ဆင့် ပြည်သူတွေ ဘဝကို အကောင်းမွန်ဆုံး ဖြတ်သန်းနိုင်ဖို့ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို စတင်မွေးမြူပြီး ပိုမိုကျန်းမာကြံ့ခိုင်လာအောင် တိုက်တွန်းအားပေးသွားမှာဖြစ်ပါတယ်။” ဟု အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။

 

 Image_2_Event_Attendees_Watching_the_Good_Vibe_Tribe_Festival_Video_Credit_to_Prudential_Myanmar.jpg

ပုံ (၂) - ပွဲတက်ရောက်သူများမှ Good Vibe Tribe Festival ဗီဒီယိုအား ကြည့်ရှုခဲ့ကြပါသည်။

 

 

Image_3_Good_Vibe_Tribe_Instructors_and_Special_guests_Credit_to_Prudential_Myanmar.jpg

ပုံ (၃) - Good Vibe Tribe နည်းပြဆရာများနှင့် အထူးဧည့်သည်များဖြစ်သော Siraveller – Travel with SiThu၊ Htet Ei’s Journey၊ Lovely dancer Mochi (Moe Pwint Phyu) နှင့် SM 58 – Su Yati တို့မှ ကျန်းမာစေသော အလေ့အထများ နေ့စဉ်လုပ်ဆောင်ခြင်း၏ အရေးပါပုံနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါသည်။

 

 

Image_4_Attendees_Participating_in_a_Yoga_Session_Led_by_Instructor_Leo_Marco_Credit_to_Prudential_Myanmar.jpg

ပုံ (၄) - ပွဲတက်ရောက်သူများမှ နည်းပြဆရာ Leo Marco ဦးဆောင်သည့် ယောဂလေ့ကျင့်ခန်း အစီအစဉ်တွင် ပါဝင်နေပုံ

 

 

Image_5_Attendees_Participating_in_Dance_Session_Led_by_Dance_Group_YOLO_YOLO_Credit_to_Prudential_Myanmar.jpg

ပုံ (၅) - ပွဲတက်ရောက်သူများမှ အကအဖွဲ့ YOLO YOLO ဦးဆောင်သည့် အက အစီအစဉ်တွင် ပါဝင်နေပုံ

 

 

Image_6_Attendees_Participating_in_a_Zumba_Workout_Led_by_Instructor_Noel_Credit_to_Prudential_Myanmar.jpg

ပုံ (၆) - ပွဲတက်ရောက်သူများမှ နည်းပြဆရာ Noel ဦးဆောင်သည့် Zumba လေ့ကျင့်ခန်း အစီအစဉ်တွင် ပါဝင်နေပုံ

 

 

Image_7_Attendees_Participating_in_Game_Activities_Guring_the_Event_Credit_to_Prudential_Myanmar.jpg

ပုံ (၇) - ပွဲတက်ရောက်သူများမှ ဂိမ်းအစီအစဉ်များတွင် ပါဝင်ဆော့ကစားနေပုံ

 

 

Image_8_Presenters_Announcing_the_Winners_of_the_Lucky_Draw_Programme_Credit_to_Prudential_Myanmar.jpg

ပုံ (၈) - အစီအစဉ်တင်ဆက်သူများမှ Lucky Draw အစီအစဉ်၏ အနိုင်ရရှိသူများကို ကြေညာခဲ့သည်။

 

 

Image_9_Good_Vibe_Tribe_Instructors_and_Presenters_Credit_to_Prudential_Myanmar.jpg

ပုံ (၉) - နည်းပြဆရာများနှင့် အစီအစဉ်တင်ဆက်သူများမှ Good Vibe Tribe booth တွင် ဓာတ်ပုံရိုက်ကူးနေကြပုံ

 

 

Image_10_Event_Attendees_Connecting_with_Other_Like-minded_Members_Credit_to_Prudential_Myanmar.jpg

ပုံ (၁၀) - ပွဲကျင်းပနေချိန်တွင် ပွဲတက်ရောက်လာသူများမှ အခြား စိတ်တူကိုယ်တူ Good Vibe Tribe အဖွဲ့ဝင်များနှင့် အချင်းချင်း ချိတ်ဆက်ကြပြီး ကျန်းမာပျော်ရွှင်ရေး အတွေ့အကြုံသစ်များကို ရယူခဲ့ကြသည်။

 

Good Vibe Tribe လူမှုရပ်ဝန်းအကြောင်း ပိုမိုသိရှိလိုပါက -

Good Vibe Tribe လူမှုရပ်ဝန်း - https://bit.ly/GVT_PMLI

Good Vibe Tribe Festival 2.0 ဗီဒီယို - https://fb.watch/h5h6VyqE-e/

 

 

Prudential Myanmar Life Insurance အကြောင်း

 

Prudential Myanmar Life Insurance (ပရူဒန်ရှယ်အာမခံ) သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားကို အဓိကထား၍ အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော Prudential plc ၏ အပိုင် အသက်အာမခံလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ရေရှည် ယုံကြည်စိတ်ချရသည့် ကာကွယ်စောင့်ရှောက်မှုနှင့် လိုအပ်ချိန်တွင် အထောက်အပံ့ဖြစ်စေမည့် စုဆောင်းငွေများ ပိုမို တိုးပွားလာစေမည့် အသက်အာမခံ ပေါ်လစီ ထုတ်ကုန်များနှင့် နည်းပညာဖြေရှင်းမှုစနစ်များကို ပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်  မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF) မှ ပေးအပ်သည့် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်  လိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။

 

ပရူဒန်ရှယ်အာမခံသည် မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ပျံ့နှံ့လာစေရန်နှင့် ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်နေပါသည်။ ပရူဒန်ရှယ်အာမခံ၏ နည်းပညာ ဦးစားပေးချဉ်းကပ်မှုဖြင့် အာမခံ ဝန်ဆောင်မှု များကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိအောင် လုပ်ဆောင်ပေးရန် ကတိကဝတ်ပြုထားသည်။

 

အသေးစိတ်သိရှိလိုပါက Prudential Myanmar Life Insurance ဝက်ဘ်ဆိုက် http://www.prudential.com.mm/ နှင့် Facebook စာမျက်နှာ www.facebook.com/PrudentialMyanmarLifeInsurance တို့တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

Prudential plc အကြောင်း

Prudential plc သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားရှိ ဈေးကွက် (၂၃) ခုတွင် အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ Prudential plc လုပ်ငန်းသည် ကျန်းမာရေးစောင့်ရှောက်မှုများကို ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူရယူနိုင်အောင် ပြုလုပ်ပေးခြင်းနှင့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးခြင်းဖြင့် လူအများ၏ ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်အောင် ကူညီပေးနေပါသည်။ Prudential သည် လူအများ၏ ပိုင်ဆိုင်မှုကို ကာကွယ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာနိုင်အောင်နှင့် ရည်မှန်းချက်ပန်းတိုင်များကို ရယူနိုင်အောင် ကူညီပေးလျက်ရှိပါသည်။ Prudential plc တွင် အသက်အာမခံရယူသူ ၁၉ မီလီယံကျော်ရှိပြီး ဟောင်ကောင် စတော့အိတ်ချိန်း (2378) နှင့် လန်ဒန် စတော့အိတ်ချိန်း (PRU) ဈေးကွက်များတွင် primary listings စာရင်းဝင်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် စင်ကာပူ စတော့အိတ်ချိန်း (K6S) တွင် secondary listing စာရင်းဝင်ခဲ့ပြီး အမေရိကန်နိုင်ငံ အသိအမှတ်ပြု American Depositary Receipts အရ နယူးယောက် စတော့အိတ်ချိန်း (PUK) တွင်လည်း စာရင်းဝင်ခဲ့ပြီး ဖြစ်ပါသည်။

 

Prudential plc သည် အမေရိကန်ပြည်ထောင်စုတွင် အဓိက လုပ်ငန်းအခြေစိုက်သည့် Prudential Financial, Inc. နှင့် United Kingdom ရှိ M&G plc ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် Prudential Assurance Company တို့နှင့် လုပ်ငန်းဆက်စပ်မှု မရှိပါ။ https://www.prudentialplc.com/

 

 

Good Vibe Tribe Festival 2.0 Organised by Prudential Myanmar in Mandalay Attracts Hundreds of Health and Wellness Enthusiasts

 

Prudential Myanmar Life Insurance Limited (Prudential Myanmar) today hosted Good Vibe Tribe Festival 2.0 at Kokko Island, Mandalay, from 7am to 10am. Several hundred Mandalay-based health and wellness enthusiasts were in attendance to enjoy workout sessions led by expert instructors – Noel (Zumba), Leo Marco (Yoga) and YOLO YOLO (Dance), as well as games and refreshments.

 

In July 2022, Prudential Myanmar launched the Good Vibe Tribe, Myanmar’s largest, inclusive community focused on fitness and wellness. The “Good Vibe Tribe Community by Prudential Myanmar”, now with over 10,000 members, encourages people across the country to connect, learn, set exercise challenges, work towards health goals, and share health and wellness information. The community is open to everyone and free to join.

 

Good Vibe Tribe Festival 2.0 was the second mass workout event organised by Prudential Myanmar this year. The first Good Vibe Tribe Festival was held in Yangon on 6 August 2022 which saw more than 500 attendees enjoy workout sessions together.

 

 

Image_1_Presenter_Ko_Kaung_Htet_Zaw_Delivering_the_Opening_Speech_on_Behalf_of_U_Naing_Aye_Lynn_CEO_of_Prudential_Myanmar_Credit_to_Prudential_Myanmar.jpg

Image 1 – On behalf of U Naing Aye Lynn, CEO of Prudential Myanmar, Presenter Ko Kaung Htet Zaw delivered the opening speech at the Good Vibe Tribe Festival 2.0 event, “Prudential Myanmar is committed to improving the health of people across Myanmar and through the Good Vibe Tribe community, we are inspiring many across the country to adopt a healthy lifestyle every day so they can enjoy the most out life of life.”

 

 

Image_2_Event_Attendees_Watching_the_Good_Vibe_Tribe_Festival_Video_Credit_to_Prudential_Myanmar.jpg

Image 2 – Event attendees watched the Good Vibe Tribe Festival Video.

 

 

 

Image_3_Good_Vibe_Tribe_Instructors_and_Special_guests_Credit_to_Prudential_Myanmar.jpg

Image 3 - Good Vibe Tribe instructors and special guests, Siraveller – Travel with SiThu, Htet Ei’s Journey, Lovely dancer Mochi (Moe Pwint Phyu) and SM 58 – Su Yati discussed the importance of practising healthy habits on a daily basis.

 

 

Image_4_Attendees_Participating_in_a_Yoga_Session_Led_by_Instructor_Leo_Marco_Credit_to_Prudential_Myanmar.jpg

Image 4 - Attendees participating in a Yoga session led by instructor Leo Marco.

 

 

Image_5_Attendees_Participating_in_Dance_Session_Led_by_Dance_Group_YOLO_YOLO_Credit_to_Prudential_Myanmar.jpg

Image 5 - Attendees participating in Dance session led by dance group YOLO YOLO.

 

 

 

Image_6_Attendees_Participating_in_a_Zumba_Workout_Led_by_Instructor_Noel_Credit_to_Prudential_Myanmar.jpg

Image 6 - Attendees participating in a Zumba workout led by instructor Noel.

 

 

 

  Image_7_Attendees_Participating_in_Game_Activities_Guring_the_Event_Credit_to_Prudential_Myanmar.jpg

Image 7 - Attendees participating in game activities during the event.

 

 

Image_8_Presenters_Announcing_the_Winners_of_the_Lucky_Draw_Programme_Credit_to_Prudential_Myanmar.jpg

Image 8 - Presenters announcing the winners of the Lucky Draw programme.

  

 

Image_9_Good_Vibe_Tribe_Instructors_and_Presenters_Credit_to_Prudential_Myanmar.jpg

Image 9 – Good Vibe Tribe Instructors and presenters taking photos at Good Vibe Tribe booth

 

 

 

Image_10_Event_Attendees_Connecting_with_Other_Like-minded_Members_Credit_to_Prudential_Myanmar.jpg

Image 10 - During the event, attendees connected with other like-minded Good Vibe Tribe members and enjoyed new health and wellness experiences.

 

For more information about the Good Vibe Tribe community, please visit:

Good Vibe Tribe Community: https://bit.ly/GVT_PMLI 

Good Vibe Tribe Festival 2.0 Video: https://fb.watch/h5h6VyqE-e/

 

About Prudential Myanmar Life Insurance

Prudential Myanmar Life Insurance (Prudential Myanmar) is a wholly owned life insurance operation of Prudential plc, which provides life and health insurance and asset management, with a focus on Asia and Africa. In November 2019, Prudential was granted a life insurance licence from the Ministry of Planning and Finance (MoPF) of Myanmar to offer life insurance products and solutions to the people of Myanmar to meet their growing long-term protection and savings needs.

 

Prudential Myanmar is focused on supporting national efforts to raise life insurance penetration and financial inclusion in the country. With its technology-enabled approach, Prudential Myanmar is committed to reach as many people as possible, and to ensure they enjoy an easy, simple and convenient experience.

 

For more information, visit Prudential Myanmar’s website: www.prudential.com.mm or Facebook page: www.facebook.com/PrudentialMyanmarLifeInsurance

 

About Prudential plc

Prudential plc provides life and health insurance and asset management in 23 markets across Asia and Africa. The business helps people get the most out of life, by making healthcare affordable and accessible and by promoting financial inclusion. Prudential protects people’s wealth, helps them grow their assets, and empowers them to save for their goals. The business has more than 19 million life customers and has dual primary listings on the Stock Exchange of Hong Kong (2378) and the London Stock Exchange (PRU). It also has a secondary listing on the Singapore Stock Exchange (K6S) and a listing on the New York Stock Exchange (PUK) in the form of American Depositary Receipts. It is also a constituent of the Hang Seng Composite Index.

 

Prudential is not affiliated in any manner with Prudential Financial, Inc. a company whose principal place of business is in the United States of America, nor with The Prudential Assurance Company Limited, a subsidiary of M&G plc, a company incorporated in the United Kingdom. https://www.prudentialplc.com/

Insurance Local News Read 563 times