လိမ်ညာလှည့်ဖြား မသမာမှုများဆောင်ရွက်နေသဖြင့် Gold T 6  ကို အရေးယူမည်ဟု ဗဟိုဘဏ် ကြေညာ


28 June, 2023

လိမ်ညာလှည့်ဖြား မသမာမှုများဆောင်ရွက်နေသဖြင့် Gold T 6  ကို အရေးယူမည်ဟု ဗဟိုဘဏ် ကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

လိမ်ညာလှည့်ဖြား မသမာမှုများဆောင်ရွက်နေသဖြင့် Gold T 6  ကို အရေးယူမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။


လူမှုကွန်ယက်စာမျက်နှာနှင့် Website များတွင် Gold T 6 အမည်ဖြင့် လိမ်ညာလှည့်ဖြား မသမာမှုများဆောင်ရွက်နေကြောင်း တွေ့ရှိရ၍ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခြင်း
Post Date :
28-06-2023
မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ရက်စွဲ ၊ ၂၀၂၃ ခုနှစ် ၊ ဇွန်လ ၂၈  ရက်

လူမှုကွန်ယက်စာမျက်နှာနှင့် Website များတွင် Gold T 6 အမည်ဖြင့် လိမ်ညာလှည့်ဖြား မသမာမှုများဆောင်ရွက်နေကြောင်း တွေ့ရှိရ၍ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခြင်း

၁။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့် အညီ နိုင်ငံပိုင်ဘဏ် (၄) ဘဏ်၊ ပုဂ္ဂလိကဘဏ် (၂၇) ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲနှင့် လက်အောက်ခံဘဏ် (၂၀) တို့အား ဘဏ်လုပ်ငန်းလုပ် ကိုင်ခွင့်လိုင်စင်များကို ခွင့်ပြုထုတ်ပေးထားပြီး ၊ အပ်နှံငွေလက်ခံခြင်းလုပ်ငန်းအပါအဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အထက်ပါပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ခွင့်ပြုထားပါသည်။
၂။    သို့ရာတွင် လူပုဂ္ဂိုလ်/ကုမ္ပဏီအချို့သည် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၅၈ နှင့် ၁၆၃ တို့ပါ ပြဋ္ဌာန်းချက်များအရ “မည်သူ မျှလိုင်စင်မရှိဘဲ ဘဏ်အဖြစ်ထူထောင်လုပ်ကိုင်ခြင်းမပြုရန်” တားမြစ်ချက်နှင့် “မည်သူမျှလိုင်စင်မရှိဘဲ အပ်နှံငွေလက်ခံသည့် လုပ်ငန်းလုပ် ကိုင်ဆောင်ရွက်ခြင်းမပြုရန်” တားမြစ်ချက်တို့ကို လိုက်နာခြင်းမရှိဘဲ မိဘပြည်သူတို့ထံမှ အပ်နှံငွေကို ရင်းနှီးမြှုပ်နှံမှုဟု အမည်တပ်ပြီး အတိုး နှုန်းမြင့်မားစွာပေးမည်ဖြစ်ကြောင်း မဖြစ်နိုင်သည့် မက်လုံးများပေးကာ လိမ်လည်လှည့်ဖြားပြီးရယူရန် ဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။
၃။    ယင်းသို့လိမ်ညာလှည့်ဖြားသူများအနက် လူမှုကွန်ယက်စာမျက်နှာနှင့် Website များတွင် Gold T 6 သို့မဟုတ် Gold T 6 Trading အ မည်ပါ ဖော်ပြထားသူသည် အိမ်ခြံမြေ၊ ရွှေ၊ နိုင်ငံခြား ငွေစသည့်တို့တွင်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ ဗဟိုဘဏ်နှင့်လည်း ပူးပေါင်းထား ကြောင်းစသည်ဖြင့် မဟုတ်မမှန်သည့်လိမ်ညာလှည့်ဖြား ကြော်ငြာချက်များ ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။
၄။    ဤကဲ့သို့ လိမ်ညာလှည့်ဖြားဆောင်ရွက်သူများသည် မဖြစ်နိုင်သည့်မက်လုံးများဖြင့် မိဘပြည်သူတို့ထံမှ ငွေကြေးများကို လိမ်ညာရယူ အမြတ်ထုတ်ရန် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် ဤလိမ်ညာလှည့်ဖြားသူများ၏ အစီအစဉ်များတွင် ပါဝင်ခြင်း မရှိ ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ဥပဒေနှင့်အညီ ဘဏ်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဘဏ်များတွင် တစ်နှစ်အတိုးနှုန်းအများဆုံး ၉ ရာခိုင်နှုန်းခန့် ရရှိနိုင်သည့်အခြေအနေတွင် လိမ်ညာလှည့်ဖြားသူများက တစ်ရက်လျှင် အတိုးနှုန်း ၆ ရာခိုင်နှုန်းပေးမည်ဖြစ်ကြောင်း ဖော်ပြထား ခြင်းသည် လုံးဝမဖြစ်နိုင်သည့် မက်လုံးကို ကြော်ငြာထားခြင်းဖြစ်သဖြင့် မိဘပြည်သူများ သတိပြုရှောင်ကြဉ်နိုင်ရန် အသိပေးအပ်ပါသည်။
၅။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ယင်းလိမ်ညာလှည့်ဖြားသူ Gold T 6 သို့မဟုတ် Gold T 6 Trading ကိုလည်းကောင်း၊ ယင်းတွင် ပါဝင် ပတ်သက်သူများကိုလည်းကောင်း  ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေပုဒ်မ ၁၅၈ ၊ ပုဒ်မ ၁၆၃ ၊ ပုဒ်မ ၁၇၁ နှင့် ပုဒ်မ ၁၇၂ တို့နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၆။    ဤကဲ့သို့ အရေးယူဆောင်ရွက်ခြင်းများအပြင် လူမှုကွန်ယက်စာမျက်နှာနှင့် Website များတွင်မဟုတ်မမှန်သောနည်းလမ်းဖြင့် လိမ်ညာလှည့်ဖြားပြီး အကျိုးအမြတ်ရယူရန်ဆောင်ရွက်ခြင်း၊ တရားမဝင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို ဆက်လက် ရှာဖွေဖော်ထုတ်ကာ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ဆက် စပ်ပြဋ္ဌာန်းချက်များအပြင် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


 

Laws and Regulations Read 537 times