နှစ်နိုင်ငံမှအပ ကျန်အာရှနိုင်ငံများ GDP အလားအလာ ADB လျှော့ချခန့်မှန်း


21 July, 2022

နှစ်နိုင်ငံမှအပ ကျန်အာရှနိုင်ငံများ GDP အလားအလာ ADB လျှော့ချခန့်မှန်း

အာရှ ဖွံ့ဖြိုးရေးဘဏ် Asia Development Bank ADB ရဲ့ကြာသပတေးနေ့ (ဇူလိုင် ၂၁) မှာ ထုတ်ပြန်တဲ့ နောက်ဆုံးထုတ် အစီရင်ခံစာ ဖြည့်စွက်ချက်မှာ တရုတ်နိုင်ငံ စီးပွားကြီးထွားနှုန်း နှေးနေပြီး အာရှရှိ နိုင်ငံစီးပွား အများစု ဂျီဒီပီ အလားအလာတို့ကို အာရှဖွံ့ဖြိုးရေးဘဏ်က လျှော့ချ ခန့်မှန်းထားပါတယ်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နိုင်ငံစီးပွားရေး နှစ်ရပ်မှတစ်ပါး အခြားအာရှနိုင်ငံများရဲ့ ကြီးထွားနှုန်းများကို လျှော့ချခန့်မှန်းထားပါတယ်။

ဖိလစ်ပိုင်ရဲ့ ယခုနှစ် ကြီးထွားနှုန်းကို ယခင်က ၆% ခန့်မှန်းထားပြီး ယခု ၆.၅% ပြင်ဆင်ခန့်မှန်းပါတယ်။ အင်ဒိုနီးရှား ကြီးထွားနှုန်းကို ယခင်က ၅%  ခန့်မှန်းခဲ့ပြီး ယခု ၅.၂% ပြင်ဆင်ခန့်မှန်းပါတယ်။
အာရှဒေသ ကြီးထွားနှုန်းအပေါ် တရုတ်နိုင်ငံရဲ့ ကိုဗစ်သုည မူဝါဒ လုပ်နည်းကိုင်ဟန်ကြောင့် လော့ဒေါင်းများချသဖြင့် ပစ္စည်းပေးသွင်းကွင်းဆက် ထိခိုက်ခြင်း၊ ယူကရိန်းစစ်ပွဲ ဂယက်ရိုက်ခြင်း၊ အမေရိကန်ဗဟိုဘဏ် အတိုးနှုန်း မြှင့်တင်ခြင်းတို့ သက်ရောက်နေပါတယ်။ 

အစီရင်ခံစာ ဖြည့်စွက်ချက်မှာ  ဖွံ့ဖြိုးဆဲအာရှအတွက် တိုးတက်မှုခန့်မှန်းချက်ကို ၂၀၂၂ ခုနှစ်အတွက် ၅.၂% မှ ၄.၆% သို့ လျှေ့ချခန့်မှန်းပါတယ်။ ၂၀၂၃ ခုနှစ်အတွက် ၅.၃% မှ ၅.၂% သို့ ပြန်လည်ပြင်ဆင် ခန့်မှန်းထားပါတယ်။

 ဖွံ့ဖြိုးဆဲအာရှအတွက် ငွေကြေးဖောင်းပွမှုခန့်မှန်းချက်ကို ၂၀၂၂ ခုနှစ်အတွက် ၃.၇% မှ ၄.၂% သို့လည်းကောင်း၊ ၂၀၂၃  ခုနှစ်အတွက် ၃.၁% မှ ၃.၅%  သို့လည်းကောင်း တိုးမြှင့်ခန့်မှန်းထားပါတယ်။

#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U

Industry Reviews Read 1019 times