စားသုံးဆီ ထည့်ရန် Food Grade အဆင့်မီ ပေပါများ သုံးစွဲရန် လိုအပ်


22 April, 2022

စားသုံးဆီ ထည့်ရန် Food Grade အဆင့်မီ ပေပါများ သုံးစွဲရန် လိုအပ်
 

စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရန်အတွက် (၁.၅.၂၀၂၂) ရက်နေ့မှ စတင်၍ ဆီကန်မှထုတ်ယူသော စားသုံးဆီများအား Food Grade အဆင့်ရှိ အဝါရောင် ပေပါအသစ် (သို့မဟုတ်) သန့်စင်ပြီးပေပါအဟောင်း၊ စားသုံးဆီသီးသန့် သယ်ဆောင်သော ဘောက်ဆာယာဉ်များနှင့် သန့်စင်ပြီး Food Grade Tank များသို့သာ ဆီဖြည့်သွင်းပေးမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသည့် ပေပါများ၊ ဘောက်ဆာယာဉ်များအတွင်းသို့ ဆီဖြည့်သွင်း ပေးမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (meda)မှ ယနေ့ဧပြီလ ၂၂ ရက်တွင် အသိပေးကြေငြာချက် ထုတ်ပြန်ထားပါသည်။ 

Agriculture & Livestock Read 1240 times