၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ဘီယာလုပ်ငန်းကဏ္ဍကြောင့် F&N ဝင်ငွေ သိသိသာသာ ပိုများ


12 November, 2023

၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ဘီယာလုပ်ငန်းကဏ္ဍကြောင့် F&N ဝင်ငွေ သိသိသာသာ ပိုများ 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

F&N ၏ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် ၀င်ငွေ စင်ကာပူဒေါ်လာ ၂.၁ ဘီလီယံ ရရှိခဲ့သည်။ ယမန်နှစ်က စင်ကာပူဒေါ်လာ ၂ ဘီလီယံ ရရှိခဲ့သည်ထက် ၄.၈% ပိုများပါသည်။ 

အဖျော်ယမကာနှင့် ပုံနှိပ်ထုတ်ဝေရေးကုမ္ပဏီ Fraser and Neave (F&N) သည် နိုဝင်ဘာလ (၉)ရက်နေ့တွင် စက်တင်ဘာလ ၃၀ ရက်တွင် ပြီးဆုံးသည့် ဘဏ္ဍာနှစ်တွင် အသားတင်အမြတ် စင်ကာပူဒေါ်လာ ၁၃၃.၂ သန်း ရရှိကြောင်း နိုဝင်ဘာလ ၉ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်သည်။
ယခင်ဘဏ္ဍာနှစ်တွင် စင်ကာပူဒေါ်လာ ၁၂၄.၉ သန်း ရရှိခဲ့သည်ထက် ၆.၇% ပိုများပါသည်။

ဝင်ငွေသည် ယခင်ဘဏ္ဍာနှစ်တွင် စင်ကာပူဒေါ်လာ ၂ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၃ ဘဏ္ဍာနှစ်တွင် စင်ကာပူဒေါ်လာ ၂.၁ ဘီလီယံ ရရှိသဖြင့်  ၄.၈ ရာခိုင်နှုန်း တိုးပါသည်။ ယခုလို ဝင်ငွေတိုးသွားခြင်းသည် အဖျော်ယမကာလုပ်ငန်းကဏ္ဍတွင် ဝင်ငွေတိုးခြင်းကြောင့် ဖြစ်ပါသည်။ 
 အဖျော်ယမကာလုပ်ငန်းကဏ္ဍတွင် ယခင်နှစ်ထက် ၆.၁% တိုးခဲ့ပြီး စင်ကာပူဒေါ်လာ ၆၀၃.၅ သန်း ရရှိပါသည်။ 

အဖျော်ယမကာလုပ်ငန်းကဏ္ဍတွင် ဝင်ငွေတိုးသည်မှာ အဓိကအားဖြင့်  မြန်မာနိုင်ငံမှ ဘီယာလုပ်ငန်းကဏ္ဍကြောင့် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ဘီယာလုပ်ငန်းကဏ္ဍကို တိုးချဲ့ခဲ့သဖြင့် ဝင်ငွေ ပိုမို ရရှိခဲ့ပါသည်။
မြန်မာကျပ်ငွေသည် စင်ကာပူ‌ဒေါ်လာနှင့် ငွေလဲနှုန်းတွင် တန်ဖိုးလျော့ကျနေသည့်ကြားမှ စင်ကာပူဒေါ်လာဖြင့် ဖော်ပြသော ဝင်ငွေ တိုးခဲ့ပါသည်။ မြန်မာနိုင်ငံမှ ဘီယာလုပ်ငန်းကဏ္ဍမှ ဝင်ငွေ စင်ကာပူဒေါ်လာ ၁၆.၈ သန်း ရရှိခဲ့ပါသည်။


F&N ၏ နို့ထွက်ပစ္စည်းကဏ္ဍမှ ၀င်ငွေ စင်ကာပူဒေါ်လာ ၁.၂ ဘီလီယံ ရရှိခဲ့ပြီး ယမန်နှစ်ထက်  ၀.၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

အဓိကအားဖြင့် စင်ကာပူတွင် နို့ထွက်ပစ္စည်းရောင်းအား ကျဆင်းခဲ့ခြင်းနှင့် ထိုင်းဘတ်ငွေသည် စင်ကာပူ‌ဒေါ်လာနှင့် ငွေလဲနှုန်းတွင် တန်ဖိုးလျော့ကျနေသည့်အတွက် ထိုင်းဈေးကွက်အတွက် ဝင်ငွေ လျော့နည်းနေခြင်းတို့ကြောင့် ဖြစ်ပါသည်။


F&N ၏ ပုံနှိပ်ထုတ်ဝေခြင်းကဏ္ဍမှ ရရှိသော ဝင်ငွေသည် စင်ကာပူဒေါ်လာ ၂၂၁.၄ သန်းဖြစ်ပြီး ယမန်နှစ်ထက် ၃.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။
Source business times 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global News Investment/Divestment Read 353 times