ဇောတိကမှ စီမံကိန်းအတွက် ဝယ်ယူမှုကန်ထရိုက် စင်ကာပူမှ Federal ရရှိကြောင်း အတည်ပြု


02 October, 2021

ဇောတိက ကမ်းလွန်တူးဖော်ရေးမှာ လုပ်ကိုင်ပေးဖို့အတွက် စင်ကာပူမှ  Federal International က အင်ဒိုနီးရှားမှ Gunanusa Utama Fabricators နှင့် ဝယ်ယူမှုဆိုင်ရာ သဘောတူညီချက်ကို ရရှိခဲ့ပါတယ်။ 

Federal က  Gunanusa နဲ့ မဟာဗျူဟာမြောက် စီပွားဖက် ပြုထားပြီး  Gunanusa မှာ ရှယ်ယာ ၂.၅၈% ဝယ်ယူထားပါတယ်။ 

စက်တင်ဘာလ ၂၄ ရက်မှာ Federal က ထုတ်ဖော်ပြောကြားခဲ့တာမှာ ဝယ်ယူမှု သဘောတူညီချက်ကို Gunanusa နှင့် လက်မှတ်ရေးထိုးပြီးပြီဖြစ်ကြောင်း Gunanusa က အင်ဂျင်နီယာလုပ်ငန်းများ၊ ဝယ်ယူခြင်းများ၊ ဆောက်လုပ်ရေးနှင့် တပ်ဆင်ရေးတိုပကို ကမ်းလွန်တွင်းတူးစင် လေးခုအတွက် ကန်ထရိုက်ရရှိထားတာမှာ ဆက်နွှယ်နေတဲ့ ပိုက်လိုင်းများ လုပ်ကိုင်ပေးဖို့လည်း ပါဝင်ကြောင်း အသိပေးခဲ့ပါတယ်။တန်ဖိုးပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြစ်ပြီး Gunanusa လုပ်ကိုင်ပေးမယ့် Zawtika phase 1D  စီမံကိန်းအတွက် သတ်မှတ်ထားတဲ့ ပစ္စည်းများနှင့် စက်ကိရိယာများကို  Federal က ပေးသွင်းရမှာ ဖြစ်ပါတယ်။ 

Phase 1D ဟာ PTTEP ရဲ့ ကမ်းလွန်တူးဖော်မှုရဲ့ နောက်ဆုံးဘိတ် တိုးချဲ့တဲ့အဆင့်တစ်ခု ဖြစ်ပါတယ်။ 

ဇောတိက ကမ်းလွန်ဓာတ်ငွေ့သိုက်မှာ သမားရိုးကျ တူးဖော်မှု ပလက်ဖောင်း ၁၁ ခု ရှိနေပြီး ပထမအဆင့် သုံးခု ဖြစ်တဲ့ 1A, 1B နဲ့ 1C တို့က လုပ်ကိုင်လည်ပတ်နေကြပြီ ဖြစ်ပါတယ်။ 

စီမံကိန်းမှာ PTTEP က ၈၀% ပါဝင်ထားပြီး စီမံကိန်းက Block M9 နဲ့ ကပ်လျက်  Block M11 ရဲ့ အရှေ့မြောက် အပိုင်းငယ်တို့မှာ တည်ရှိပါတယ်။ ကျန်တဲ့ ၂၀ % ကိုတော့ နိုင်ငံပိုင် Myanma Oil & Gas Enterprise က ပိုင်ဆိုင်ပါတယ်။ 

.upstreamonline.com
 

Local News Read 348 times