ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော အလှကုန်ပစ္စည်း(၆)မျိုး FDA ထုတ်ပြန်ကြေညာ


28 September, 2022

ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော အလှကုန်ပစ္စည်း(၆)မျိုး FDA ထုတ်ပြန်ကြေညာ


ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA မှ သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း(၆)မျိုး FDA ထုတ်ပြန်သည့် ကြေညာချက် မူရင်း အပြည့်အစုံကို ဖော်ပြအပ်ပါသည်။



သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေငြာချက်

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေး အန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲ လျက်ရှိပါသည်။

၂။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ၂၀၂၂ခုနှစ်အတွင်း ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန်ပစ္စည်းများကိုစစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန်ပစ္စည်း(၆)မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေး အတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရ သဖြင့် အများပြည်သူလူထုသုံးစွဲရန် မသင့်တော်ပါကြောင်း အသိပေးအပ်ပါသည်။

 

 

သားရေ . . .

MIG
 

Laws and Regulations Read 316 times