ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှု စောင့်ကြည့်ရေးအဖွဲ့FATF က မြန်မာကို နာမည်ပျက်စာရင်း


22 October, 2022

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှု စောင့်ကြည့်ရေးအဖွဲ့FATF က မြန်မာကို နာမည်ပျက်စာရင်းသွင်း

 

TO GET INSTANT UPDATE 
Join Telegram Channel 

 https://t.me/Guid4U

 

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် ငွေကြေးထောက်ပံ့မှု စောင့်ကြည့်ရေးအဖွဲ့FATF အစည်းအဝေးတွင်  မြန်မာနိုင်ငံကို နာမည်ပျက်စာရင်းသွင်းခဲ့သည်။
.
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှု စောင့်ကြည့်ရေး အဖွဲ့Financial Action Task Force (FATF) က မြန်မာနိုင်ငံကို black list ထဲထည့်ရန် ဆုံးဖြတ်ပါသည်။ မြန်မာနိုင်ငံရှိ စီးပွားရေးနှင့် အရောင်းအဝယ်ကိစ္စများတွင် နိုးနိုးကြားကြားဖြင့် လိုက်နာကျင့်သုံးခြင်း တိုးမြှင့်ရန် အဖွဲ့ဝင်များအား ပြောကြားသည်။
.
အဆင့်မြင့် ဖွံ့ဖြိုးပြီးစီးပွားရေး ခုနစ်နိုင်ငံအုပ်စုမှ စစချင်းတွင် ငွေကြေးခဝါချမှုကို တန်ပြန်တိုက်ဖျက်ရန် Financial Action Task Force ကို ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ထိုနောက်  အကြမ်းဖက်ငွေကြေးထောက်ပံ့မှုကို တန်ပြန်တိုက်ဖျက်ရန်နှင့် အများအပြား ပျက်စီးစေသည့်   လက်နက်များ ပြန့်ပွားခြင်းကို တန်ပြန် တိုက်ဖျက်ရန်အတွက် ၎င်း၏လုပ်ပိုင်ခွင့်ကို တိုးချဲ့ခဲ့ပါသည်။

.
ယခုအခါ မြန်မာနိုင်ငံသည်  ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး ရန်ပုံငွေ စည်းမျဉ်းဘောင် အားနည်းသော နိုင်ငံအဖြစ် FATF ၏ နာမည်ပျက် စာရင်းတွင် ပါဝင်နေပြီ ဖြစ်ပါသည်။ 
.
 ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသည် ၎င်း၏ မဟာဗျူဟာမြောက် ချို့ယွင်းချက်များကို ဖြေရှင်းရန် ကတိကဝတ်ပြုခဲ့သည်။
 .
မြန်မာနိုင်ငံ၏ လုပ်ဆောင်ချက်အစီအစဉ် လုပ်ငန်းစီမံချက် action planသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် သက်တမ်းကုန်ဆုံးခဲ့သည်။
.
၂၀၂၂ ခုနှစ် ဇွန်လတွင် FATF မှ မြန်မာနိုင်ငံအား ၎င်း၏ လုပ်ငန်းစီမံချက်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် လျင်မြန်စွာ အပြီးသတ် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ မပြီးစီးပါက မြန်မာနိုင်ငံကို အမည်ပျက်စာရင်း သွင်းမည် ဖြစ်သည်။
သက်တမ်းကုန်ဆုံးခဲ့ပြီး တစ်နှစ်ကြာခဲ့သည့်တိုင် အခြေအနေ ထူးခြားမလာသဖြင့် FATF သည် လုပ်ထုံးလုပ်နည်းများအရ ဆက်လက်အရေးယူ ဆောင်ရွက်ဖို့ ဆုံးဖြတ်ပါသည်။
.
အဖွဲ့ဝင်နိုင်ငံများက အရေးယူဆောင်ရွက်ကြရာတွင် လူသားချင်းစာနာထောက်ထားသည့် အကူအညီအတွက် ရန်ပုံငွေများ၊ အကျိုးအမြတ်မရှာသည့် တရားဝင် အဖွဲ့အစည်းများ legitimate nonprofit organization (NPO) တို့၏ လုပ်ကိုင်ဆောင်ရွက်မှုများအတွက် ရန်ပုံငွေများ စီးဆင်းခြင်း နှင့် ငွေလွှဲခြင်းတို့ မထိခိုက်အောင် လုပ်ဆောင်ကြရမည်ဟု FATF က အကြံပြုတိုက်တွန်းပါသည်။
.
မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ချို့ယွင်းချက်များကို ဖြေရှင်းရန်အတွက် ၎င်း၏ လုပ်ငန်းစီမံချက်ကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သင့်ကြောင်းလည်း အကြံပြုတိုက်တွန်းပါသည်။ 
.
ငွေကြေးခဝါချမှု Money laundering (ML) ကို အရေးပါသည့်ကဏ္ဍများတွင် တိုက်ဖျက်မှု တိုးတက်ကောင်းမွန်ကြောင်း လက်တွေ့ပြသခြင်း၊ ဟွန်ဒီ hundi ငွေလွှဲ လုပ်ကိုင်သူများအား စာရင်းသွင်း မှတ်ပုံတင်ခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုလည်း လက်တွေ့လုပ်ကိုင်ပြသရမည် ဖြစ်ပါသည်။
.
နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ တိုးပွားလာခြင်း၊  မူးယစ်စေသည့် ဓာတုဆေးဝါးများ တင်ပို့မှု၊ အွန်လိုင်းလောင်းကစားများ၊ နယ်စပ်ဖြတ်ကျော် ဟွန်ဒီငွေလွှဲခြင်းများ အစရှိသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အရေးယူကိုင်တွယ်‌ပေးရမည် ဖြစ်ပါသည်။ 
.
မြန်မာနိုင်ငံသည် ချို့ယွင်းချက်များကို အပြည့်အဝ ကိုင်တွယ်ဖြေရှင်းရန် မြန်မာနိုင်ငံအား FATF က တိုက်တွန်းထားပြီး ဆောင်ရွက်မှုအစီအစဉ် အပြည့်အစုံ မပြီးမချင်း အရေးယူဆောင်ရွက်ရန် တောင်းဆိုသည့် နိုင်ငံများစာရင်းဖြစ်သည့် အမည်ပျက်စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ရှိနေမည်ဖြစ်ပါသည်။
Source ANI

TO GET INSTANT UPDATE 
Join Telegram Channel 

 https://t.me/Guid4U

 

Laws and Regulations Read 304 times