လာမည့်နှစ်တွင် EPS လုပ်သား ၁၆၅,၀၀၀ စံချိန်တင် ကိုရီးယား ခေါ်ယူမည်


28 November, 2023

လာမည့်နှစ်တွင် EPS လုပ်သား ၁၆၅,၀၀၀ စံချိန်တင် ကိုရီးယား ခေါ်ယူမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အလုပ်အကိုင် ပါမစ်စနစ် Employment Permit System EPS အရ လာမည့်နှစ်တွင် ကျွမ်းကျင်မဟုတ်သော ရွှေ့ပြောင်းအလုပ်သမား ၁၆၅,၀၀၀ ကို ကိုရီးယားသို့ ခေါ်ယူမည်ဖြစ်ပြီး EPS သက်တမ်းတလျှောက် ဦးရေအများဆုံး စံချိန်သစ် တင်မည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းအများအပြားတွင် လုပ်သားရှားပါးမှု ကြုံတွေ့နေရကြောင်း အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနက တနင်္လာနေ့ (နိုဝင်ဘာ ၂၇)တွင် ပြောကြားခဲ့သည်။

အစိုးရအနေဖြင့်လည်း ကျွမ်းကျင်မဟုတ်သော အလုပ်အကိုင်ဗီဇာ non-professional employment visa (E-9) ဖြင့် ဝင်လာသည့်နိုင်ငံခြားသား အလုပ်သမားများ လုပ်ကိုင်ခွင့် ရှိသည့် လုပ်ငန်းအမျိုးအစားများ တိုးချဲ့သတ်မှတ်ပေးမည်။ စားသောက်ဆိုင်၊ သတ္တုတူးဖော်ရေးနှင့် သစ်တောကဏ္ဍများ အကျုံးဝင်မည် ဖြစ်သည်။

စားသောက်ဆိုင်လုပ်ငန်းကဏ္ဍတွင် Jeju၊ Sejong နှင့် ဒေသန္တရအစိုးရ ၉၈ ခုတို့သည် ကိုရီးယားစားသောက်ဆိုင်များအတွက် မီးဖိုချောင်အကူအဖြစ် နိုင်ငံခြားသား အလုပ်သမားများကို ခေါ်ယူရန် စီစဉ်နေပါသည်။
 
လုပ်ငန်းကဏ္ဍအလိုက် ခေါ်ယူမည့် လုပ်သားဦးရေမှာ 
• ကုန်ထုတ်လုပ်ငန်းကဏ္ဍသည်  E-9 ဗီဇာကိုင်ဆောင်သူ အရေအတွက် အများဆုံးလက်ခံမည်ဖြစ်ပြီး ၉၅,၀၀၀ ခေါ်ယူရန် လျာထားသည်။
• စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် ၁၆,၀၀၀ ခေါ်ယူမည်။
• ဝန်ဆောင်မှုကဏ္ဍသည် ၁၃,၀၀၀ ခေါ်ယူမည်။
• ငါးလုပ်ငန်းကဏ္ဍသည် ၁၀,၀၀၀ ခေါ်ယူမည်။
• ဆောက်လုပ်ရေးကဏ္ဍသည် ၆,၀၀၀ ခေါ်ယူမည်။
• သင်္ဘောကျင်းကဏ္ဍသည် ၅,၀၀၀ ခေါ်ယူမည်။
• အမျိုးအစား မသတ်မှတ်ဘဲ လုပ်ငန်းကဏ္ဍများပတွက် ၂၀,၀၀၀ ခေါ်ယူမည်။

လူအား သို့မဟုတ် ပရော်ဖက်ရှင်နယ် မဟုတ်သော လုပ်သားများ လိုအပ်သည့် အလုပ်အကိုင်များတွင် လုပ်ကိုင်မည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် E-9 ဗီဇာကို ထုတ်ပေးပါသည်။

မကြာသေးမီနှစ်များအတွင်း E-9 ဗီဇာဖြင့် ကိုရီးယားသို့ ဝင်ရောက်သည့် ရွှေ့ပြောင်းအလုပ်သမား အရေအတွက်သည် တဖြည်းဖြည်း တိုးလာခဲ့သည်။
၂၀၂၁ တွင် ၅၂,၀၀၀ ရှိခဲ့ပြီး ၂၀၂၂ တွင် ၆၉,၀၀၀ ရှိခဲ့သည်။ ယခုနှစ် ၂၀၂၃ တွင် ၁၂၀,၀၀၀ ရှိမည် ဖြစ်သည်။

Source Yonhap
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Labour Affairs Read 263 times