ဂျပန်စွမ်းအင်ကုမ္ပဏီ Eneos က ရဲတံခွန်မှ ထွက်ခွာရန် ဆုံးဖြတ်


25 March, 2022

ဂျပန်စွမ်းအင်ကုမ္ပဏီ Eneos က ရဲတံခွန်မှ ထွက်ခွာရန် ဆုံးဖြတ်

ဂျပန်စွမ်းအင်ကုမ္ပဏီ Eneos Holdings သည် "လူမှုရေးကိစ္စရပ်" များကို အရေးတယူဆောင်ရွက်သည့်အနေဖြင့် မြန်မာနိုင်ငံရဲတံခွန်ဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက်ရန် ရည်မှန်းထားကြောင်း ပြောရေးဆိုခွင့်ရသူက မတ်လ ၂၅ ရက် သောကြာနေ့မှာ ပြောကြားပါတယ်။ 

 ယမန်နှစ် အာဏာသိမ်းပြီးနောက်ပိုင်း  မလေးရှားအစိုးရပိုင် Petronas နှင့် ဂျပန်နိုင်ငံမှ Mitsubishi ကော်ပိုရေးရှင်း၊ ပြင်သစ်မှ TotalEnergies ၊ အမေရိကန်မှ Chevron Corp အစရှိသည့် စွမ်းအင်ကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြပြီးသည်နောက်တွင် Eneos  သည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်သည့် ယခုအခါ နောက်ဆုံး စွမ်းအင်ကုမ္ပဏီ ဖြစ်သည်။

"လူမှုရေးဆိုင်ရာ ပြဿနာများနှင့် စီးပွားရေးအလားအလာများကို ကိုင်တွယ်ပေးရမည့် အခြေအနေကို  အခြေခံ၍ လုပ်ငန်းပိတ်သိမ်းရန် ဖြစ်နိုင်ခြေရှိသော အစီအမံများအားလုံးကို ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးသုံးသပ်လျက်ရှိသည်" ဟု Eneos မှ ပြောရေးဆိုခွင့်ရှိသူက Reuters သို့ ပြောကြားခဲ့သည်။

ရဲတံခွန်တွင်  Petronas လက်အောက်ခံလုပ်ငန်း PC Myanmar (Hong Kong) Ltd က ၄၀.၉ % ကို ပိုင်ဆိုင်ထားပြီး နိုင်ငံပိုင်လုပ်ငန်း   Myanma Oil and Gas Enterprise (MOGE) က ၂၀.၅ % ပိုင်ဆိုင်ထားသည်။ Eneos ၏ လုပ်ငန်းခွဲ JX Nippon Oil & Gas Exploration က ၁၉.၃ % ပိုင်ဆိုင်ထားသည်။ ကျန်သည့် အစုကို  PTTEP International Ltd. က ပိုင်ဆိုင်ထားသည်။

Energy News Read 6656 times