ဂျပန် စွမ်းအင်လုပ်ငန်းစုကြီး Eneos ရဲတံခွန်မှ နုတ်ထွက်မှု ပြီးမြောက်ကြောင်း ကြေညာ


18 April, 2023

ဂျပန် စွမ်းအင်လုပ်ငန်းစုကြီး Eneos ရဲတံခွန်မှ နုတ်ထွက်မှု ပြီးမြောက်ကြောင်း ကြေညာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဂျပန် စွမ်းအင်လုပ်ငန်းစုကြီး Eneos Holdings သည် မြန်မာနိုင်ငံရှိ ရဲတံခွန်ဓာတ်ငွေ့တွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ နုတ်ထွက်ရန်အတွက် လုပ်ဆောင်ရန် လိုအပ်သော မြန်မာအစိုးရ၏ ခွင့်ပြုချက် လုပ်ငန်းစဉ်သည် ၁၂ ရက်နေ့တွင် ပြီးစီးကြောင်း ကုမ္ပဏီက ကြေညာခဲ့သည်။
 Eneos သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကဏ္ဍမှ နုတ်ထွက်ခြင်း လုံးဝ ပြီးမြောက်ကြောင်း ဧပြီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ 
.
ဂျပန်စွမ်းအင်ကုမ္ပဏီ Eneos သည် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့  ရှာဖွေတူး‌ဖော်ရေးနှင့် ထုတ်လုပ်ရေးကဏ္ဍမှ နုတ်ထွက်ရန် လိုအပ်သော လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သည်။

 


.
Eneos ၏ လက်အောက်ခံလုပ်ငန်းတစ်ခုဖြစ်ပြီး ဂျပန်မှ JX Nippon Oil & Gas Exploration  က ရှယ်ယာ ၄၀% ပါဝင်ထားသည့် Nippon Oil Exploration Myanmar (JXM) သည် ၂၀၂၂ ဧပြီလတွင် မလေးရှား နိုင်ငံပိုင်လုပ်ငန်း Petronas Carigali နှင့် အခြား စီးပွားဖက်များကို ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ခွာရန် ရည်ရွယ်ကြောင်း အကြောင်းကြား အသိပေးခဲ့ပါသည်။
.
JXM တွင် ဂျပန်အစိုးရသည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ရှယ်ယာ ၅၀% ၊ မိတ်ဖက် မစ်ဆူဘီရှီက ရှယ်ယာ ၁၀% တို့ကို  JX Nippon Oil & Gas Exploration ၏ ရှယ်ယာ ၄၀% နှင့်အတူ ရှယ်ယာထည့်ဝင်ထားကြပါသည်။
.
Petronas Carigali မှ လုပ်ကိုင်သည့် ရဲတံခွန် ကမ်းလွန် သဘာဝဓာတ်ငွေ့သိုက်တွင် JXM က ၁၉.၄၂% ပိုင်ဆိုင်ပါသည်။ 
.
ရဲတံခွန်စီမံကိန်းတွင် M-12, M-13, M-14 လုပ်ကွက်များ ပါဝင်ပါသည်။ ဓာတ်ငွေ့ ကုဗပေ ၃.၂ ထရီလီယံ ရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၃၀ အထိ ထုတ်လုပ်ရန် ရည်မှန်းထားခဲ့ပါသည်။
.
လတ်တလောနှစ်များအတွင်း ရဲတံခွန်ဓာတ်ငွေ့သိုက်မှာ သဘာဝအလျောက် ထွက်ရှိသည့် ဓာတ်ငွေ့ပမာဏ လျော့ကျလာခဲ့ပါသည်။ လုပ်ငန်းပုံမှန် လည်ပတ်နိုင်သည့် ရေချိန်အောက်သို့ ရောက်လာသဖြင့် Petronas Carigali က ၂၀၂၁ တွင် မလွှဲမရှောင်သာ ပိတ်သိမ်းကြောင်း ကြေညာပါသည်။ 

Petronas Carigalialso သည် ရဲတံခွန်မှ နုတ်ထွက်ရန် ရည်ရွယ်ကြောင်း ကြေညာခဲ့ရာ စီးပွားဖက်များဖြစ်သော ထိုင်းနိုင်ငံမှ နိုင်ငံပိုင်လုပ်ငန်း  PTTEP နှင့် အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ကျန်ရစ်ပါသည်။
Source upstream 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 247 times