တရုတ်ဗဟိုဘဏ် e-CNY သုံးစွဲသူ ၁ ဘီလျံရှိသည့် WeChat တွင် စတင်မည်


14 January, 2022

တရုတ်ဗဟိုဘဏ် e-CNY သုံးစွဲသူ ၁ ဘီလျံရှိသည့် WeChat တွင် စတင်မည်

Tencent မှ ပိုင်ဆိုင်တဲ့  WeChat က တရုတ်ပြည်မှာ အကြီးမားဆုံး စာပို့အက်ပ်ဖြစ်ပြီး ငွေပေးချေမှုမှာလည်း အကြီးမားဆုံး အက်ပ်တစ်ခု ဖြစ်ပါတယ်။ တရုတ်ဗဟိုဘဏ်ရဲ့ ဒစ်ဂျစ်တယ်ငွေကြေး e-CNY ကို WeChat မှာ သုံးစွဲခွင့် ပေးတော့မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ဗဟိုဘဏ်ဖြစ်တဲ့  People’s Bank of China က အစိုးရရဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို နိုင်ငံသားတို့ သုံးစွဲနိုင်ဖို့ ဆောင်ရွက်လျက် ရှိပါတယ်။ 
WeChat မှာ e-CNY ကို သုံးစွဲနိုင်အောင် စီစဉ်ပေးထားလိုက်ရင် WeChat သုံးစွဲသူဦးရေ ၁ ဘီလျံကျော်တို့က e-CNY ကို  WeChat ရဲ့ ငွေကြေးဝန်ဆောင်မှု ဖြစ်တဲ့ WeChat Pay ဖြင့် အလွယ်တကူ သုံးစွဲနိုင်ကြမှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ယွမ် e-CNY ကို ၂၀၁၄ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပြီး ယခုအခါ အကန့်အသတ်ဖြင့် စမ်းသပ်သုံးစွဲလျက် ရှိပါတယ်။

Banking & Loan Read 403 times