ကိုရီးယား E-9 ဗီဇာမှာ ဟိုတယ်ဝန်ဆောင်မှု ပါဝင်လာ


30 December, 2023

ကိုရီးယား E-9 ဗီဇာမှာ ဟိုတယ်ဝန်ဆောင်မှု ပါဝင်လာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တောင်ကိုရီးယားသည် ဟိုတယ်များတွင် အလုပ်သမားရှားပါးမှုကို ဖြေရှင်းရန်အတွက် E-9 ဗီဇာကို တိုးချဲ့လိုက်သည်။

E-9 ဗီဇာသည် ဆိုးလ်ရှိ ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ အခြားနာမည်ကြီးနေရာရှိ ဟိုတယ်များတွင် အလုပ်လုပ်ခွင့်ကို ခွင့်ပြုလိုက်ပြီဖြစ်သည်။


 ဗီဇာမူဝါဒအပြောင်းအလဲကို အစိုးရမူဝါဒညှိနှိုင်းရေးရုံးမှ အတည်ပြုခဲ့သည်။

 ဧည့်ဝတ်ပြုခြင်းလုပ်ငန်းကဏ္ဍတွင် အလုပ်သမားရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နိုင်ငံခြားသား လုပ်သားများကို လုပ်ကိုင်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

အစိုးရဌာန၏အဆိုအရ အထူးပြု မဟုတ်သော အလုပ်ဗီဇာ ကိုင်ဆောင်သူများသည် ဧရိယာလေးခုရှိ ဟိုတယ်များနှင့် အခြားနေရာထိုင်ခင်းဆိုင်ရာ အဆောက်အအုံများတွင် အလုပ်ခန့်နိုင်ပြီဖြစ်သည်။
၎င်းဧရိယာ ၄ ခုမှာ Seoul, Busan, Jeju, Gangwon တို့ ဖြစ်ပါသည်။ 
သန့်ရှင်းရေး ဝန်ထမ်း၊  မီးဖိုချောင်အကူဝန်ထမ်းတို့ကို လုပ်ကိုင်ခွင့် ပေးထားပါသည်။

EPS (Employment Permit System) တွင် တာဂျစ်ကစ္စတန်နိုင်ငံကို ထည့်သွင်း လိုက်ပါသည်။ ၂၀၂၅ ခုနှစ်တွင် တာဂျစ်ကစ္စတန်မှ လုပ်သားများကို စတင်ခေါ်ယူမည် ဖြစ်ပါသည်။
EPS တွင် လက်ရှိအကျုံးဝင်သည့် နိုင်ငံ ၁၆ နိုင်ငံ ရှိပါသည်။ ၎င်းတို့မှာ ဖိလစ်ပိုင်၊ မွန်ဂိုလီးယား၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဥဇဘက်ကစ္စတန်၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ကာဂျစ္စတန်၊ တီမောလက်စတီ၊ နီပေါ၊ မြန်မာနှင့် လာအို တို့ ဖြစ်ပါသည်။ 

ကိုရီးယား နိုင်ငံသားတို့ လုပ်ကိုင်ရန် ဆန္ဒမရှိကြသည့် စိုက်ပျိုးရေး၊ စာရင်းကိုင်၊ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် လုပ်သားအသုံးများသော လုပ်ငန်းစသည်တို့တွင် အသေးစားစီးပွားရေးလုပ်ငန်းများအနေဖြင့် နိုင်ငံခြားသားအလုပ်သမားများကို အလုပ်ခန့်ရန် ခွင့်ပြုသည့် ပါမစ်စနစ်အား ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့သည်။

ဟိုတယ်လုပ်ငန်းကဏ္ဍသည် တစ်ချိန်က ကိုရီးယားလူငယ်တွေကြား ရေပန်းစားခဲ့ပါသည်။ သို့သော် ယခုအခါ ကိုရီးယားနိုင်ငံသားလူငယ်များ စိတ်မဝင်စားတော့သည့် လုပ်ငန်းကဏ္ဍ ဖြစ်နေပြီး အလုပ်သမား မလုံလောက်သည့် ပြဿနာ ရင်ဆိုင်နေရသည်။ သို့ဖြစ်ရာ ပြည်ပလုပ်သားများဖြင့် ဖြည့်တင်းသွားမည် ဖြစ်သည်။


Source koreatimes 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Labour Affairs Read 297 times