နိုင်ငံခြားသား ဗီဇာသက်တမ်းတိုး ရက်ကာလ DICA ပြင်ဆင် သတ်မှတ် 


03 November, 2022

နိုင်ငံခြားသား ဗီဇာသက်တမ်းတိုး ရက်ကာလ DICA ပြင်ဆင် သတ်မှတ် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၂၀၂၂ စက်တင်ဘာလ ၄ ရက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန Directorate of Investment and Company Administration DICA မှ ထုတ်ပြန်ခဲ့သော နိုင်ငံခြားသားများ ဗီဇာသက်တမ်းတိုးထောက်ခံချက်ရရှိနိုင်ရေးနှင့်စပ်လျဉ်း၍ ကြေညာချက် အပိုဒ် ၃ တွင် "ဗီဇာသက်တမ်း မကုန်ဆုံးမီ အနည်းဆုံး ရက် ၉၀ မှ ၁၂၀ အတွင်း ကြိုတင် လျှောက်ထားရမည်" ဟု ရက်ကာလသတ်မှတ်ထားသည်ကို "ဗီဇာသက်တမ်း မကုန်ဆုံးမီ အနည်းဆုံး ရက် ၆၀ အတွင်း ကြိုတင် လျှောက်ထားရမည်" ဟု ပြင်ဆင်သတ်မှတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ကြေညာပါသည်။

 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ၂၀၂၂ စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ဖော်ပြအပ်ပါသည်။


 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန

 

၁။  နိုင်ငံခြားသားများ ဗီဇာသက်တမ်းတိုးထောက်ခံချက်ရရှိနိုင်ရေးနှင့်စပ်လျဉ်း၍ ကြေညာချက် နိုင်ငံခြားသား ဗီဇာသက်တမ်းတိုးရန် တင်ပြသည့်ကုမ္ပဏီသည် မှတ်ပုံတင်ကာလ ၁ နှစ် ပြည့်ပြီးသည့် ကုမ္ပဏီဖြစ်ရမည်

 

၂။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ဆိုင်းငံ့ခြင်း (Suspended)၊ ပယ်ဖျက်ခြင်း (Struck-off) ခံရသောကုမ္ပဏီများသည် ဥပဒေနှင့်အညီ လိုက်နာ ဆောင်ရွက်ပြီးနောက် ၁ နှစ် ကြာပြီးမှသာ သက်တမ်းတိုး ထောက်ခံခြင်းများအား ဆက်လက် လက်ခံဆောင်ရွက်ပေးမည်။

 

၃။ ကုမ္ပဏီမှ ဗီဇာသက်တမ်းတိုး ထောက်ခံချက်ရယူလိုသည့် နိုင်ငံခြားသားများအတွက် ၎င်း၏ ဗီဇာသက်တမ်း မကုန်ဆုံးမီ အနည်းဆုံး ရက် ၉၀ မှ ၁၂၀ အတွင်း ကြိုတင် လျှောက်ထားရမည်။ နိုင်ငံခြားသား၏ နိုင်ငံကူးလက်မှတ်သက်တမ်းသည် အနည်းဆုံး ၆ လ သက်တမ်းကျန်ရှိရမည်။ 

 

၄။ နိုင်ငံခြားသား ဗီဇာသက်တမ်းတိုးလျှောက်ထားရန်အတွက် ကုမ္ပဏီသည် အောက်ဖော်ပြပါ အထောက်အထားများကို တင်ပြနိုင်ရမည် 

 

(က) ကုမ္ပဏီ၏ အချက်အလက်အကျဉ်းချုပ် (Updated Company Extract Form)

 

(ခ) ကုမ္ပဏီ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း၊ (လိုင်စင်(License)/ ပါမစ် (Permit)/ လုပ်ငန်းအထောက်အထား (Evidence from Government Agency), လုပ်ငန်းစာချုပ် (Business Contract with Other Related Organization (if Any))

 

(ဂ) ကုမ္ပဏီဒါရိုက်တာအဖွဲ့၏ နိုင်ငံခြားသားနှင့် ပတ်သက်၍ တာဝန်ယူကြောင်း ခံဝန်ချက် တင်ပြစာ

 

(ဃ) ကုမ္ပဏီသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်များအတွက် အခွန် ထမ်း ဆောင်ပြီးမှုနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အခွန်ထမ်းဆောင်ပြီးမှု (သို့မဟုတ်) စာရင်းစစ် အစီရင်ခံစာ (သို့မဟုတ်) ကြိုတင်ဝင်ငွေခွန် ထမ်းဆောင်ထားသည့် အထောက်အထား (ရှိလျှင်) တင်ပြရမည်

 

(င) သက်ဆိုင်ရာနိုင်ငံခြားသား၏ ၆ လအတွင်း ရိုက်ကူးထားသည့် (2"x 1.5") အရွယ် ထင်ရှား သည့် ဓာတ်ပုံပညာအရည်အချင်းလုပ်ငန်းကျွမ်းကျင်မှု၊ ပြည်ပတွင် နေထိုင်သည့် အမြဲ တမ်း နေရပ်လိပ်စာ (ပြည်တွင်းတွင် နေထိုင်သည့် နေရပ်လိပ်စာ) တို့ပါဝင်သည့် CV Form (ပူးတွဲပါပုံစံ၏ အချက်အလက် အပြည့်အစုံဖော်ပြရန်)

 

(စ) နိုင်ငံခြားသားဝန်ထမ်း၏ ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်သည့် ရာထူးနှင့် လုပ်ငန်းတာဝန်များ TOR (Terms of Reference) ၊ (ဆ) ကုမ္ပဏီတွင် ခန့်ထားသည့် နိုင်ငံခြားသား၏ အလုပ်ခန့်စာချုပ်နှင့် ပညာရေး အထောက်အထား

 

(ဇ) ပြည်တွင်းနေရပ်လိပ်စာ အပြောင်းအလဲရှိပါက ဌာနသို့ အကြောင်းကြားရန်၊

 

(ဈ) နိုင်ငံခြားသားအနေဖြင့် ဒုတိယအကြိမ် သက်တမ်းတိုးတင်ပြပါက အဆိုပါပုဂ္ဂိုလ်၏ တာဝန်ထမ်းဆောင်ခဲ့ပြီးသည့် ကာလများ၏ လစာဝင်ငွေခွန် ထမ်းဆောင်ပြီးသည့် အထောက်အထား

 

(ည)ကုမ္ပဏီတွင် ဝန်ထမ်းခန့်ထားမှုအခြေအနေ (နိုင်ငံခြားသား/ နိုင်ငံသား) အမည်၊ ရာထူး၊

နိုင်ငံကူးလက်မှတ်နိုင်ငံသားစိစစ်ရေးအမှတ်ဖုန်းနံပါတ်

 

(ဋ) မိသားစုဝင်များအနေဖြင့် (ဇနီး/ ခင်ပွန်း/ သား/ သမီးတို့၏ အထောက်အထား ခိုင်လုံစွာ ပူးတွဲတင်ပြပါ။

 

၅။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်/ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီ များအနေဖြင့် MOVAS (http://movas.dica.gov.mm/) တွင်သာလျှောက်ထားရမည်။ အွန်လိုင်း ဗီ ဇာသက်တမ်းတိုးထောက်ခံချက် (Recommendation Letter For Visa Extension) (https://visaonline.dica.gov.mm/) သို့ လာရောက် လျှောက်ထားပါက လက်ခံ ဆောင်ရွက်မည် မဟုတ်ပါ။

 

၆။ ဤကြေညာချက်သည် ၁၄-၉-၂၀၂၂ ရက်နေ့မှ စတင်ပြီး သက်ရောက်မှုရှိသည်။

 

(ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် တင်ပြလာသော ဗီဇာကိစ္စအပေါ် လိုအပ်သော စိစစ်မှုများ ဆောင်ရွက်သော်လည်း လက်ရှိချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီမှုမရှိပါက ယင်း လျှောက်ထားခြင်းကို ငြင်းပယ်နိုင်သည်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Laws and Regulations Read 431 times