ပျက်ကွက်ကြေးများ (Default Charges) ထပ်ဆောင်းကောက်ခံခြင်းနှင့် စပ်လျဉ်း၍ ဗဟိုဘဏ် ထုတ်ပြန်


06 August, 2021

ပျက်ကွက်ကြေးများ (Default Charges) ထပ်ဆောင်းကောက်ခံခြင်းနှင့် စပ်လျဉ်း၍ ဗဟိုဘဏ် ထုတ်ပြန်

၁။ ကူးစက်မြန် COiD-I9 ရောဂါကာလအတွင်း အများပြည်သူအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများလျော့နည်း၍ စီးပွားရေးအခြေအနေ ခက်ခဲကြပ်တည်းမှုများ ရင်ဆိုင်ကြုံတွေ့ နေရသဖြင့် ယင်းကာလအတွင်း ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် ချေးငွေရယူသူများထံမှ ချေးငွေအရင်းနှင့်အတိုးများ ကောက်ခံရာတွင် ချေ။ငွေရယူသူများနှင့်ညှိနှိုင်း ဆောင်ရွက်ကြရန်နှင့် ချေ။ငွေအရင်းနှင့်အတိုးများ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုများအပေါ် ပျက်ကွက်ကြေးများ (Default Charges) ထပ်ဆောင်းကောက်ခံခြင်းကို ၃၁-၃-၂၀၂၁ ရက်နေ့အထိ မပြုလုပ်ကြရန် ရည်ညွှန်းချက်ပါ အမှာစာဖြင့် အကြောင်းကြားခဲ့ပါသည်။

၂။ လက်ရှိအချိန်တွင် COVID-19 ရောဂါပြန်လည်ဖြစ်ပွားလျက်ရှိသဖြင့် ချေ။ငွေအရင်းနှင့် အတိုးများ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုများအပေါ် ပျက်ကွက်ကြေးများ (Default Charges) ထပ်ဆောင်းကောက်ခံခြင်း မပြုလုပ်ရမည့်ကာလကို ၃၁-၁၂-၂၀၂၁ ရက်နေ့အထိ သက်တမ်း တိုးမြှင့်သတ်မှတ်ပါကြောင်း အကြောင်းကြားပါသည်။



 

Banking & Loan Laws and Regulations Read 1109 times