လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ သိသိသာသာ ကူးပြောင်းလာပါသည်။
ထို့ကြောင့် မြန်မာ့ရိုးရာ ထယ်သွားထုတ်လုပ်ခြင်းလုပ်ငန်းများ သိသိသာသာ ရောင်းအားကျဆင်းနေကြောင်း သိရပါသည်။
ထယ်သွားပြုလုပ်ရန်အတွက် ပထမဦးစွာ သံတိုသံစများကို ကုန်ကြမ်းများအဖြစ် အသုံးပြုရသည်။
သံရည်ကျိုခြင်းလုပ်ငန်းကို ပထမဦးစွာ ဆောင်ရွက်ရသည်။
သံရည်ကျိုရာတွင်လည်း အောက်ခြေတွင် မီးသွေးခံကာ မီးသွေးပေါ်သံတင်ပေးရသည်။
ထို့နောက် ထိုသံပေါ် မီးသွေးထပ်မံတင်ပြီး စက်ဖြင့် မီးဖိုကို လေမှုတ်ပေးကာ သံရည်ကျိုရသည်။
သံရည်များ ရရှိလာပါက ခွက်အောက်တွင် စုစည်းသွားပြီး ဖိုငယ်တစ်ခုတွင် အနည်းဆုံး ထယ်သွား ၃၀ ခန့်ရရှိနိုင်ပါသည်။
သံရည်များကို လက်ဖြင့်ကိုင်၍ ပုံစံခွက်အတွင်းသို့ ငှဲ့ယူကာ ထယ်သွားဖြစ်အောင် ပြုလုပ်ရသည်။
ထယ်သွားမိုများပြုလုပ်ထားပြီး တစ်နေ့လျှင် ထယ်သွား ၄၀၀ ကျော်မှ ၅၀၀ အထိ ပြီးစီးသည်။
ထယ်သွားကို ဆိုက်မျိုးစုံနှင့် ပြုလုပ်ကြပြီး အသေး၊ အလတ်၊ အကြီးဟူ၍ ဆိုက် ၃ မျိုးအခြေခံအားဖြင့် ရှိသည်။
သို့သော်လည်း မှာယူသည့် နယ်ပယ်ဒေသနှင့်လိုက်၍လည်း အမျိုးအစားအများအပြား စိတ်ကြိုက်ထုတ်လုပ်ပေးသည်။
စုစုပေါင်း အမျိုးအစား ၁၀ မျုးိကျော်ရှိသည်။
မန္တလေးမြို့အနီးတွင် ထယ်သွား ကုန်းထယ်၊ ပုံကြီး၊ ပုံလတ်၊ ပုံသေးများပြုလုပ်ပြီး နွားထိုးကြီးမြို့နယ်အတွက် ထယ်သွားအဝိုင်းများကို ပြုလုပ်ပေးရသည်။
ထယ်သွား၏ အလေးချိန်ပမာဏ အပေါ်မူတည်၍ ဈေးကွာခြားမှုရှိသည်။
သုံးပိဿာခန့်ရှိသည့် ထယ်သွားကို မြန်မာကျပ်ငွေ သုံးထောင်ငါးရာမှ သုံးထောင့် ခုနှစ်ရာအထိ ရောင်းချပြီး အနိမ့်ဆုံး ဈေးနှစ်ထောင်မှ အကြီးဆုံးထယ်သွားတစ်လုံးကို လေးသောင်းငါးရာကျပ်ကြောင်း သိရသည်။
ကုန်ကြမ်းအတွက် သံတိုသံစများကို တစ်ပိဿာလျှင် ၂၅၀ ကျပ်မှ ၅၅၀ ကျပ်ခန့်ပေးရသည်။
သံရည်ကျိုရာတွင် လောင်စာကို ရေနံချိုးကိုကော်နှင့်ရိုက်ကာ ပြုလုပ်ပေးသည့် လောင်စာများ အသုံးပြုကြသည်။
လက်ရှိတွင် ထယ်သွားများကို ကားနှင့် အန္တလေးအနီးတစ်ဝိုက်နွားထိုးကြီး၊ သီပေါနှင့် အခြားနယ်များကို တင်ပို့ပေးသည်။
ယင်းထယ်သွားများရောင်းအားကျဆင်းလာခြင်းကို မန္တလေးမြို့ပုသိမ်ကြီးမြို့နယ်မှ ကျောက်မီးသွေး-ငွေတောင်ရွာ ဦးတင်ဆောက်ထယ်သွားလုပ်ငန်းမှ သိရသည်။
Source : ကြေးမုံ