အွန်လိုင်းဆိုင်များတွင် ဘဏ်လုပ်ငန်း Credit Suisse အမှတ်တရပစ္စည်းများ ရောင်းချ


21 March, 2023

အွန်လိုင်းဆိုင်များတွင် ဘဏ်လုပ်ငန်း Credit Suisse အမှတ်တရပစ္စည်းများ ရောင်းချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

UBS Group က ဆွစ်ဇာလန်အစိုးရ ကျောထောက်နောက်ခံဖြင့် အရှုံးပေါ်ပြီး ဒေဝါလီခံရတော့မည့် Credit Suisse  ဘဏ်လုပ်ငန်းကို သိမ်းယူပြီး နာရီပိုင်းအတွင်းတွင် ချေးငွေ ဘဏ်လုပ်ငန်း Credit Suisse ၏  အမည်နှင့် လိုဂို ပါသော အမှတ်တရပစ္စည်းများကို ဆွစ်ဇာလန်တွင် အွန်လိုင်းမှာ ရောင်းချခဲ့ကြသည်။ Credit Suisse  ဘဏ်လုပ်ငန်း ချုပ်ငြိမ်းသွားစဉ် ခါတော်မီ ရောင်းချကြခြင်း ဖြစ်သည်။ 

၁၆၇ နှစ် သက်တမ်းရှိ Credit Suisse  အမည် ခပ်နှိပ်ထားသော ရွှေတုံး ဒါဇင်ပေါင်းများစွာကို ဆွစ်ဇာလန်နိုင်ငံ၏ ရေပန်းအစားဆုံး အွန်လိုင်းဈေးခင်းများ ဖြစ်ကြသည့်  Ricardo.ch နှင့် tutti.ch. ရောင်းချရန် တင်ပြထားသည်။ 
Credit Suisse  အမည်ပါသော တံဆိပ်ခေါင်းများ၊ စာများ၊ အားကစားသုံး အိတ်များကိုလည်း ရောင်းဖို့ တင်ပြထားသည်။ 

Credit Suisse အမည်အမှတ်တံဆိပ်ကို ဆက်လက်ထားရှိမည်ဆိုသည်ကို မသိရသေးခင်မှာ ရောင်းချသူများသည် ဆွစ်ဇာလန် ဘဏ္ဍာရေးသမိုင်း၏ အမှတ်တရဖြစ်ဖွယ် ပစ္စည်းများကို သိမ်းဆည်းထားလိုသူများအား ခါတော်မီ ရောင်းချနေကြခြင်း ဖြစ်သည်။ 


Credit Suisse သည်  UBS နှင့် ပေါင်းစပ်မှု မပြီးမြောက်ခင်အထိ သီးခြားလွတ်လပ်သောအမှတ်တံဆိပ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။ ပေါင်းစပ်ပြီးချိန်တွင် Credit Suisse ကို သီးခြားရပ်တည်စေမည် သို့မဟုတ် ချုပ်ငြိမ်းစေမည်ကို UBS ဆုံးဖြတ်ပြီး ကြေညာပေးမည် ဖြစ်သည်။ 

($1 = 0.9258 Swiss francs)

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Banking & Loan Read 306 times