တောင်ကိုရီးယား Cosmax ၏ တရုတ်ပြည်မှ အာရှအကြီးဆုံး အလှကုန် စက်ရုံ စတင်လည်ပတ်


15 August, 2023

တောင်ကိုရီးယား Cosmax ၏ တရုတ်ပြည်မှ အာရှအကြီးဆုံး အလှကုန် စက်ရုံ စတင်လည်ပတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ကိုရီးယား၏ အဓိက အလှကုန် ထုတ်လုပ်သူ Cosmax က တရုတ်ပြည်မှ Yatsen Holdings နှင့် ပူးပေါင်းတည်ဆောက်ထားသော စက်ရုံသည် တရုတ်နိုင်ငံ၊ ကွမ်ကျိုတွင် တည်ရှိပြီး စတင်လည်ပတ်နေပြီဟု တနင်္ဂနွေနေ့ (ဩဂုတ် ၁၃)တွင် ပြောကြားခဲ့သည်။

Cosmax သည် Yatsen Biotechnology နှင့် ၂၀၂၀ ပြည့်နှစ်တွင် ဖက်စပ်လုပ်ငန်း စတင်ထူထောင်ခဲ့ပြီး ကွမ်ကျိုတွင် ၆၀,၅၈၃ စတုရန်းပေကျယ်ဝန်းသည့် အာရှ အကြီးဆုံး အလှကုန် စက်ရုံကို ဆောက်လုပ်ခဲ့သည်။
၎င်းစက်ရုံ အလှကုန်အမျိူမျိုး တစ်နှစ်လျှင် ခုရေ ၄ ဘီလီယံအထိ ထုတ်လုပ်ပေးနိုင်သည်။

Yatsen ကို ၂၀၁၆ ခုနှစ်တွင် ထူထောင်ခဲ့ပြီး Perfect Diary အပါအဝင် ကော်စမက်တစ် အမှတ်တံဆိပ် အမျိုးမျိုး ထုတ်လုပ်သည်။ 
Perfect Diary သည် Yatsen ၏ ပထမဆုံး အမှတ်တံဆိပ်ဖြစ်ပြီး အကြီးမားဆုံး အမှတ်တံဆိပ်လည်း ဖြစ်သည်။ အခြားထင်ရှားသည့် အမှတ်တံဆိပ်များတွင် Little Ondine နှင့် Abby's Choice တို့ ပါဝင်သည်။

၂၀၂၀ တွင် အမေရိကန် Nasdaq စတော့အိပ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီ ဖြစ်လာသည်။ တရုတ် ကော့စမက်တစ် ကုမ္ပဏီများတွင် အမေရိကန်မှာ စတော့အိပ်ချိန်းတွင် ပထမဆုံး စာရင်းဝင်ခဲ့သည့် ကုမ္ပဏီ ဖြစ်ပါသည်။
၂၀၂၀ တွင် Yatsen သည် အလှကုန် အမှတ်တံဆိပ် Little Ondine နှင့် ပြင်သစ် skincare အမှတ်တံဆိပ် Galenic တို့ကို ဝယ်ယူခဲ့သည်။
၂၀၂၁ တွင် ဗြိတိန်မှ ပရီမီယံ skincare အမှတ်တံဆိပ် Eve Lom ကို ဝယ်ယူခဲ့သည်။


 ၂၀၁၇ တွင် စတင်ရောင်းချခဲ့သည့် Perfect Diary ကို Yatsen အတွက် Cosmax ဖွံ့ဖြိုး ထုတ်လုပ်ခဲ့ပြီး ယခုအထိ ထုတ်လုပ်ပေးနေဆဲ ဖြစ်သည်။

Cosmax သည် တရုတ်နိုင်ငံတွင် အလှကုန်ထုတ်လုပ်မှု တိုးချဲ့မည်ဖြစ်ပြီး အလှကုန်အမှတ်တံဆိပ်အသစ်များနှင့် သဘောတူညီချက်များရယူပြီး အလှကုန်များ ထုတ်လုပ်ပေးမည် ဖြစ်သည်။

Source Yonhap
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 237 times