Yoma က ဘဏ္ဍာရေးနှစ် ဒုတိယနှစ်ဝက် ဒေါ်လာ ၁၁ သန်းကျော် ဆုံးရှုံးခဲ့ကြောင်း  အစီရင်ခံ


15 November, 2022

Yoma က ဘဏ္ဍာရေးနှစ် ဒုတိယနှစ်ဝက် ဒေါ်လာ ၁၁.၃  သန်း ဆုံးရှုံးခဲ့ကြောင်း  အစီရင်ခံ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Yoma က စက်တင်ဘာလ ၃၀ ရက်တွင် ကုန်ဆုံးသော ဘဏ္ဍာရေးနှစ် ဒုတိယနှစ်ဝက် ဒေါ်လာ ၁၁.၃ သန်း ဆုံးရှုံးခဲ့ကြောင်း  အစီရင်ခံခဲ့ပါသည်။
၎င်းဒုတိယနှစ်ဝက်တွင် ကန်‌ဒေါ်လာ ၁၁.၃ သန်း ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ အခြေပြု လုပ်ကိုင်သည့် ကုမ္ပဏီစု Yoma Strategic က အစီရင်ခံပါသည်။ ၎င်းကာလအတွင်း ဝင်ငွေ ကန်ဒေါ်လာ ၄၀.၉သန်း ရရှိခဲ့ပါသည်။
ဘဏ္ဍာရေးနှစ် တစ်နှစ်တာ အရှုဲးပမာဏမှာ ကန်ဒေါ်လာ ၂၉.၃ သန်း ဖြစ်ပါသည်။ ယမန်နှစ် အရှုံးပမာဏမှာ ကန်ဒေါ်လာ ၁၅.၇ သန်း ရှိခဲ့ရာ ယခုနှစ်တွင် အရှုံး ၂ ဆနီးပါး ဖြစ်လာခဲ့ပါသည်။

ကုမ္ပဏီ၏ အဆောက်အဦ ဆောက်လုပ်ရေးကဏ္ဍတွင် ကန်ဒေါ်လာ ၄ သန်းဝန်းကျင် အရှုံးပြပါသည်။

စားသောက်ကုန်နှင့် အဖျော်ယမကာ F&B ကဏ္ဍတွင် ဝင်ငွေ ၅၀% ကြီးထွားခဲ့ပါသည်။ Yoma Strategic အတွက် ဝင်ငွေ အများဆုံး ရရှိသည့် ကဏ္ဍ ဖြစ်ခဲ့ပါသည်။

ငွေကြေးဝန်ဆောင်မှု၊ မော်တော်ယာဥ်ငှားရမ်းခြင်းနှင့် တိုက်တာနှင့် မြေပိုင်ဆိုင်မှုစသည့် အခြားစီးပွားရေးကဏ္ဍများတွင် ဝင်ငွေကျဆင်းသွားခဲ့သည်။
စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်သည် လွန်ခဲ့သည့်ခြောက်လအတွင်း ယေဘုယျအားဖြင့် ပိုမိုတည်ငြိမ်လာကြောင်း Yoma မှ ၎င်း၏ ဝင်ငွေသုံးသပ်ချက်တွင် မှတ်ချက်ပြုထားသည်။ အချို့ကဏ္ဍတို့တွင် ခိုင်မာသော ကြီးထွားမှု ဖြစ်ထွန်းခဲ့သည်ဟု ဆိုပါသည်။

 လာမည့်  ၆ လနှင့် ၁၂  လအတွက် ၎င်း၏လုပ်ငန်းအလားအလာနှင့်ပတ်သက်၍ "သတိထားပြီး မယုတ်မလွန် အကောင်းမြင်ထားကြောင်း"  Yoma မှ ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဖောက်သည်စားသုံးသူဝယ်လိုအားနှင့် အရောင်းကဏ္ဍများတွင်  ခိုင်မာသော အလားအလာလမ်းကြောင်းများ မြင်တွေ့ရသော်လည်း မြန်မာကျပ်‌ေငွ၏မတည်ငြိမ်မှုများနှင့် ငွေကြေးဖောင်းပွမှုဖိအားများသည် ကျွန်ုပ်တို့၏ဘဏ္ဍာရေး စွမ်းဆောင်ရည်အတွက် ကြီးမားသောစိန်ခေါ်မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုပါသည်။
ယခုနှစ်အတွင်း Yoma Strategic ရှယ်ယာများ ၃၉.၇၇% ဈေးကျဆင်းခဲ့ပါသည်။
Source theedgesingapore

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Local News Read 412 times