မြန်မာနိုင်ငံမှ ပိုင်ဆိုင်မှုများ ဆက်လက်ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း Chevron ပြောကြား


07 November, 2023

မြန်မာနိုင်ငံမှ ပိုင်ဆိုင်မှုများ ဆက်လက်ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း Chevron ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အမေရိကန်  ရေနံကုမ္ပဏီ ချဲဗရွန် Chevron က မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချခဲ့ပြီး မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု ကြေညာခဲ့ပြီး နှစ်နှစ်နီးပါး အကြာတွင် မြန်မာနိုင်ငံမှ ၎င်း၏ ပိုင်ဆိုင်မှုများကို ဆက်လက်ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း ချဲဗရွန်က ပြောကြားသည်။

•  ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ချဲဗရွန်က ပြောကြားခဲ့သည်။

• ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ ရတနာဓာတ်ငွေ့တွင်းမှ ၎င်းပိုင်ဆိုင်သည့် အစုရှယ်ယာ ၄၁.၁% အပါအဝင် ၎င်း၏ ပိုင်ဆိုင်မှုများကို ကနေဒါနိုင်ငံမှ MTI Energy သို့ ထုတ်ဖော်ပြောကြားခြင်း မပြုသော ဈေးနှုန်းဖြင့် ရောင်းချရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် ၎င်းပိုင်ဆိုင်မှုများကို ဆက်လက်ပိုင်ဆိုင်ထားဆဲ ဖြစ်ကြောင်း ချဲဗရွန်က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

ချဲဗရွန်သည် မြန်မာနိုင်ငံမှ ထွက်ခွာခြင်းကို  အစီအစဉ်တကျ စည်းစနစ်တကျ လုပ်ဆောင်သည်မှာ သေချာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီမှ ပြောရေးဆိုရေး တာဝန်ခံက ပြောကြားသည်။ သို့သော် မည်သည့်အချိန်တွင် ဖြစ်မည်ကို ပြောကြားခြင်း မပြုချေ။ MIT သို့ ရောင်းချရာတွင် ကိစ္စပြီးပြတ်ဖို့ အခက်အခဲ တစုံတရာ ရှိမရှိ ဆိုသည်ကိုလည်း ပြောကြားခြင်း မပြုချေ။

“မြန်မာ့ပိုင်ဆိုင်မှုအားလုံးမှာ ကုမ္ပဏီရဲ့ အကျိုးစီးပွားကို ရောင်းချပြီး နိုင်ငံတွင်းကထွက်ဖို့ 
အတွက် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ စာချုပ်ပါ အချက်များဟာ အတွင်းရေး 
လျှို့ဝှက်ထားရန် ဖြစ်ပါတယ်"ဟု ပြောရေးဆိုရေး တာဝန်ခံက ပြောကြားသည်။

အမေရိကန် ဘိုင်ဒန်အစိုးရကမြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (Myanma Oil and Gas Enterprise- MOGE)ကို အမေရိကန် ငွေရေးကြေးရေးစနစ်ကို ပတ်သက်ခွင့် မရှိ ကန့်သတ်တားမြစ်မှုများကို အောက်တိုဘာလ ၃၁ ရက်တွင် ချမှတ်ပြဋ္ဌာန်းခဲ့သည်။၎င်းပြဋ္ဌာန်းချက်သည် ဒီဇင်ဘာ ၁၅ ရက်မှာ စတင် အသက်ဝင်မည်ဖြစ်သည်။ ထိုအခါ  MOGE ကို အမေရိကန်ကုမ္ပဏီများ၏ ငွေကြေးဝန်ဆောင်မှုအချို့အပေါ် ပိတ်ဆို့အရေးယူမှု ပြုမည် ဖြစ်သည်။
ချဲဗရွန်သည် အမေရိကန်ကုမ္ပဏီ ဖြစ်သော်လည်း MIT ထံ ‌မြန်မာ့ပိုင်ဆိုင်မှုများကို ရောင်းချရာတွင်  ဘာဟားမားကျွန်းနိုင်ငံတွင် ရုံးချုပ်တည်ရာ လိပ်စာ ဖော်ပြထားသည့် လက်အောက်ခံ လုပ်ငန်းခွဲ Et Martem Holdings မှတစ်ဆင့် ခြင်း ဖြစ်သဖြင့် 
၎င်းပြဋ္ဌာန်းချက်သည် သက်ရောက်မှု မည်သို့ရှိမည်ကို အသေအချာ မသိရချေ။
MTI သည် ချဲဗရွန်ထံမှ ရတနာ ဓာတ်ငွေ့စီမံကိန်း ရှယ်ယာကို ဝယ်ယူရန် စီစဉ်နေသည့်အပေါ် တက်ကြွလှုပ်ရှားသူများ၏ ဖိအားများအောက်တွင် ရှိနေပါသည်။


ပြင်သစ် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း TotalEnergies သည် ၂၀၂၂ ခုနှစ်တွင် ရတနာဓာတ်ငွေ့စီမံကိန်းမှ ထွက်ခွာခဲ့ရာ ၎င်း၏ ရှယ်ယာများကို စွန့်လွှတ်ခဲ့သဖြင့် ချဲဗရွန်၏ ရှယ်ယာ ၂၈% မှ ၄၁.၁% သို့ တိုးသွားသည်။
ရတနာဓာတ်ငွေ့ စီမံကိန်းတွင် ထိုင်းမှ နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTT ၏ လက်အောက်ခံ လုပ်ငန်း PTTEP နှင့် MOGE တို့ ရှယ်ယာများ ပိုင်ဆိုင်ထားကြသည်။

မုတ္တမပင်လယ်ကွေ့တွင် တည်ရှိပြီး ရတနာပုံဓာတ်ငွေ့သိုက်သည် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၆ ဘီလီယံခန့် ထွက်ရှိသည်။ ၇၀% ကို ထိုင်းသို့ တင်ပို့ပြီး ၃၀% ကို MOGE ရရှိသည်။
 
Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 231 times