တရုတ်နိုင်ငံထုတ် C919 နှင့်  ARJ21 ဂျက်လေယာဉ်များ အာဆီယံ ၅ နိုင်ငံ လှည့်လည်ပြသ


28 February, 2024

တရုတ်နိုင်ငံထုတ် C919 နှင့်  ARJ21 ဂျက်လေယာဉ်များ အာဆီယံ ၅ နိုင်ငံ လှည့်လည်ပြသ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်အစိုးရပိုင် လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း COMAC မှ ထုတ်လုပ်သည့် C919 နှင့် ARJ21 ဂျက်လေယာဉ်များကို ၂ ပတ်တာကာလအတွင်း  အရှေ့တောင်အာရှနိုင်ငံများ ဖြစ်သည့် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့တွင် လှည့်လည် ပြသမည်ဖြစ်သည်။

 

ယခုအခါ ဗီယက်နမ်သို့ ရောက်ရှိနေပြီး ပြသနေပါသည်။

၎င်းလေယာဉ်များကို စင်ကာပူလေကြောင်းပြပွဲတွင် တနင်္ဂနွေနေ့အထိ ပြသခဲ့ပြီး တနင်္လာနေ့တွင် ဗီယက်နမ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ 

 

COMAC သည် ARJ21 ကို ထုတ်လုပ်နိုင်ခဲ့ပြီးနောက် C919 ကို ထုတ်လုပ်နိုင်ခဲ့ပါသည်။

 

C919 သည် ကိုယ်ထည်အကျဉ်း လေယာဉ်အမျိုးအစားဖြစ်ပြီး Boeing 737 MAX နှင့် Airbus A320 တို့၏ ပြိုင်ဘက် ဖြစ်လာမည် ဖြစ်သည်။

 

 

ARJ21-700 သည် ခရီးသည် ၉၀ ဦးအထိ တင်ဆောင်နိုင်ပြီး ခရီးတာ ကီလိုမီတာ ၃,၂၀၀ အထိ ပျံသန်းနိုင်ပါသည်။ 

 

C919 သည်  ARJ21-700 ထက် အရွယ်အစား ပိုကြီးပါသည်။ ခရီးသည် ၁၆၈ ဦးအထိ လိုက်ပါနိုင်ပါသည်။ ခရီးတာ ၄၀၇၅ ကီလိုမီတာအထိ ပျံသန်း နိုင်ပါသည်။ ထိုင်ခုံများ ခင်းကျင်းပုံမှာ Boeing 737 MAX နှင့် Airbus A320 တို့နှင့် ဆင်ဆင်တူပါသည်။ မင်းလမ်း တခုပါရှိပြီး တဖက်တချက်စီတွင် ထိုင်ခုံ ၃ ခုံစာ နေရာထားရှိပါသည်။

ARJ21-700 ကို တရုတ်ပြည်တွင်း လေကြောင်းလိုင်းများ သုံးစွဲပါသည်။ ပြည်ပတွင် အင်ဒိုနီးရှားမှ လေကြောင်းလိုင်း TransNusa က ARJ21 ဂျက်လေယာဉ် ၂ စီး အသုံးပြုပါသည်။ TransNusa လေကြောင်းလိုင်းတွင် တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံသူများက ရင်းနှီးမြှုပ်နှံထားပါသည်။

 

C919 ဂျက်လေယာဉ် ၄ စီးကို China Eastern Airlines မှ အသုံးပြုလျက် ရှိပါသည်။ အမှာစာ အစီး ၁,၀၀၀ ကျော် ရရှိထားပြီး အားလုံးနီးပါးသည်တရုတ်ပြည်မှ လေကြောင်းလိုင်းများနှင့် လေယာဉ်အငှားလုပ်ငန်းများက မှာကြားထားခြင်း ဖြစ်ပါသည်။ 

 

Source: Reuters


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Sea Read 701 times