အမေရိကန်ဒေါ်လာကို အသုံးပြုမှု အဆုံးသတ်ရန် BRICS တရားဝင်သဘောတူ


30 August, 2023

အမေရိကန်ဒေါ်လာကို အသုံးပြုမှု အဆုံးသတ်ရန် BRICS တရားဝင်သဘောတူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

BRICS မဟာမိတ်အဖွဲ့သည် ဂျိုဟန်နက်စ်ဘာ့ဂ်၌ ကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတကာကုန်သွယ်မှုအတွက် အမေရိကန် ဒေါ်လာကို စွန့်လွှတ်ရန် သဘောတူကြသည်။

BRICS သည် ကမ္ဘာ့ကုန်သွယ်ရေး ငွေပေးချေမှုအတွက် အမေရိကန် ဒေါ်လာအပေါ်  မှီခိုမှုကို တရားဝင် အဆုံးသတ်တော့မည် ဖြစ်သည်။

BRICS သည် ပြည်ပကုန်သွယ်မှုများအတွက် ၎င်းတို့၏ သက်ဆိုင်ရာ ပြည်တွင်းငွေကြေး သုံးစွဲခြင်းကို  ဆက်လက်မြှင့်တင်သွားမည် ဖြစ်သည်။
၎င်းအရွေသည် ကမ္ဘာ့စီးပွားရေးတွင် ပါရာဒိုင်းအပြောင်းအရွှေ့အတွက် လမ်းခင်းပေးမည်ဖြစ်ပြီး နိုင်ငံရေးအခင်းအကျင်းကိုလည်း ပြန်လည်ပုံဖော်မည်ဖြစ်သည်။


ငွေပေးချေမှုများတွင် ကန်ဒေါ်လာအစား အခြားနိုင်ငံသုံးငွေကြေးဖြင့် ပေးချေကြခြင်းကို တိုးမြှင့်သွားမည်။ အရန်ရန်ပုံငွေတွင် ကန်ဒေါ်လာ ထားရှိခြင်းကိုလည်း လျှော့ချသွားမည်ဟု ဘရာဇီးသမ္မတ Lula da Silva က ပြောကြားခဲ့သည်။

 BRICS သည် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများကို အမေရိကန် ဒေါ်လာမဟုတ်ဘဲ ပြည်တွင်းငွေကြေးများဖြင့် ကုန်သွယ်မှု ပြုရန်ပတွက်လည်း  တိုက်တွန်းအားပေးသွားမည်ဖြစ်သည်။

ယခုကျင်းပသည့် BRICS ထိပ်သီးအစည်းအဝေးတွင် နောက်ထပ် ထူးခြားချက်တစ်ချက်မှာ BRICS အဖွဲ့ဝင်အသစ်အဖြစ် ၆ နိုင်ငံ ပါဝင်ခွင့် ရရှိခဲ့သည်။ ယင်းနိုင်ငံများမှာ -
• ဆော်ဒီအာရေဗျ၊ 
• အာရပ်စော်ဘွားများပြည်ထောင်စု၊ 
• အာဂျင်တီးနား၊ 
• အီဂျစ်၊ 
• အီသီယိုးပီးယားနှင့် 
• အီရန်တို့ဖြစ်သည်။ 
၎င်း၆ နိုင်ငံတွင် ၅ နိုင်ငံသည် ရေနံထုတ်လုပ်သည့် နိုင်ငံများ ဖြစ်သည်။
သို့ဖြစ်ရာ ကမ္ဘာ့ရေနံ ရောင်းချမှုတွင် ကန်ဒေါ်လာဖြင့်သာ ရောင်းချခြင်းအစား အခြားနိုင်ငံသုံးငွေ သုံးစွဲလာနိုင်ဖွယ်ရှိသည်ဟု ထင်ကြေး ပေးကြသည်။

Source: unsplash
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 586 times