တန် ၅၀၀ ဆန့် ငါး၊ ပုစွန် အအေးခန်းစက်ရုံ BOT စနစ်ဖြင့် မြေ ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်


23 February, 2023

တန် ၅၀၀ ဆန့် ငါး၊ ပုစွန် အအေးခန်းစက်ရုံ BOT စနစ်ဖြင့် မြေ ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

က်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ငါး လုပ်ငန်း ဦးစီးဌာနက တန် ၅၀၀ ဆန့် အအေးခန်းစက်ရုံတည်ဆောက်ပြီး ငါး၊ ပုစွန် ထုတ်လုပ်ရန် ကျယ်ဝန်းသည့် မြေနေရာကို တည်ဆောက်၊စီမံ၊လွှဲ ပြောင်းစနစ်(Build, Operate and Transfer BOT) နှင့် အငှားချမည် ဖြစ်ပါသည်။

တည်နေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက် မြေတိုင်း အမှတ် ၂ တွင် ဖြစ်ပါသည်။ မြေအကျယ်အဝန်းမှာ  ၂ ဒသမ ၇၅ဧက (၁၁၉,၇၉၀စတုရန်းပေ) ဖြစ်ပါသည်။
မြေပေါ်ရှိ ဆက်စပ်ပစ္စည်းတို့ကို BOT စနစ် ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ် ၍ လုပ်ငန်းရှင်၊ ကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

BOT လုပ်ငန်းလုပ်ခွင့်ရသည့် လုပ်ငန်းရှင်ကငှားရမ်းထားသည့်နေရာတွင် မိမိငွေဖြင့် အရင်းအနှီး စိုက်ထုတ်၍ ဆောက်လုပ်ရမည်ဖြစ်ပါသည်။

ရင်းနှီးငွေနှင့် အမြတ်အစွန်းများကို ရရှိစေရန် မိမိတည်ဆောက်ထားသည့် အဆောက်အအုံ ငှားရမ်းခအတွက် သင့်လျော်သည့် နှုန်းထားတစ်ခုကို ဥပဒေနှင့်အညီ အစိုးရ၏ကြပ်မတ်မှုဖြင့် သတ်မှတ်သက်တမ်းအတွင်း ပြန်လည် ကောက်ခံရယူခွင့်ရှိမည်ဖြစ်ပါသည်။ 
Source MTN
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Agriculture & Livestock Read 625 times