မလေးရှား Bland က ဒေါ်လာ ၇၈၂ သန်းတန် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် BDS Smart City စီမံကိန်းမှ ထွက်ခွာ


06 March, 2022

မလေးရှား Bland က ဒေါ်လာ ၇၈၂ သန်းတန် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် BDS Smart City စီမံကိန်းမှ ထွက်ခွာ


Berjaya Land Bhd (BLand) ရန်ကုန်မြိုမှာ တာဝန်ယူ ဆောက်လုပ်ပေးရမယ့် မြို့သစ်စီမံကိန်းအတွက် သဘောတူစာချုပ်ကို အဆုံးသတ်လိုက်ပါတယ်။
Berjaya Land Bhd (BLand) မှ ၈၀% ပိုင်ဆိုင်တဲ့ လက်အောက်ခံလုပ်ငန်း BDS Smart City Co Ltd က ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ၂၀၂၀ ဖေဖော်ဝါရီလ ၇ ရက်၌ ချုပ်ဆိုထားသော ကန်ထရိုက်သဘောတူညီချက် အဆုံးသတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ မတ်လ ၁ ရက်က အသိပေးအကြောင်းကြားခဲ့ပါတယ်။
ထုတ်ရောင်းထားသောရှယ်ယာများ အရင်းအနှီးနှင့် ရှယ်ယာပိုင်ရှင်အများအပြားတို့ရဲ့ BLand ရှယ်ယာပိုင်ဆိုင်မှုများ အပေါ် သက်ရောက်မှုမရှိကြောင်းလည်း developer က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

BDS Smart City စီမံကိန်း
BDS Smart City စီမံကိန်းက ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရွှေလီလမ်းနှင့် မြနန္ဒာ လမ်းထောင့်မှာရှိတဲ့ မြေဧရိယာ ၁၈၃ ဧကခန့် ပေါ်မှာ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ စီမံကိန်းကြီး ဖြစ်ပါတယ်။
၎င်းစီမံကိန်းကုိ အကောင်အထည်ဖော်ဖို့ ၂၀၁၉ ခုနှစ် ဧပြီလမှာ တင်ဒါခေါ်ယူခဲ့ပြီး နောက်ဆုံး ဆန်ခါတင် ကုမ္ပဏီသုံးခုထဲမှ BLand ရဲ့ လက်အောက်ခံ BDS Smart City Co Ltd ရွေးချယ်ခံရပါတယ်။
စီမံကိန်း သဘောတူစာချုပ်ပါအချက်များအရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအတွက် မြေအကျယ်အဝန်း စတုရန်းမီတာ ၂၄၂,၈၀၀ ခန့်ပေါ်မှာ အိမ်ခန်း ယူနစ်ပေါင်း ၃,၈၀၀ ခန့်ကို အမေရိကန်ဒေါ်လာ ၁၈၂ သန်းခန့် အကုန်အကျခံပြီး တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။
BDS Smart City စီမံကိန်းမှာ လူနေတိုက်ခန်းများအပြင် ကွန်ဒိုများ၊ လူနေဆိုင်ခန်းများ၊ ရှော့ပင်းမောများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ကွန်မြူနတီစင်တာနှင့် ဟိုတယ်များ ပါဝင်ဖွဲ့စည်းထားပါတယ်။
စီမံကိန်းကို ၆နှစ်မှ ၁၀ နှစ်အထိ ကာလအတွင်း ပြီးစီးရမှာ ဖြစ်ပါတယ်။
စီမံကိန်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၇၂ သန်း ခန့် ဖြစ်ပါတယ်။
BDS က နှစ်ပေါင်း ၅၀ လုပ်ကိုင်ခွင့် ရရှိမှာ ဖြစ်ပြီး သက်တမ်းကို တစ်ကြိမ်လျှင် ၁၀ နှစ်ဖြင့် ၂ ကြိမ်အထိ တိုးခွင့် ရှိပါတယ်။

Investment/Divestment Read 17131 times