ပြည်ပရှိ ကျောက်မီးသွေးလုပ်ငန်းများတွင် ငွေကြေးထောက်ပံ့မှု Bank of China ရပ်ဆိုင်းမည်


28 September, 2021

ယခုနှစ် စတုတ္ထသုံးလပတ်မှစ၍ ဘဏ်နှင့် သဘောတူစာချုပ်ချုပ်ဆိုထားသော စီမံကိန်းများမှအပ ပြည်ပတွင် ကျောက်မီးသွေးတူးဖော်ခြင်းနှင့် ကျောက်မီးသွေးလောင်စာသုံး စွမ်းအင်စီမံကိန်းများအတွက် Bank of China (BOC) က ငွေကြေးထောက်ပံ့ခြင်းပြုလုပ်တော့မည်မဟုတ်ကြောင်း သိရသည်။ 
တရုတ်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ကာဗွန်ထုတ်လွှတ်မှုလျှော့ချမှု အမြင့်ဆုံးဖြစ်နိုင်ရေးနှင့် ၂၀၆၀ ပြည့်နှစ်မတိုင်မီ ကာဗွန်အလယ်အလတ်အဆင့်ရောက်ရှိနိုင်ရေး ရည်မှန်းချက်အရ လုပ်ငန်းအစီအစဉ်တစ်ရပ်ကို မကြာသေးမီက ရေးဆွဲခဲ့ကြောင်း ပေကျင်းမြို့အခြေစိုက် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဆိုင်ရောငွေထုတ်ချေးသူက စက်တင်ဘာ ၂၄ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ နည်းလမ်းအရ ဘဏ်အနေဖြင့် အဖွဲ့အစည်းဆိုင်ရာတည်ဆောက်ပုံ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများ၊ ထုတ်ကုန် တီထွင်ဆန်းသစ်မှု၊ စိတ်ဖိစီးမှု စစ်ဆေးမှုများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ကဏ္ဍ ၁၅ ခုဖြင့် ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၅ ခုနှစ်) အတွင်း အစိမ်းရောင်ငွေကြေးအစီအစဉ် အကောင်အထည်ဖော်ရေးအတွက် လမ်းပြမြေပုံတစ်ရပ်ကို ဖန်တီးရေးဆွဲခဲ့သည်။ 
Bank of China (BOC) က တရုတ်နိုင်ငံ၏ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းအတွင်း ယမန်နှစ်ကထက် အစိမ်းရောင်စက်မှုလုပ်ငန်းအား ပံ့ပိုးနိုင်ရေးအတွက် ယွမ် ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅၄.၆၄ ဘီလီယံ) အောက်မလျော့နည်းစေဘဲ ပေးအပ်ရန်နှင့်  အစိမ်းရောင်ချေးငွေ (green credit) အချိုးကို စုစုပေါင်းချေးငွေများ တိုးမြှင့်ပေးရန် စီစဉ်ထားကြောင်း BOC က ဆိုသည်။ 
၁၃ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၁၆-၂၀ ခုနှစ်) ကုန်ဆုံးချိန်မှ ၅ ရာခိုင်နှုန်းမှတ်အောက် မလျော့နည်းစေဘဲ ပြည်တွင်း ကော်ပိုရိတ်ချေးငွေများမျှခြေ၌ ပြည်တွင်း အစိမ်းရောင်ကော်ပိုရိတ်ချေးငွေများ၏ မျှခြေအချိုးကို တိုးမြှင့်ပေးသွားမည်ဖြစ်သလို ၁၀ ရာခိုင်နှုန်းမှတ်အထိ တိုးမြှင့်ပေးနိုင်ရန်လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။ 

Bank of China (BOC) အနေဖြင့် စက်မှုလုပ်ငန်းမှ ချေးငွေအာမခံခြင်း အရှိန်မြှင့်တင်ခြင်း၊ စီမံခန့်ခွဲမှု အားကောင်းခြင်းနှင့် စွမ်းအင်အမြောက်အများသုံးစွဲပြီး လေထုညစ်ညမ်းမှု အမြောက်အများဖြစ်စေသော စက်မှုလုပ်ငန်းများအား ချေးငွေမျှခြေထိန်းချုပ်ခြင်းနှင့် ကာဗွန်ထုတ်လုပ်မှုလျှော့ချခြင်းနည်းပညာများ အဆင့်မြှင့်တင်ခြင်း၊ ဇီဝရုပ်ကြွင်းလောင်စာများနှင့် အလွယ်တကူအသွင်ပြောင်းလဲနိုင်သော အပူစွမ်းအင်ကို သန့်သန့်ရှင်းရှင်း ထိထိရောက်ရောက် အကျိုးရှိရှိအသုံးချခြင်း အပါအဝင် အစိမ်းရောင်စီမံကိန်းများအတွက် ချေးငွေပံ့ပိုးမှု မြှင့်တင်ခြင်းများအား ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ 
Bank of China (BOC) သည် ကမ္ဘာ့စီးပွားရေး ရေရှည်တည်တံ့အောင် ဖွံ့ဖြိုးတိုးတက်မှု ပံ့ပိုးရာတွင် ကြီးမားသော ကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်လျက်ရှိသည်။ ဇွန်လကုန်အထိ ပြည်တွင်းအစိမ်းရောင်ချေးငွေ (green credit) မျှခြေမှာ ယွမ် ၁ ထရီလီယံကျော်ရှိပြီဖြစ်ကာ ယခုနှစ် နှစ်ဆန်းပိုင်းမှ ၁၅ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။  
(Xinhua) 

Banking & Loan Read 1130 times