နိုင်ငံ့ဝန်ထမ်း လစာငွေ ATM စက်မှ ထုတ်ယူနိုင်ရေး ဆောင်ရွက်မည်


08 April, 2023

နိုင်ငံ့ဝန်ထမ်း လစာငွေ ATM စက်မှ ထုတ်ယူနိုင်ရေး ဆောင်ရွက်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

နိုင်ငံ့ဝန်ထမ်း (အရာထမ်း)များ၏ လစာငွေများကို ATM စက်များမှ ထုတ်ယူနိုင်ရေး ဆောင်ရွက်မည်။

မြန်မာနိုင်ငံ၏ လက်လီငွေပေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငွေသားကိုင်ဆောင်အသုံးပြုမှုနည်းသည့် ငွေရေးကြေးရေးစနစ် ဖော်ဆောင်နိုင်စေရန်နှင့် ATM ကိုင်ဆောင်သူများအနေဖြင့် ATM ငွေထုတ်ကတ်များဖြင့် ငွေပေးချေမှုဆောင်ရွက်ခြင်းကို အကျွမ်းတဝင် ဖြစ်လာစေရန် ရည်ရွယ်၍ ATM စက်များမှ ငွေထုတ်ယူမှုများကို အစိုးရဌာနများ၌ တိုးချဲ့ဆောင်ရွက်မည်။

နေပြည်တော်ရှိ ဝန်ကြီးဌာန၊ အစိုးရဌာနအဖွဲ့အစည်းများ၌ နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကပိုင် ဘဏ်များ၏ ATM စက်များ တပ်ဆင်ထားခြင်းမရှိသေးသည့် ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ATM စက်များကို တပ်ဆင်ဆောင်ရွက်ပေးမည်။ 

သတင်းစဉ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 370 times