အိန္ဒိယက မြန်မာအပါအဝင် Asian Clearing Union  အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုတွင် ရူပီးဖြင့် ပေး


06 July, 2023

အိန္ဒိယက မြန်မာအပါအဝင် Asian Clearing Union  အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုတွင် ရူပီးဖြင့် ပေးချေရန် ကြိုးပမ်းလျက်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အိန္ဒိယသည် အရှေ့အာရှနိုင်ငံများ၊ Asian Clearing Union  အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံသုံးငွေကြေးများဖြင့် ကုန်သွယ်မှု ပေးချေရေး လုပ်ထုံးလုပ်နည်းများ  ဖော်ဆောင်ရန်အတွက် ဆွေးနွေးနေပါသည်။

အရှေ့အာရှနိုင်ငံများမှာ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့ ဖြစ်ပါသည်။ 

Asian Clearing Union (ACU) ကို ၁၉၇၄ တွင် Economic and Social Commission for Asia and the Pacific (ESCAP) အစပျိုးပေးပြီး စတင်ထူထောင်ခဲ့ပါသည်။ 
ACU သည် အဖွဲ့ဝင်နိုင်ငံများ၏ ဗဟိုဘဏ်များအကြား ဒေသတွင်း ငွေပေးချေမှုများကို ဖြေရှင်းရန် ငွေပေးချေမှု အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။ ACU တွင် ပါဝင်သည့် နိုင်ငံများတွင် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ အီရန်၊ မော်လ်ဒိုက်၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်နှင့် သီရိလင်္ကာတို့ ပါဝင်ပါသည်။ 

အိန္ဒိယနိုင်ငံသည် အရှေ့အာရှနိုင်ငံများ၊ ACU အဖွဲ့ဝင်နိုင်ငံများနှင့်  ကုန်သွယ်မှု ငွေပေးချေရာတွင် နိုင်ငံသုံးငွေကြေးများ သုံးစွဲရန်အတွက် လုပ်ထုံးလုပ်နည်းများ ဖော်ဆောင်နိုင်ခြေကို စူးစမ်းရှာဖွေလျက်ရှိပါသည်။ အိန္ဒိယနိုင်ငံသည် အခြား ၁၈ နိုင်ငံတို့နှင့် အလားတူ အစီအစဉ်များကို ဆောင်ရွက်ထားပါသည်။ 

အိန္ဒိယ၏ ကြိုးပမ်းမှုသည် ကမ္ဘာ့ဘဏ္ဍာရေးစနစ်တွင် ပိုမိုတည်ငြိမ်မှုရှိစေရန် ရည်ရွယ်ပြီး၊ အိန္ဒိယရူပီးကို နိုင်ငံတကာသုံး ငွေကြေးဖြစ်လာစေခြင်းဖြင့် ကန်ဒေါ်လာနှင့် ယူရိုတို့အပေါ် မှီခိုနေရခြင်းကို လျှော့ချရန် ရည်ရွယ်သည်။

လက်ရှိ ACU ဥက္ကဋ္ဌ နှင့် ACU  ရုံးချုပ်တည်ရှိရာ အီရန်ကလည်း အဖွဲ့ဝင်နိုင်ငံများအကြား အရောင်းအဝယ် ငွေပေးချေရာတွင် ကန်ဒေါ်လာ မသုံးစွဲရေးကို တွန်းအားပေးလျက် ရှိပါသည်။ 

လက်ရှိသုံးစွဲနေသော ကန်ဒေါ်လာကဲ့သို့ ငွေလဲလှယ်ရန်  လွယ်ကူသည့် ငွေကြေးဖြင့် ပေးချေနေသည့် စနစ်အပြင် နောက်ထပ် ထပ်တိုးသည့်စနစ်တစ်ခုအဖြစ် နိုင်ငံသုံးငွေကြေးများ သုံးစွဲပြီး ပေးချေသည့်စနစ်ကို သုံးစွဲမည်ဖြစ်ပါသည်။ 

အိန္ဒိယနိုင်ငံ့စီးပွားရေးသည် ကြီးထွားနှုန်း အမြန်ဆုံး ဖြစ်နေပြီး ယခင်က ယူကေ ရပ်တည်နေသည့် ပဉ္စမအကြီးဆုံး နေရာကို ရယူထားပြီ ဖြစ်ပါသည်။  အိန္ဒိယနိုင်ငံသည် ကုန်သွယ်မှုတွင် ရူပီဖြင့် ပေးချေရန်အတွက် ၁၈ နိုင်ငံနှင့်  special rupee vostro account (SRVA) ၆၀ ခု ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။ 
ရူပီးကို သုံးစွဲသည့်အတွက်  အိန္ဒိယစီးပွားရေးလုပ်ငန်းများ အသာစီး ရရှိနိုင်မည်ဖြစ်ပြီး အိန္ဒိယစီးပွားရေးကိုပါ  တောင့်တင်းစေမည် ဖြစ်ပါသည်။ 

Reserve Bank of India (RBI) သည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယငွေကြေးဖြင့် နိုင်ငံတကာကုန်သွယ်မှုအတွက် ငွေတောင်းခံလွှာနှင့် ငွေပေးချေမှုများကို ခွင့်ပြုခဲ့သည်။

"ဂျာမနီနဲ့ ယူကေတို့လို ဖွံ့ဖြိုးပြီးနိုင်ငံအချို့တောင်မှ အမေရိကန် ဒေါ်လာအစား ကုန်သွယ်မှုအတွက် နိုင်ငံသုံးငွေကို အသုံးပြုဖို့ သဘောတူညီခဲ့ကြပါတယ်” ဟုသတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။ 

ဖွင့်လှစ်ထားပြီး ဖြစ်သော special rupee vostro account (SRVA)  ၆၀ ခုသည် ကမ္ဘာ့ကုန်သွယ်ရေးတွင် ရူပီးကို အားတောင့်တင်းစေမည် ဖြစ်ပြီး ကုန်သွယ်မှု လိုငွေပြခြင်းကိုလည်း လျော့နည်းစေမည် ဖြစ်ပါသည်။ 

vostro account သည် အခြားနိုင်ငံရှိ ဘဏ်တစ်ခုကိုယ်စား ပြည်တွင်းရှိ ဘဏ်တစ်ခုမှ ကိုင်တွယ်ပေးထားခြင်း ဖြစ်ပါသည်။ 

အိန္ဒိယတွင် vostro account  ဖွင့်လှစ်ထားပြီးဖြစ်သည့် ၁၈ နိုင်ငံမှာ  မြန်မာ၊ ဘော့ဆွာနာ၊ ဖီဂျီ၊ ဂျာမနီ၊ ဂိုင်ယာနာ၊ အစ္စရေး၊ ကင်ညာ၊ မလေးရှား၊ မောရစ်ရှပ်၊ နယူးဇီလန်၊ အိုမန်၊ ရုရှား၊ ဆေးရှဲ ၊ စင်ကာပူ၊ သီရိလင်္ကာ၊ တန်ဇန်းနီးယား၊ ယူဂန်ဒါနှင့် ယူကေ တို့ ဖြစ်ပါသည်။ 


အီရန်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Mohammad Reza Farzin သည် ရုရှား၊ ပါကစ္စတန်နှင့် ဘီလာရုစ် အပါအဝင် နိုင်ငံများ၏ ဗဟိုဘဏ် အကြီးအကဲများနှင့်  ကုန်သွယ်မှုတွင် ကန်ဒေါ်လာ အသုံးမပြုရေးကို တွေ့ဆုံ ဆွေးနွေးခဲ့သည်။

နယ်ခြားဖြတ်ကျော် ငွေပေးချေမှုများတွင် ဗဟိုဘဏ်၏ ဒစ်ဂျစ်တယ်ငွေကြေး Central Bank Digital Currency (CBDC) များဖြင့် လုပ်ကိုင်ကြရန်အတွက်လည်း ACU  အဖွဲ့ဝင်တို့ ဆွေးနွေးခဲ့ကြပါသည်။ 

ACU  ၏ အစီအစဉ်ကို လာမည့် လအနည်းငယ်အတွင်း တရားဝင် ကြေညာနိုင်ဖွယ် ရှိပါသည်။ 

Source news yahoo
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Banking & Loan Export, Import Read 330 times