အာဆီယံထဲ ချဲ့ထွင်နေတဲ့ Ascend Money


09 December, 2021

ထိုင်းနိုင်ငံ အ‌ေြခစိုက် ဒစ်ဂျစ်တယ် ငွေပေးချေခြင်းနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း  Ascend Money သည် Charoen Pokphand Group (CP Group)၏ အွန်လိုင်းစီးပွားလက်တံ Ascend Group လက်အောက်မှ လုပ်ငန်းတစ်ခု ဖြစ်သည်။
Ascend Money က အရှေ့တောင်အာရှတွင် ထိပ်တန်း ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများ ပေးအပ်သည့် လုပ်ငန်း ၃ ခုတွင် ပါဝင်ဖို့ ရည်မှန်းချက် ထားရှိသည်။
Ascend Money  ၏ လူသိအများဆုံး ဝန်ဆောင်မှုမှာ TrueMoney Wallet ဖြစ်ပြီး ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားတို့တွင် လုပ်ကိုင်လျက်ရှိသည်။
"ဒစ်ဂျစ်နည်းပညာက စီးပွားရေးစနစ်ထဲမှာ အခြေခံအဆောက်အအုံ အသစ်ကို တွန်းပေးနေတယ်။ အရောင်းအဝယ် ငွေပေးငွေယူတာတွေ  အကုန်လုံး အွန်လိုင်းမှာ လုပ်လို့ရနေစေပါတယ်။ အဲဒီ အလားအလာစီးကြောင်းကို ကျွန်တော်တို့ မြင်ခဲ့ကြတယ်။ ငွေကြေးဝန်ဆောင်မှုများကို မိုဘိုင်းနဲ့ ဘရော့ဒ်ဘင် အက်တာနက်မှာ လုပ်လို့ရတယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်" လို့ Ascend Money ထူထောင်သူနဲ့ ဥက္ကဋ္ဌ Suphachai Chearavanont က ၂၀၁၃ ခုနှစ်တွင် Ascend Money ထူထောင်လုပ်ကိုင်ဖို့ စိတ်ကူးခဲ့ကြပုံအကြောင်းကို ပြောပြသည်။

Ascend Money ကို ဖန်တီးသည့် အချိန်အခါတွင် ထိုင်းလူဦးရေ၏ ထက်ဝက်မှာ ဘဏ်နှင့် မပတ်သက်ကြချေ။ ငွေကြေးဝန်ဆောင်မှုမျာနှင့် အလှမ်းဝေးကြသည်ဟု သူက ပြောပြသည်။

ယခုအခါ အရှေ့တောင်အာရှတွင် Ascend Money ဖြန့်ကျက်ထားပြီ ဖြစ်သည်။

ကမ္ဘောဒီးယားတွင် Ascend Money အသုံးပြုပြီး ငွေပေးငွေယူ လုပ်သည့်ပမာဏသည် တိုင်းပြည် ဂျီဒီပီ၏ ၁၀% နှင့် ညီမျှသည်။

"ကျွန်တော်တို့ ဝင်ရောက်လုပ်ကိုင်တဲ့ ဈေးကွက်တိုင်းမှာ စိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း ကျွန်တော်တို့က ထိပ်ဆုံးလုပ်ငန်း ၃ ခုထဲမှာ ပါဝင်ရမယ်"  ဟု Suphachai Chearavanont က ပြောကြားသည်။

Ascend Money က လူဦးရေ သန်း ၇၀၀ ရှိသော အာဆီယံထဲတွင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ရန် စူးစိုက်လုပ်ကိုင်သည်။

တောင်အာရှမှ အိန္ဒိယနှင့် ပါကစ္စတန် တို့ကိုလည်း Ascend Money က စိတ်ဝင်စားသည်။ အခြေပြုရန် စုစုပေါင်း သုံးစွဲသူ လူဦးရေ ၁~၁.၅ ဘီလျံ ရှိမည်ဟု ကုမ္ပဏီက ခန့်မှန်းထားသည်။
ကုမ္ပဏီ၏ မြော်မြင်ပုံမှာ စီးပွားရေးစနစ်ထဲမှ အကြားအလပ်ကို ဘဏ်နှင့် အလှမ်းမမီသောလူဦးရေကို ပစ်မှတ်ထားပြီး စီးပွားရေးတစ်ရပ်အတွက် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ အသစ်တစ်ခု တည်ဆောက်ရန် ဖြစ်သည်။ လူတိုင်းသည် အရင်းအနှီးကို ရယူဖို့ လက်လှမ်းမီရမည် ဖြစ်သည်။ 

ထိုင်းတွင် အီး-ခေါက်ပိုက်ဆံအိတ်  e-wallet နှင့် ချေးငွေ တို့ကို Ascend Money က ပေးအပ်သည်။
ဒေသတွင်းတွင်  စစချင်းမှာ ငွေလွှဲဝန်ဆောင်မှုများကို  ကိုယ်စားလှယ် ၈၈,၀၀၀ ထားရှိပြီး စူးစိုက်လုပ်ကိုင်သည်။
"နိုင်ငံတိုင်းမှာ e-wallet ပေးအပ်သူတွေ ရှိတယ်။ သူတိုနဲ့ ကျွန်တော်တို့ ယှဉ်ပြိုင်ရတယ်။ အဲဒါက မလွယ်ဘူး" ဟု သူက ပြောသည်။
e-wallet သည် ငွေကြေး အပေးအယူ လုပ်ကိုင်ရန် အဆင်ပြေ ဖို့အတွက်သာမက လုံခြုံစိတ်ချရဖို့လည်း လိုအပ်သည်ဟု သူက ပြောသည်။

Ascend Money သည် ချေးငွေ ပေးခြင်းအပြင် ကုမ္ပဏီများတွင် အစုရှယ်ယာများ ဝယ်ယူခြင်း၊ ဒီဘင်ချာငွေချေးလက်မှတ်များ ဝယ်ယူခြင်းတို့ လုပ်တတ်ကိုင်တတ်အောင်လည်း အကူအညီ ပေးမည် ဖြစ်သည်။
Ascend Money သည် ယခုအခါ ထိုင်းတွင် သုံးစွဲသူဦးရေ သန်း ၂၀ ရှိပြီး ၂၀၂၃ တွင် ၃၅ သန်း ရှိဖို့ ရည်မှန်းချက် ထားရှိသည်။
အာဆီယံတွင် ၂၀၂၀ ခုနှစ်က ငွေပေးငွေယူ ကြိမ်ရေ ၂.၂ ဘီလျံ ရှိသည်။ ငွေပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၄ ဘီလျံ ရှိသည်။ ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၉.၈ ဘီလျံ ရှိသည်။

khmertimeskh.com


 


 

Banking & Loan Read 498 times