တရုတ်အစိုးရက Ant Group ကို ယွမ် ၇.၁ ဘီလီယံ ဒဏ်ရိုက်


09 July, 2023

တရုတ်အစိုးရက Ant Group ကို ယွမ် ၇.၁ ဘီလီယံ ဒဏ်ရိုက်
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်ဗဟိုဘဏ် People's Bank of China (PBOC)သည် Ant Group နှင့် Tencent တိူ့အတွက် ဒဏ်ကြေးများကို သောကြာနေ့(ဇူလိုင် ၇) က ကြေညာခဲ့သည်။
.
Ant Group သည်  ယွမ် ၇.၁၂ ဘီလီယံ (ဒေါ်လာ ၉၈၄ သန်း) ဒဏ်ရိုက်ခံရသည်။
.
Tencent သည် ယွမ် ၂.၉၉ ဘီလီယံ ဒဏ်ရိုက်ခံရသည်။
.
ဘီလီယံနာ Jack Ma တည်ထောင်ခဲ့သော ဘဏ္ဍာရေးနည်းပညာကုမ္ပဏီ Ant Group ကိုနှစ်နှစ်ကျော်ကြာ စုံစမ်းစစ်ဆေးမှုများ  အပြီးသတ်သွားသည်။
.
သုံးလပတ်တွင် Ant မှ ရရှိသော အမြတ်ငွေသည် ယွမ် ၉.၆ ဘီလီယံ ရှိသည်။ သို့ဖြစ်ရာ ဒဏ်ကြေးပမာဏ ကြီးမားသော်လည်း Ant Group အနေဖြင့် ဒဏ်ငွေဆောင်ဖို့ မခဲယဉ်းသည့် ပမာဏ ဖြစ်ပါသည်။
.
ငွေရေးကြေးရေးဆိုင်ရာ စားသုံးသူ ကာကွယ်ရေး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး တာဝန်များ၊  ငွေပေးချေမှု အစရှိသည့် ကိစ္စရပ်များတွင် စည်းကမ်းဉပဒေများကို  ချိုးဖောက်မှုများကြောင့် Ant Group နှင့် ၎င်း၏ လုပ်ငန်းခွဲများအပေါ် ဒဏ်ငွေချမှတ်ခဲ့ကြောင်း တရုတ်ဗဟိုဘဏ် People’s Bank of China (PBOC) က  ကြေညာချက်တွင် ဖော်ပြထားသည်။
.
 Ant က တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ထိန်းကျောင်းမှုများနှင့်အညီ လိုအပ်သည့် ပြုပြင်မှုများကို ဆောင်ရွက်ပြီးစီးကြောင်း ထုတ်ပြန်ခဲ့သည်။
  Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Laws and Regulations Read 312 times