အာဆီယံ တိုးတက်နှုန်း ADB ခန့်မှန်းချက် ၂၀၂၂  ကို မြှင့်တင်  ၂၀၂၃ ကို လျှော့ချ


21 September, 2022

အာဆီယံ တိုးတက်နှုန်း ADB ခန့်မှန်းချက် ၂၀၂၂  ကို မြှင့်တင်  ၂၀၂၃ ကို လျှော့ချ


အာရှဖွံ့ဖြိုးရေးဘဏ် ADB  က ၂၀၂၂ ခုနှစ် အာဆီယံ တိုးတက်မှု ခန့်မှန်းချက်ကို မြှင့်တင်ခဲ့သော်လည်း ပိုမိုဆိုးရွားလာသော အလားအလာအရ ၂၀၂၃ မျှော်မှန်းချက်ကို လျှော့ချကာ ပြင်ဆင်ခန့်မှန်းပါသည်။  အာရှဖွံ့ဖြိုးရေးဘဏ် Asian Development Bank  (ADB) သည် အရှေ့တောင်အာရှနိုင်ငံများအတွက် ၎င်း၏ ၂၀၂၂ တိုးတက်မှုခန့်မှန်းချက်ကို ၄.၉ ရာခိုင်နှုန်းအစား  ၅.၁ ရာခိုင်နှုန်းဟု ပြန်လည်ပြင်ဆင်ခဲ့ပြီး အင်ဒိုနီးရှား၊ မြန်မာနှင့် ဖိလစ်ပိုင်တို့အတွက် ပိုမိုအားကောင်းမည်ဟု ခန့်မှန်းချက်များ ပေးထားသည်။

 

စင်ကာပူနှင့် ထိုင်းတို့အတွက် ကျဆင်းမည်ဟု ပြန်လည်ပြင်ဆင်ခန့်မှန်းပါသည်။ အာရှဖွံ့ဖြိုးရေးဘဏ်သည် ၂၀၂၂ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ တိုးတက်မှုခန့်မှန်းချက်ကို ၅.၀ ရာခိုင်နှုန်းမှ ၃.၃ ရာခိုင်နှုန်းသို့ လျှော့ချသည်။   ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်နိုင်ငံ စီးပွားရေးကို ကိုဗစ်-သုည မူဝါဒက ပျက်စီးရာ ပျက်စီးကြောင်း ပြုနေသည်ဟု သုံးသပ်သည်။



ဗုဒ္ဓဟူးနေ့နံနက် (စက်တင်ဘာ ၂၁ ရက်) တွင် ထုတ်ပြန်ခဲ့သော အာရှဖွံ့ဖြိုးတိုးတက်မှုအလားအလာ ၂၀၂၂  Asian Development Outlook 2022 ၏ နောက်ဆုံးအခြေအနေတွင် ADB က အင်ဒိုနီးရှား၊ မြန်မာနှင့် ဖိလစ်ပိုင်တို့တွင်  နယ်စပ်များ ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရာမှ ယခုအခါ ပြန်လည်ဖွင့်လှစ်ပြီးနောက် စားသုံးသူအသုံးစရိတ် အရှိန်မြှင့်တက်လာသည်ဟု ဆိုသည်။

ပြည်တွင်းဝယ်လိုအား အားကောင်းခြင်းသည် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ကို အကျိုးဖြစ်ထွန်းစေသည်။ ကမ္ဘာ့ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ကမ္ဘာ့စီးပွားရေး အလားအလာများ မှုန်ဝါးလာခြင်းသည် စင်ကာပူနှင့် ထိုင်းနိုင်ငံရှိ စားသုံးသူများနှင့် စီးပွားရေးဆိုင်ရာ စိတ်သဘောထားအမြင်များကို အကျဘက် ရောက်စေပါသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။


လာအို၊ စင်ကာပူ၊ ထိုင်းနှင့် တီမောလက်စ်တီတို့အတွက် ယခုနှစ်အတွက် တိုးတက်မှု ခန့်မှန်းချက်အား လျှောချကာ ပြန်လည်ပြင်ဆင် ခန့်မှန်းသည်။ အဓိကနိုင်ငံကြီးများထံမှ ဝယ်လိုအား အားနည်းနေသောကြောင့် ယင်းနိုင်ငံ့စီးပွား ၄ ရပ်၏ တိုးတက်မှုကို နှောင့်နှေးစေမည် ဖြစ်သည်။
ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် ဗီယက်နမ်တို့အတွက် ခန့်မှန်းချက်မှာ မပြောင်းလဲပါ။

 

 

အရှေ့တောင်အာရှ၏ ငွေကြေးဖောင်းပွမှုခန့်မှန်းချက်ကို ၂၀၂၂ ခုနှစ်အတွက် ၅.၂% နှင့် ၂၀၂၃ ခုနှစ်အတွက် ၄.၁% သို့ တိုးမြှင့်ပြင်ဆင်ထားပါသည်။ အထူးသဖြင့် အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့အပြင် ဒေသတွင်း၏ အခြား ပိုကြီးမားသောနိုင်ငံ့စီးပွားရေး များတွင်လည်း မြင့်မားသော အစားအစာနှင့် စွမ်းအင်စျေးနှုန်းများကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်အောင် တွန်းတင်ပေးပါသည်။


.
အမေရိကန် ဒေါ်လာနှင့် ယှဉ်လျှင် ငွေကြေးတန်ဖိုး ကျဆင်းမှုကြောင့် သွင်းကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည် အရှေ့တောင်အာရှ၏  အထူးသဖြင့် လာအို၊ မြန်မာနှင့် အခြားနိုင်ငံငယ်များတွင် ငွေကြေးဖောင်းပွမှု အလားအလာ မြင့်မားနေစေပါသည်။ ဆီနှင့် အခြေခံစားနပ်ရိက္ခာ ထုတ်ကုန်များအပေါ် အစိုးရထောက်ပံ့မှုများနှင့် ဈေးနှုန်းထိန်းချုပ်မှုများကြောင့် မလေးရှားသည် ခြွင်းချက်အနေဖြင့် ၂၀၂၂ ခုနှစ်အတွက် မလေးရှားနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်အား လျှော့ချပြီး ပြန်လည်ပြင်ဆင်ခန့်မှန်းပါသည်။


တရုတ်နိုင်ငံမှတစ်ပါး ကျန်ဖွံ့ဖြိုးဆဲအာရှသည် ယခုနှစ်နှင့် လာမည့်နှစ်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားသည်။ ဖွံ့ ဖြိုးဆဲ အာရှဒေသသည် တရုတ်ပြည်မကြီးထက် ပိုမိုလျင်မြန်စွာ ကြီးထွားသည်မှာ  ဆယ်စုနှစ် ၃ ခုကျော်အတွင်း ယခုအကြိမ်သည် ပထမဆုံး အကြိမ်ဖြစ်သည်။ ငွေကြေးဖောင်းပွမှုခန့်မှန်းချက်ကို ၂၀၂၂ ခုနှစ်အတွက်  ယခင် ၃.၇ ရာခိုင်နှုန်းအစား ယခု ၄.၅ ရာခိုင်နှုန်းဟု ပြင်ဆင်ခန့်မှန်းပါသည်။ ၂၀၂၃  ခုနှစ်အတွက် ၄ရာခိုင်နှုန်းဟု ခန့်မှန်းပါသည်။

 

Source ADB

#MyanmarIndustriesGuide

To join Telegram Channel  https://t.me/Guid4U

Industry Reviews Read 579 times