ကိုဗစ်က အရှေ့တောင်အာရှမှာ အလုပ်အကိုင် ၉ သန်း ပျက်သုန်းလျော့ကျစေခဲ့ဟု ADB ထုတ်ပြန်


17 March, 2022

ကိုဗစ်က အရှေ့တောင်အာရှမှာ အလုပ်အကိုင် ၉ သန်း ပျက်သုန်းလျော့ကျဟု ADB ထုတ်ပြန်

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကပ်ရောဂါသည် အရှေ့တောင်အာရှ ဒေသတွင်း၏ ကျွေးမွေးဧည့်ခံခြင်းလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း အပါအဝင်အစဉ်အလာ လုပ်ငန်းများကို ထိခိုက်စေသောကြောင့် အလုပ်အကိုင် ၉ ဒသမ ၃ သန်းကို ပျက်သုန်းစေခဲ့ကြောင်း သိရသည်။

ထိုအဖြစ်က လူဦးရေ ၄.၇ သန်းကို အလွန်အမင်း ဆင်းရဲမွဲတေသည့်အဖြစ်သို့ ရောက်ရောက်အောင်တွန်းပို့လိုက်သည်။ တစ်နေ့ အမေရိကန်ဒေါ်လာ ၁.၉၀ ထက်နည်းပါးသောပမာဏဖြင့် နေထိုင်ကြရသည်ဟု မတ်လ ၁၆ ရက်တွင် ထုတ်ပြန်သော ADB ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သွားလာမှုများ ကန့်သတ်တားမြစ်မှုများသည် အမျိုးသမီးများ၊ အသက်ငယ်ရွယ်သူများ၊ တတ်ကျွမ်းမှု မရှိခဲ့သော လုပ်သားများကို ပုံမှန်အားဖြင့် အလုပ်ခန်‌့လေ့ခန့်ထရှိသော လက်လီအရောင်းနှင့့် ယာယီလုပ်သားကဏ္ဍတို့အပေါ် ထိခိုက်မှု အပြင်းထန်ဆုံး ဖြစ်ခဲ့ရာ ဆင်းရဲချမ်းသာ ကွာဟမှု ပိုကျယ်သွားစေခဲ့သည်။

ကပ်ရောဂါ၏ သက်ရောက်မှုသည် ဆင်းရဲနွမ်းပါးမှုနှင့် အလုပ်လက်မဲ့ဖြစ်ရာမှ တတ်ကျွမ်းမှု မရှိတော့သည့်သူများအပေါ် ဆက်ရှိနေဦးမည်။ ဆင်းရဲနွမ်းပါးသူများ အခွင့်အလမ်းများ လကမလှမ်းမမီတော့ခြင်း ပိုဆိုးဝါးလာမည်။

ထိုအခါ တရားမျှတမှုမရှိခြင်း ပိုမိုဆိုးဝါးလာပြီး မျိုးဆက်များအကြား အမွေဆိုး လက်ဆင့်ကမ်းသည်အထိ ဖြစ်လာနိုင်သည်။

သို့တိုင်အောင် ရွက်နုများလည်း ထွက်ပေါ်လာလျက်ရှိသည်။ အရှေ့တောင်အာရှလူဦးရေ၏ ၆၀% နီးပါးသည် ကာကွယ်ဆေးထိုးနှံပြီးပြီ ဖြစ်သည်။ အများသူငှာ သွားလာလှုပ်ရှားမှု ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။

ဂျီဒီပီ ယခုနှစ်တွင် ၅.၁% ကြီးထွားမည်ဟု မျှော်လင့်ရသည်။ omicron လှိုင်းကြောင့် ၀.၈ ရာခိုင်နှုန်းအထိ လျော့ကျနိုင်သည်။

သေးငယ်သော လုပ်ငန်းများကို ဒစ်ဂျစ်တယ် ကိရိယာများ တပ်ဆင်ခြင်း၊ တတ်ကျွမ်းမှုများ သင်တန်းပေးခြင်းဖြင့် အလုပ်အကိုင် လက်လွှတ်ဆုံးရှုံးထားသူများ "ပုံမှန်ပုံစံအသစ်" အလုပ်တွင် နောက်ကျမကျန်ရစ်အောင် လုပ်ဆောင်ပေးရမည် ဖြစ်သည်ဟု ADB ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကျန်းမာရေးကဏ္ဍအတွက် သုံးစွဲခြင်းသည် ၂၀၂၁ တွင် ဂျီဒီပီ၏ ၃% သုံးစွဲခြင်းမှ ၅% သို့ တိုးမြှင့်သုံးစွဲသဖြင့် ရောဂါကို မျက်ခြည်မပြတ်စောင့်ကြည့်ခြင်း ပိုကောင်းသွားစေသည်။ ထိုအချက်က ဂျီဒီပီ ကြီးထွားနှုန်း၁.၅% ဖြစ်ပေါ်စေမည် ဖြစ်သည်ဟု ADB ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

Industry Reviews Read 254 times